အရေးပေါ်
မိုးလေဝသ

ဧရာဝတီမြစ်ဖျားပိုင်းမှာ မိုးအဆမတန် များပြားလာနိုင်တာကြောင့် မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ဆို

၂၀၂၆ ဇူလိုင် ၁၃ Myo Taw
ဧရာဝတီမြစ်ဖျားပိုင်းမှာ မိုးအဆမတန် များပြားလာနိုင်တာကြောင့် မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ဆို

ဧရာဝတီမြစ်ဖျားပိုင်းမှာ မိုးအဆမတန် များပြားလာနိုင်တာကြောင့် မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ဆို

ဇူလိုင် ၁၃

လာမယ့် ၇ ရက်အတွင်း အနောက်တောင် မုတ်သုံလေဟာ ပုံမှန်ထက် အားကောင်းခြင်းနှင့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းအနီးမှာ ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်း တို့ရဲ့ သက်ရောက်မှုကြောင့် ရခိုင်ကမ်းရိုးတန်း ဒေသတွေမှာ လာမယ့် ၄၈ နာရီမှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းနိုင်ပြီး တပတ်အတွင်း စုစုပေါင်း မိုးရေချိန် ၄၀၀ မီလီမီတာ အထက်အထိ စံချိန်တင် မြင့်တက်သွားနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှာလည်း မုတ်သုံလေ တိုက်ရိုက်တိုးဝင်မှုကြောင့် စုစုပေါင်း မိုးရေချိန် ၃၀၀ မီလီမီတာ ဝန်းကျင်အထိ ရရှိနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ချင်းပြည်နယ်နှင့် မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူး(တောင်ပိုင်း) တို့မှာ ပုံမှန်မုတ်သုံမိုး ရက်ရှည်ရွာသွန်းနိုင်ပြီး ရေကြီးရေလျှံမှု ဖြစ်နိုင်တာကြောင့် သတိပြုရမယ့် အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းကုန်းပြင်မြင့် (တောင်ပိုင်း/အရှေ့ပိုင်း)၊ ကရင်နီပြည်နယ်တို့မှာ ရခိုင်ရိုးမနှင့် ပဲခူးရိုးမတို့ရဲ့ မိုးကွယ်ရပ်ဝန်းထဲမှာ ကျရောက်နေတာကြောင့် လာမယ့် ၃ ရက်အတွင်း မိုးရွာသွန်းမှု အားနည်းနေဦးမှာဖြစ်ပြီး ၅ ရက်နောက်ပိုင်းမှသာ ကုန်းတွင်းပိုင်း လေစီးကြောင်းတွေကြောင့် မိုးအနည်းငယ် ပိုလာနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်းနှင့် တောင်တန်းဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)တို့မှာ ၃ ရက်မှ ၅ ရက်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်ပြီး ရွာရန် ရာနှုန်း ၈၅ အထက် သေချာသလောက် ရှိနေတယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်ဖျားပိုင်းမှာ မိုးအဆမတန် များပြားလာနိုင်တာကြောင့် လာမယ့် ၅ ရက်မှ ၇ ရက်အတွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေကြီးမှုတွေ ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း(အောက်ပိုင်း) နှင့် ပဲခူးတိုင်းဒေသတွေမှာ မိုးအသင့်အတင့် ရွာသွန်းနိုင်ပေမယ့် မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် နေပြည်တော်တို့မှာ ပူအိုက်စိုစွတ်တဲ့ ရာသီဥတုသာ အဓိက ဖြစ်ထွန်းပြီး မိုးရွာရက် ကျဲပါးနေအုံးမယ်လို့ဆိုပါတယ်။

လာမယ့် ဇူလိုင်လ ၁၃ ရက်မှ ၂၀ ရက်အထိ ရက်သတ္တပတ်ဟာ အနောက်ဘက် ကမ်းရိုးတန်းနှင့် မြောက်ပိုင်းဒေသတွေအတွက် ရေဘေးအန္တရာယ် အထူးဂရုစိုက်ရမယ့် ကာလဖြစ်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (7)

ဆက်စပ် သတင်းများ

မုတ်သုံလေ အားကောင်းမှုကြောင့် တစ်နိုင်ငံလုံးမှာ မိုးဆက်တိုက် ရွာသွန်းနိုင်ပြီး မြို့ကြီးအချို့မှာလည်း မြစ်ရေဟာ စိုးရိမ်ရေမှတ် ကျော်လွန်နေ မိုးလေဝသ

မုတ်သုံလေ အားကောင်းမှုကြောင့် တစ်နိုင်ငံလုံးမှာ မိုးဆက်တိုက် ရွာသွန်းနိုင်ပြီး မြို့ကြီးအချို့မှာလည်း မြစ်ရေဟာ စိုးရိမ်ရေမှတ် ကျော်လွန်နေ

ဇူလိုင်လ ၁၂ ရက်မှ ၁၉ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းမှာ အနောက်တောင် မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေပြီး ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့မှ မိုးတိမ်တိုက်တွေ အဆက်မပြတ် ဝင်ရောက်နေတယ်လို့…

ဖတ်ရန်
မုတ်သုံလေ အားကောင်းမှုကြောင့် ဒေသအချို့မှာ မိုးကြီးပြီး မြစ်ရေမြင့်တက်လာနိုင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ဆို မိုးလေဝသ

မုတ်သုံလေ အားကောင်းမှုကြောင့် ဒေသအချို့မှာ မိုးကြီးပြီး မြစ်ရေမြင့်တက်လာနိုင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ဆို

အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း (ခန္တီး၊ ဟုမ္မလင်း၊ ကသာ၊ ဗန်းမောက်) သို့ အရှိန်အဟုန်ပြင်းစွာ ပင့်တင်တိုက်ခတ်နေတာကြောင့် စစ်ကိုင်း(အထက်ပိုင်း)မှာ ၇ ရက်တာအတွင်း မိုးကြီးနိုင်ပြီး၊ စစ်ကိုင်းအောက်ပိုင်း…

ဖတ်ရန်
မုတ်သုံလေ အားကောင်းဆဲဖြစ်လို့ မြန်မာ့ကမ်းရိုးတန်းနှင့် တောင်တန်းဒေသတွေမှာ မိုးသည်းထန်စွာ စဉ်ဆက်မပြတ် ရွာသွန်းနိုင်တယ်လို့ဆို မိုးလေဝသ

မုတ်သုံလေ အားကောင်းဆဲဖြစ်လို့ မြန်မာ့ကမ်းရိုးတန်းနှင့် တောင်တန်းဒေသတွေမှာ မိုးသည်းထန်စွာ စဉ်ဆက်မပြတ် ရွာသွန်းနိုင်တယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ဇူလိုင် ၇ ရက်နေ့ ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံ ချာတစ်ဂါး မြောက်ပိုင်းမှာ တည်ရှိခဲ့တဲ့ မုန်တိုင်းငယ်ဟာ ပိုမိုရွေ့လျားသွားပြီး အရှေ့ပိုင်းနှင့် ပတ်ဝန်းကျင်…

ဖတ်ရန်
မုန်တိုင်းနောက်ဆက်တွဲ မုတ်သုံလေအားကောင်းမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ဆို မိုးလေဝသ

မုန်တိုင်းနောက်ဆက်တွဲ မုတ်သုံလေအားကောင်းမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ဆို

မြန်မာနိုင်ငံအပေါ် သွယ်ဝိုက်သက်ရောက်နိုင်တဲ့ မိုးလေဝသ အခြေအနေကတော့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ တိမ်တိုက်တွေ အားကောင်းစွာ ဖုံးလွှမ်းနေပြီး အထူးသဖြင့် ကမ်းရိုးတန်းနှင့် မြောက်ပိုင်းဒေသတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနိုင်မယ့် အခြေအနေ မြင့်မားနေတယ်လို့…

ဖတ်ရန်