အရေးပေါ်
နိုင်ငံတကာသတင်း

တရုတ်နျူကလီးယားရေငုပ်သင်္ဘောကနေ ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့တာကြောင့် ပစိဖိတ်ဒေသအတွင်း စိုးရိမ်မှုမြင့်တက်

၂၀၂၆ ဇူလိုင် ၆ Myo Taw
တရုတ်နျူကလီးယားရေငုပ်သင်္ဘောကနေ ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့တာကြောင့် ပစိဖိတ်ဒေသအတွင်း စိုးရိမ်မှုမြင့်တက်

တရုတ်နျူကလီးယားရေငုပ်သင်္ဘောကနေ ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့တာကြောင့် ပစိဖိတ်ဒေသအတွင်း စိုးရိမ်မှုမြင့်တက်

ဇူလိုင် ၆

တရုတ်စစ်တပ်က ဒီကနေ့ ဇူလိုင်လ ၆ ရက်နေ့မှာ ပစိဖိတ်သမုဒ္ဒရာအတွင်းကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကနေ ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့တာကြောင့် ဂျပန်၊ ဩစတြေးလျနဲ့ နယူးဇီလန်တို့က ဒေသတွင်းလုံခြုံရေးအတွက် စိုးရိမ်မှုတွေ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဆင်ဟွာသတင်းဌာနရဲ့ ဖော်ပြချက်အရ အဆိုဒုံးကျည်ဟာ ထိပ်ဖူးအတု တပ်ဆင်ထားတဲ့ ဒုံးကျည်သာပြီး နိုင်ငံတကာရေပိုင်နက်ဘက်ကို ပစ်လွှတ်ခဲ့ကာ သတ်မှတ်ထားတဲ့ ရေပြင်ဧရိယာအတွင်း ကျရောက်ခဲ့တယ်လို့ ပြောဆိုထားသလို ဒါဟာ နှစ်စဉ်လုပ်ရိုးလုပ်စဉ် စစ်ရေးလေ့ကျင့်မှုသာဖြစ်ပြီး ဘယ်နိုင်ငံကိုမှ ရည်ရွယ်တာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်ကတော့ အခုလို စမ်းသပ်ပစ်လွှတ်တာဟာ ဒေသတည်ငြိမ်ရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ရပ်ဖြစ်ပြီး တရုတ်ရဲ့ စစ်ရေးအင်အား တိုးချဲ့နေမှုဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့လည်း ဝေဖန်ထားပါတယ်။

အခုပစ်ခတ်မှုဟာ သြစတြေးလျနဲ့ ဖီဂျီနိုင်ငံတို့ တိုက်ခိုက်ခံရရင် အပြန်အလှန်ကူညီဖို့ ကာကွယ်ရေးမဟာမိတ် သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး နာရီပိုင်းအကြာမှာပဲ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

နယူးဇီလန်အခြေစိုက် သင်္ဘောလှုပ်ရှားမှု စောင့်ကြည့်လေ့လာဆန်းစစ်သူ မာ့ခ် ဒေါက်ဂလပ်စ်ကတော့ အဆိုပါ ဒုံးကျည်စမ်းသပ်မှုကို အချိန်အတော်ကြာကတည်းက စီစဉ်ထားခဲ့တာဖြစ်နိုင်ပြီး ဩစတြေးလျနဲ့ ဖီဂျီတို့ ကာကွယ်ရေးမဟာမိတ် သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက်မှ တရုတ်က အချိန်ကိုက် အသိပေးလာတာက စိတ်ဝင်စားစရာကောင်းတယ်လို့ သုံးသပ်ထားတယ်။

အဆိုပါ ကာကွယ်ရေးသဘောတူညီချက်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်ကတော့ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ကျွန်းနိုင်ငံတွေရဲ့ လွတ်လပ်မှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လေးစားဖို့ မျှော်လင့်ကြောင်း၊ တတိယအဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားကို ပစ်မှတ်ထားတာ ဒါမှမဟုတ် ထိခိုက်အောင်လုပ်တာမျိုးကနေ ရှောင်ကြဉ်ကြဖို့ မျှော်လင့်ကြောင်း တုံ့ပြန်ပြောဆိုသွားပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပူးပေါင်းရင်ဆိုင်ဖို့ တရုတ်နဲ့ ရုရှား ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင် နိုင်ငံတကာသတင်း

လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပူးပေါင်းရင်ဆိုင်ဖို့ တရုတ်နဲ့ ရုရှား ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

လာမယ့်သီတင်းပတ်အတွင်း တရုတ်နိုင်ငံ ချင်းတောင်မြို့ ကမ်းလွန်ပင်လယ်ပြင်နဲ့ လေပိုင်နက်တွေမှာ တရုတ်နဲ့ ရုရှားရေတပ်တွေက ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဖတ်ရန်
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ကြားဝင်ကူညီပေးမယ်လို့ ပူတင်ကို ထရမ့် ကမ်းလှမ်း နိုင်ငံတကာသတင်း

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ကြားဝင်ကူညီပေးမယ်လို့ ပူတင်ကို ထရမ့် ကမ်းလှမ်း

မနေ့က ဇူလိုင်လ ၄ ရက်နေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရုရှားသမ္မတ ဗလာဒီမီရု ပူတင်နဲ့ မိနစ် ၉၀ နီးပါးကြာ ဖုန်းနဲ့ဆွေးနွေးခဲ့ပြီး ယူကရိန်းစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်နိုင်ဖို့…

ဖတ်ရန်
ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံကာကွယ်ပေးဖို့ အမေရိကန်ကို ပုပ်ရဟန်းမင်းကြီး လီယို မေတ္တာရပ်ခံ တိုက်တွန်း နိုင်ငံတကာသတင်း

ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံကာကွယ်ပေးဖို့ အမေရိကန်ကို ပုပ်ရဟန်းမင်းကြီး လီယို မေတ္တာရပ်ခံ တိုက်တွန်း

ပုပ်ရဟန်းမင်းကြီး လီယိုက အမေရိကန်နိုင်ငံ လွတ်လပ်ရေး နှစ် ၂၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၄ ရက်နေ့မှာ ပေးပို့တဲ့ သဝဏ်လွှာကနေတဆင့် အမေရိကန်ပြည်သူတွေအနေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံကြိုဆိုပြီး…

ဖတ်ရန်
အဓိပတိခေါင်းဆောင် အလီခါမေနီရဲ့ ဈာပနအခမ်းအနားကို အောက်မေ့ဖွယ် ကျင်းပနိုင်ဖို့ အီရန် ပြင်ဆင်နေ နိုင်ငံတကာသတင်း

အဓိပတိခေါင်းဆောင် အလီခါမေနီရဲ့ ဈာပနအခမ်းအနားကို အောက်မေ့ဖွယ် ကျင်းပနိုင်ဖို့ အီရန် ပြင်ဆင်နေ

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ရေးတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အီရန်ရဲ့အဓိပတိခေါင်းဆောင် အယာတိုလာ အလီခါမေနီ ရဲ့ ဈာပနအခမ်းအနားကို နိုင်ငံတော်အဆင့် လူထုဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားအဖြစ် တပတ်ကြာ ကျင်းပနိုင်ဖို့ အီရန်အစိုးရက…

ဖတ်ရန်