အရေးပေါ်
နိုင်ငံတကာသတင်း

အမေရိကန်ရဲ့ ကန့်သတ်ချက်တွေ ပိုတင်းကျပ်လာမှာ စိုးရိမ်ပြီး တရုတ် AI ကုမ္ပဏီတွေ Nvidia Chip စွမ်းဆောင်ရည်တွေ ကြိုတင်ငှားရမ်းနေ

၂၀၂၆ နိုဝင်ဘာ ၁၂ Myo Taw
အမေရိကန်ရဲ့ ကန့်သတ်ချက်တွေ ပိုတင်းကျပ်လာမှာ စိုးရိမ်ပြီး တရုတ် AI ကုမ္ပဏီတွေ Nvidia Chip စွမ်းဆောင်ရည်တွေ ကြိုတင်ငှားရမ်းနေ

အမေရိကန်ရဲ့ ကန့်သတ်ချက်တွေ ပိုတင်းကျပ်လာမှာ စိုးရိမ်ပြီး တရုတ် AI ကုမ္ပဏီတွေ Nvidia Chip စွမ်းဆောင်ရည်တွေ ကြိုတင်ငှားရမ်းနေ

နိုဝင်ဘာ ၁၂

တရုတ် AI ကုမ္ပဏီတွေဟာ Nvidia ရဲ့ အမှုဆောင်အရာရှိချုပ် ဂျင်ဆန်ဟွမ်ရဲ့ ကိုယ်ရေးကိုယ်တာ အရှုပ်တော်ပုံကြောင့် အမေရိကန်ဘက်က အဆင့်မြင့်နည်းပညာ ကန့်သတ်ချက်တွေကို ပိုမိုတင်းကြပ်လာမှာကို စိုးရိမ်ပြီး ပြည်ပဒေတာစင်တာတွေက Nvidia စွမ်းအင်သုံး ကွန်ပြူတာစွမ်းရည်တွေကို ကြိုတင်ငှားရမ်းဖို့ ကြိုးစားနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

လက်ရှိမှာ အမေရိကန်က အဆင့်မြင့် Nvidia Chip တွေ တရုတ်နိုင်ငံကို တိုက်ရိုက်တင်ပို့ခွင့် ပိတ်ပင်ထားပေမဲ့ ပြည်ပဒေတာစင်တာတွေ ကတဆင့် Nvidia Chip စွမ်းရည်တွေကို အသုံးပြုခွင့် ရှိနေဆဲဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီလို Cloud စနစ်ကတဆင့် အသုံးပြုတာကိုပါ ထိန်းချုပ်နိုင်မယ့် RASA ဥပဒေကြမ်း အမေရိကန်အထက်လွှတ်တော်မှာ ဆက်လက်အတည်ပြုလာနိုင်တာကြောင့် တရုတ်နည်းပညာကုမ္ပဏီတွေအနေနဲ့ ကြိုတင်ပြင်ဆင်နေကြတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ ကန့်သတ်ချက်တွေ ပိုတင်းကျပ်လာမှာကို စိုးရိမ်ပြီး တရုတ်နိုင်ငံရဲ့ မှောင်ခိုဈေးကွက်မှာလည်း တင်ပို့ခွင့်ကန့်သတ်ထားတဲ့ Nvidia AI Chip တွေ ဝယ်လိုအား မြင့်တက်လာသလို ကုန်သည်တွေနဲ့ ကြားခံပွဲစားတွေကပါ Nvidia AI Chip ကြိုတင်ဝယ်ယူ စုဆောင်းမှုတွေ မြင့်တက်လာတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့လကလည်း တရုတ်စစ်တပ်နဲ့ ဆက်နွှယ်မှုရှိတဲ့ တရုတ်တက္ကသိုလ်တခုဟာ အမေရိကန်ရဲ့ ပို့ကုန်ကန့်သတ်စာရင်းထဲ ပါဝင်နေပေမယ့် Nvidia ရဲ့ အစွမ်းထက် H200 AI Chip တွေကို ဝယ်ယူသွားခဲ့တယ်လို့ ဝယ်ယူမှုမှတ်တမ်းတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဒါ့အပြင် Nvidia Chip တွေပါဝင်တဲ့ ဆာဗာတွေကို အရှေ့တောင်အာရှအခြေစိုက် ကုမ္ပဏီတခု ကတဆင့် တရုတ်နိုင်ငံဆီ တရားမဝင်လွှဲပြောင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Super Micro Computer ကုမ္ပဏီ ပူးတွဲတည်ထောင်သူ ယီရှန် ဝေါလီ လျော် အပါအဝင် သုံးဦးကိုလည်း အမေရိကန်အစိုးရရှေ့နေတွေက တရားစွဲဆိုထားပါတယ်။

အဆိုပါကုမ္ပဏီဟာ ၂၀၂၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း Super Micro ဆီကနေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံခန့် တန်ဖိုးရှိတဲ့ ဆာဗာတွေ ဝယ်ယူခဲ့ပြီး အဲဒီထဲက အများအပြားကို တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

Ref & Photo: Reuters

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ယူကရိန်းစစ်ပွဲမှာ ပူတင်အနိုင်ရဖို့ ကုလားအုတ် အကောင် ၆၀ ယဇ်ပူဇော်မယ့် ဆိုက်ဘေးရီးယားက နတ်ဆရာ နိုင်ငံတကာသတင်း

ယူကရိန်းစစ်ပွဲမှာ ပူတင်အနိုင်ရဖို့ ကုလားအုတ် အကောင် ၆၀ ယဇ်ပူဇော်မယ့် ဆိုက်ဘေးရီးယားက နတ်ဆရာ

ယူကရိန်းစစ်ပွဲမှာ ရုရှားသမ္မတ ပူတင် အနိုင်ရဖို့အတွက် ဆိုက်ဘေးရီးယား နတ်ဆရာတဦးက ကုလားအုတ် အကောင် ၆၀ ကို ၁ နှစ်အတွင်း သတ်ဖြတ်ပြီး ယဇ်ပူဇော်သွားမယ်လို့…

ဖတ်ရန်
TrueMoney ကနေ ငွေလက်ခံမိရုံနဲ့ ထိုင်းဘဏ်အကောင့် ပိတ်ခံရမှုတွေ ရှိလာ နိုင်ငံတကာသတင်း

TrueMoney ကနေ ငွေလက်ခံမိရုံနဲ့ ထိုင်းဘဏ်အကောင့် ပိတ်ခံရမှုတွေ ရှိလာ

ထိုင်းနိုင်ငံမှာ နေထိုင်အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအကြား TrueMoney QR မှတစ်ဆင့် ငွေလွှဲတာ၊ ငွေလက်ခံတာတွေကြောင့် ထိုင်းဘဏ်အကောင့်အသုံးပြုခွင့် ယာယီပိတ်ဆို့ခံရမှုတွေ ရှိလာနေတယ်လို့ အလုပ်သမားတွေနဲ့ ငွေလဲလုပ်ကိုင်သူတွေထံမှ…

ဖတ်ရန်
ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို ထိုင်းဗဟိုဘဏ် သတိပေး နိုင်ငံတကာသတင်း

ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို ထိုင်းဗဟိုဘဏ် သတိပေး

မကြာသေးခင်က နိုင်ငံတကာမှာ ဖြစ်ပွားခဲ့တဲ့ အိုင်တီစနစ်ချို့ယွင်းမှုတွေနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေအပေါ် ဆိုက်ဘာတိုက်ခိုက်မှုတွေကြောင့် ထိုင်းဗဟိုဘဏ် (Bank of Thailand - BOT) က ပြည်တွင်းက…

ဖတ်ရန်
ကုန်ပစ္စည်းပြတ်လပ်မှု မရှိသေးလို့ အလုအယက်ဝယ်ယူတာမျိုး မလုပ်ဖို့ ထိုင်းအစိုးရ တိုက်တွန်း နိုင်ငံတကာသတင်း

ကုန်ပစ္စည်းပြတ်လပ်မှု မရှိသေးလို့ အလုအယက်ဝယ်ယူတာမျိုး မလုပ်ဖို့ ထိုင်းအစိုးရ တိုက်တွန်း

နိုင်ငံတချို့မှာ အရေးပေါ် စားနပ်ရိက္ခာတွေ စုဆောင်းနေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ထိုင်းနိုင်ငံအတွင်းမှာတော့ ကုန်စည်ပြတ်လပ်မယ့် အခြေအနေ မရှိသေးတာကြောင့် စိုးရိမ်တကြီး အလုအယက် မဝယ်ကြဖို့ ထိုင်းအစိုးရက…

ဖတ်ရန်