အရေးပေါ်
မှုခင်းသတင်း

Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး

၂၀၂၆ သြဂုတ် ၂၈ Myo Taw
Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာ ညနေကျောင်းဆင်းချိန် Grade-3 ကျောင်းသား ကလေးငယ်ကိုကျောင်းကြိုကာ ဘတ္ထရီစက်ဘီးစီးလာတဲ့ သားအမိနှစ်ယောက် စက်ဘီးလဲရာက နောက်ကကားမှ ကြိတ်ခံလိုက်ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်မှာ ရွှေပေါက်ကံမြို့သစ်၊ အမှတ်(၁၂)ရပ်ကွက်၊ ပုဂံလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး Grade-3 ကျောင်းသားကလေးငယ်မှာ နေရာမှာပဲ သေဆုံးသွားခဲ့ပြီး မိခင်ဖြစ်သူမှာ ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ သားအမိနှစ်ယောက် စက်ဘီးစီးပြီးပြန်လာစဉ် လမ်းဘေးမှာရပ်ထားတဲ့ ကားတစီးက နောက်ကိုမကြည့်ဘဲ တံခါးဖွင့်လိုက်တာကြောင့် စက်ဘီးနဲ့ငြိကာ လဲသွားခဲ့ပြီး နောက်မှလာတဲ့ ဒိုင်နာကားက တက်ကြိတ်မိခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

"ဖြစ်စဉ်ဖြစ်တာ အမှန်ပါ၊ အလကခွဲ(၁၀)ကနေ ကျောင်းကြိုပြီးပြန်လာတာ၊ ကလေးက ၃ တန်း ကျောင်းသားလေးပါ၊ နေရာမှာပဲသေသွားတယ်၊ အမေဖြစ်သူကတော့ မြောက်ဥက္ကလာဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်၊ ကြားရတာစိတ်ထဲမကောင်းဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူကလေးငယ်မှာ Grade-3 ကျောင်းသား မောင်ပြည့်သုတ ဖြစ်တယ်လို့သိရပြီး လတ်တလောမှာတော့ ဒိုင်နာယာဉ်မောင်းဖြစ်သူ ဦးနန်းဦးမောင်ကို ရွှေပေါက်ကံနယ်မြေရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့်ကာ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

မိသားစု ၃ ဦး စီးနင်းလာတဲ့ဆိုင်ကယ်ကို Express ယာဉ်က အနောက်ကနေဝင်တိုက်လို့ အမျိုးသမီးဖြစ်သူ သေဆုံး ပြည်တွင်းသတင်း

မိသားစု ၃ ဦး စီးနင်းလာတဲ့ဆိုင်ကယ်ကို Express ယာဉ်က အနောက်ကနေဝင်တိုက်လို့ အမျိုးသမီးဖြစ်သူ သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့၊ မိုးကောင်းကျေးရွာ၊ ဖရဲသီးဆိုင်တန်းရှေ့က ရန်ကုန်-မော်လမြိုင်သွား ကားလမ်းမပေါ်မှာ ခရီးသည်တင် Express နဲ့ ဆိုင်ကယ်တို့တိုက်မိပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မန္တလေးက "ခန့်ကြီး" ဘီယာဆိုင်ပိုင်ရှင် ကားအတွင်း လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံး ပြည်တွင်းသတင်း

မန္တလေးက "ခန့်ကြီး" ဘီယာဆိုင်ပိုင်ရှင် ကားအတွင်း လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံး

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းပေါ်ရှိ က.ည.န ရုံးအနီးမှာ ကားအတွင်း လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတခုကို တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဖတ်ရန်
လှိုင်သာယာမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး အသတ်ခံထားရတဲ့ အနေအထားနဲ့ သေဆုံး ပြည်တွင်းသတင်း

လှိုင်သာယာမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး အသတ်ခံထားရတဲ့ အနေအထားနဲ့ သေဆုံး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မင်းရဲကျော်စွာ ၉ လမ်းမှာနေတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး နေအိမ်ထဲမှာတင် အသတ်ခံထားရတဲ့ အနေအထားနဲ့…

ဖတ်ရန်
သထုံနဲ့ ပဲခူးမှာ တရက်တည်း ဆိုင်ကယ်နဲ့ ကားတိုက်မိတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူ ၂ ဦးစလုံး သေဆုံး ပြည်တွင်းသတင်း

သထုံနဲ့ ပဲခူးမှာ တရက်တည်း ဆိုင်ကယ်နဲ့ ကားတိုက်မိတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူ ၂ ဦးစလုံး သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်သမား သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်