အရေးပေါ်
နိုင်ငံတကာသတင်း

ကလေးသူငယ်များ ဆိုရှယ်မီဒီယာ သုံးစွဲမှုကို ကန့်သတ်ဖို့ ဥရောပကော်မရှင် ပြင်ဆင်နေ

၂၀၂၆ ဇူလိုင် ၁၃ Myo Taw
ကလေးသူငယ်များ ဆိုရှယ်မီဒီယာ သုံးစွဲမှုကို ကန့်သတ်ဖို့ ဥရောပကော်မရှင် ပြင်ဆင်နေ

ကလေးသူငယ်များ ဆိုရှယ်မီဒီယာ သုံးစွဲမှုကို ကန့်သတ်ဖို့ ဥရောပကော်မရှင် ပြင်ဆင်နေ

ဇူလိုင် ၁၃

ဥရောပသမဂ္ဂ (EU) ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ ဥရောပကော်မရှင်အနေနဲ့ ကလေးသူငယ်တွေ ဆိုရှယ်မီဒီယာ သုံးစွဲခွင့်ကို ကန့်သတ်မယ့် အဆိုပြုချက်တခုကို နွေရာသီအလွန်မှာ တင်သွင်းသွားမယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ဒီကနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

“ကျွန်မတို့ရဲ့ ကလေးတွေဟာ တကယ့်လက်တွေ့ကမ္ဘာမှာ အချိန်ပေးဖို့ လိုအပ်ပါတယ်။ ဆော့ကစားဖို့၊ သူငယ်ချင်းအသစ်တွေ ဖွဲ့ဖို့နဲ့ အမှားတွေကနေ သင်ခန်းစာယူဖို့ အချိန်လိုသလို အယ်လ်ဂိုရီသမ် (Algorithm) တွေရဲ့ ပုံသွင်းမှုကို မခံရခင် သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာနဲ့ အရည်အသွေးတွေကို ကိုယ်တိုင် ပုံဖော်ထုဆစ်ဖို့ အချိန်လိုအပ်ပါတယ်” လို့ ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဗွန်ဒါလေယန်က သတင်းထောက်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအစီအစဉ်ဟာ ကလေးတွေ လူမှုကွန်ရက်ကို အသုံးပြုခွင့်ရှိသင့်၊ မရှိသင့်ဆိုတဲ့ ကိစ္စမဟုတ်ဘဲ လူမှုကွန်ရက်တွေက ကလေးတွေဆီ ဘယ်အချိန်မှာ၊ ဘယ်လိုနည်းနဲ့ ရောက်ရှိနိုင်မလဲဆိုတဲ့ ကိစ္စကို ထိန်းချုပ်ဖို့ အဓိကထား ဆောင်ရွက်တာဖြစ်တယ်လို့လည်း ဥရောပကော်မရှင်ဥက္ကဋ္ဌက ဆိုပါတယ်။

လက်ရှိမှာ ဥရောပနိုင်ငံတချို့ဟာ ကလေးသူငယ်တွေရဲ့ ဆိုရှယ်မီဒီယာအသုံးပြုမှုကို တင်းကျပ်ဖို့ သီးခြားအစီအစဉ်တွေကိုလည်း အကောင်အထည်ဖော်နေကြပါတယ်။ ပြင်သစ်နိုင်ငံအနေနဲ့ အသက် ၁၅ နှစ်အောက် ကလေးတွေအတွက် ဆိုရှယ်မီဒီယာအသုံးပြုခွင့် ကန့်သတ်ရေးဥပဒေကို အတည်ပြုထားပြီး၊ ဒိန်းမတ်၊ စပိန်နဲ့ ဂရိနိုင်ငံတို့ကလည်း အသက်ကန့်သတ်ချက်တွေ ချမှတ်နိုင်ရေး ဆွေးနွေးနေပါတယ်။

ဩစတြေးလျနိုင်ငံကတော့ အသက် ၁၆ နှစ်အောက် ကလေးသူငယ်တွေ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ကို ကန့်သတ်တဲ့ ဥပဒေကို စတင်ကျင့်သုံးနေပြီ ဖြစ်ပေမယ့်၊ မကြာသေးခင်က ထုတ်ပြန်တဲ့ လေ့လာမှုတစ်ခုအရ အသက်အတည်ပြုစနစ်မှာ အားနည်းချက်တွေ ရှိနေသေးတာကြောင့် အကောင်အထည်ဖော်ရာမှာ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်တချို့မှာလည်း အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ဆိုရှယ်မီဒီယာ အကောင့်ဖွင့် သုံးစွဲခွင့်ကို မိဘခွင့်ပြုချက်ပါမှ ရရှိစေဖို့ ဒါမှမဟုတ် အသက်ကန့်သတ်ချက် ဥပဒေတွေ ပြဋ္ဌာန်းပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ ဥပဒေကြမ်းတွေ တင်သွင်းဆွေးနွေးတာ၊ အတည်ပြုတာမျိုးတွေ လုပ်ဆောင်လာနေပါတယ်။

အလားတူ နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Meta နဲ့ TikTok တို့လို ပလက်ဖောင်းတွေ အနေနဲ့လည်း ကလေးသူငယ်တွေ ဘေးကင်းလုံခြုံစေမယ့် ကန့်သတ်ချက်စနစ်တွေ၊ မိဘက ထိန်းချုပ်ကြီးကြပ်နိုင်မယ့် လုပ်ဆောင်ချက် (Parental Control) တွေကို ပိုမိုမြှင့်တင်ပေးဖို့ နိုင်ငံတကာအစိုးရတွေရဲ့ ဖိအားပေးမှုကို ခပ်စိပ်စိပ် ရင်ဆိုင်နေရပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ဥရောပမှာ ဇွန်လနှောင်းပိုင်း အပူလှိုင်းကြောင့် တစ်ပတ်အတွင်း လူပေါင်းတစ်သောင်းကျော် ပိုမိုသေဆုံးခဲ့ နိုင်ငံတကာသတင်း

ဥရောပမှာ ဇွန်လနှောင်းပိုင်း အပူလှိုင်းကြောင့် တစ်ပတ်အတွင်း လူပေါင်းတစ်သောင်းကျော် ပိုမိုသေဆုံးခဲ့

ဇွန်လနှောင်းပိုင်းမှာ ဥရောပအနောက်ပိုင်းကို ဖုံးလွှမ်းခဲ့တဲ့ စံချိန်တင်အပူလှိုင်းကြောင့် ဥရောပနိုင်ငံတွေမှာ တစ်ပတ်အတွင်း ပုံမှန်ထက် လူသေဆုံးမှု ၁၀,၆၅၀ ဦးအထိ ရှိခဲ့တယ်လို့ ဥရောပသေဆုံးမှုစောင့်ကြည့်ရေးကွန်ရက် (EUROMOMO) က ထုတ်ပြန်တဲ့…

ဖတ်ရန်
နိုင်ငံတကာအခြေအနေ ဘယ်လိုပဲပြောင်းပြောင်း မြောက်ကိုရီးယားနဲ့ ချစ်ကြည်ရေး မပျက်ပြယ်ဘူးလို့ ရှီကျင့်ဖျင် ပြော နိုင်ငံတကာသတင်း

နိုင်ငံတကာအခြေအနေ ဘယ်လိုပဲပြောင်းပြောင်း မြောက်ကိုရီးယားနဲ့ ချစ်ကြည်ရေး မပျက်ပြယ်ဘူးလို့ ရှီကျင့်ဖျင် ပြော

နိုင်ငံတကာအခြေအနေ ဘယ်လိုပြောင်းလဲလာပါစေ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ရိုးရာမပျက် မိတ်ဖက်ဆက်ဆံရေးအပေါ် ထားရှိတဲ့ တရုတ်နိုင်ငံရဲ့ ကတိကဝတ်တွေကတော့ လုံးဝပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောဆိုလိုက်ပါတယ်။

ဖတ်ရန်
ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို တန်ပြန်ဖို့ Starlink ဂြိုဟ်တုအင်တာနက်စနစ်ကို ရုရှားက နှောင့်ယှက်နေ နိုင်ငံတကာသတင်း

ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို တန်ပြန်ဖို့ Starlink ဂြိုဟ်တုအင်တာနက်စနစ်ကို ရုရှားက နှောင့်ယှက်နေ

ယူကရိန်းရဲ့ မဟာဗျူဟာမြောက် ဒရုန်းတိုက်ခိုက်မှုတွေကို တားဆီးဖို့အတွက် ရုရှားဘက်က Starlink ဂြိုဟ်တုအင်တာနက်စနစ်ကို နှောင့်ယှက်နေပြီး စစ်လက်နက်ပစ္စည်းတွေကိုလည်း အရပ်သားသုံး မော်တော်ယာဉ်တွေနဲ့ ဖုံးကွယ်သယ်ယူနေတယ်လို့ ယူကရိန်းဒရုန်းတပ်ဖွဲ့ဝင်တွေက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဖတ်ရန်
တရုတ်မှာ မေဆက် မုန်တိုင်းကြောင့် လူသေဆုံးမှုတွေရှိပြီး လူသောင်းနဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရ နိုင်ငံတကာသတင်း

တရုတ်မှာ မေဆက် မုန်တိုင်းကြောင့် လူသေဆုံးမှုတွေရှိပြီး လူသောင်းနဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရ

တရုတ်နိုင်ငံတောင်ပိုင်းမှာ တိုင်ဖုန်းမုန်တိုင်း မေဆက် မုန်တိုင်းကြောင့် ရေကာတာတွေကျိုးပေါက်ပြီး အရေးပေါ်အခြေအနေတွေ ကြုံတွေ့နေရပါတယ်။

ဖတ်ရန်