အရေးပေါ်
နိုင်ငံတကာသတင်း

ဥရောပမှာ ဇွန်လနှောင်းပိုင်း အပူလှိုင်းကြောင့် တစ်ပတ်အတွင်း လူပေါင်းတစ်သောင်းကျော် ပိုမိုသေဆုံးခဲ့

၂၀၂၆ ဇူလိုင် ၁၃ Myo Taw
ဥရောပမှာ ဇွန်လနှောင်းပိုင်း အပူလှိုင်းကြောင့် တစ်ပတ်အတွင်း လူပေါင်းတစ်သောင်းကျော် ပိုမိုသေဆုံးခဲ့

ဥရောပမှာ ဇွန်လနှောင်းပိုင်း အပူလှိုင်းကြောင့် တစ်ပတ်အတွင်း လူပေါင်းတစ်သောင်းကျော် ပိုမိုသေဆုံးခဲ့

ဇူလိုင် ၁၃

ဇွန်လနှောင်းပိုင်းမှာ ဥရောပအနောက်ပိုင်းကို ဖုံးလွှမ်းခဲ့တဲ့ စံချိန်တင်အပူလှိုင်းကြောင့် ဥရောပနိုင်ငံတွေမှာ တစ်ပတ်အတွင်း ပုံမှန်ထက် လူသေဆုံးမှု ၁၀,၆၅၀ ဦးအထိ ရှိခဲ့တယ်လို့ ဥရောပသေဆုံးမှုစောင့်ကြည့်ရေးကွန်ရက် (EUROMOMO) က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

အဲဒီထဲက ၉,၀၀၀ ကျော်ဟာ အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေဖြစ်ပြီး၊ ပြင်းထန်တဲ့အပူချိန်ကြောင့် အပူလျှပ်ခြင်း၊ နှလုံးသွေးကြောနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ပိုမိုဆိုးရွားလာတာတွေကြောင့် အသက်အန္တရာယ်အထိ ဖြစ်စေခဲ့တာလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

EUROMOMO ကို တာဝန်ယူထားရတဲ့ အကြီးတန်းဆရာဝန် လက်စ်စ် ဗက်စ်တာဂေါ့ဒ်ကတော့ “နှစ်တစ်နှစ်ရဲ့ ဒီလိုအချိန်မျိုးမှာ သေဆုံးမှု ဒီလောက်အထိ များပြားနေတာဟာ ပုံမှန်မဟုတ်ပါဘူး။ တကယ်ကို မြင့်မားတဲ့ ပမာဏပါ၊ အခုလိုပုံမှန်ထက် သေဆုံးမှု မြင့်တက်တာလာဟာ ပြင်းထန်တဲ့အပူလှိုင်းကလွဲလို့ တခြားအကြောင်းရင်းနဲ့ ရှင်းပြဖို့ ခက်ခဲတယ်” လို့ ဆိုပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ကမ္ဘာကြီးပူနွေးလာမှုကို ပိုမိုဆိုးရွားစေပြီး အပူလှိုင်းတွေကို ပိုမိုကြိမ်ဖန်များစွာနဲ့ ပြင်းထန်စွာ ဖြစ်ပေါ်စေတဲ့ လူသားတွေကြောင့်ဖြစ်ရတဲ့ ရာသီဥတုပြောင်းလဲမှုသာမရှိရင် အခုလို ဇွန်လနှောင်းပိုင်း အပူလှိုင်းမျိုး ဖြစ်လာဖို့ဆိုတာ တကယ့်ကို မဖြစ်နိုင်သလောက်ပဲလို့ ဆိုပါတယ်။

EUROMOMO ရဲ့ အချက်အလက်တွေအရ ဇွန်လ ၂၂ ရက်ကနေ ၂၈ ရက်အတွင်း ပြင်သစ်၊ စပိန်၊ ဗြိတိန်နဲ့ အခြားဥရောပနိုင်ငံတွေမှာ အပူလှိုင်း အမြင့်ဆုံးရောက်ခဲ့ပြီး၊ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေမှာ လူသေဆုံးမှု အလွန်မြင့်မားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သီးခြားလေ့လာတွေ့ရှိချက်အရ အင်္ဂလန်နဲ့ ဝေလ်စ်မှာ မေလနဲ့ ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ အပူလှိုင်းတွေကြောင့် သေဆုံးသူ ၂,၇၀၀ ခန့်ရှိခဲ့ပြီး အဲဒီထဲက ၄၂ ရာခိုင်နှုန်းဟာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်ပေါ်လာရတဲ့ အပိုအပူရှိန်ကြောင့် တိုက်ရိုက်သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ကလေးသူငယ်များ ဆိုရှယ်မီဒီယာ သုံးစွဲမှုကို ကန့်သတ်ဖို့ ဥရောပကော်မရှင် ပြင်ဆင်နေ နိုင်ငံတကာသတင်း

ကလေးသူငယ်များ ဆိုရှယ်မီဒီယာ သုံးစွဲမှုကို ကန့်သတ်ဖို့ ဥရောပကော်မရှင် ပြင်ဆင်နေ

ဥရောပသမဂ္ဂ (EU) ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ ဥရောပကော်မရှင်အနေနဲ့ ကလေးသူငယ်တွေ ဆိုရှယ်မီဒီယာ သုံးစွဲခွင့်ကို ကန့်သတ်မယ့် အဆိုပြုချက်တခုကို နွေရာသီအလွန်မှာ တင်သွင်းသွားမယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က…

ဖတ်ရန်
နိုင်ငံတကာအခြေအနေ ဘယ်လိုပဲပြောင်းပြောင်း မြောက်ကိုရီးယားနဲ့ ချစ်ကြည်ရေး မပျက်ပြယ်ဘူးလို့ ရှီကျင့်ဖျင် ပြော နိုင်ငံတကာသတင်း

နိုင်ငံတကာအခြေအနေ ဘယ်လိုပဲပြောင်းပြောင်း မြောက်ကိုရီးယားနဲ့ ချစ်ကြည်ရေး မပျက်ပြယ်ဘူးလို့ ရှီကျင့်ဖျင် ပြော

နိုင်ငံတကာအခြေအနေ ဘယ်လိုပြောင်းလဲလာပါစေ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ရိုးရာမပျက် မိတ်ဖက်ဆက်ဆံရေးအပေါ် ထားရှိတဲ့ တရုတ်နိုင်ငံရဲ့ ကတိကဝတ်တွေကတော့ လုံးဝပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောဆိုလိုက်ပါတယ်။

ဖတ်ရန်
ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို တန်ပြန်ဖို့ Starlink ဂြိုဟ်တုအင်တာနက်စနစ်ကို ရုရှားက နှောင့်ယှက်နေ နိုင်ငံတကာသတင်း

ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို တန်ပြန်ဖို့ Starlink ဂြိုဟ်တုအင်တာနက်စနစ်ကို ရုရှားက နှောင့်ယှက်နေ

ယူကရိန်းရဲ့ မဟာဗျူဟာမြောက် ဒရုန်းတိုက်ခိုက်မှုတွေကို တားဆီးဖို့အတွက် ရုရှားဘက်က Starlink ဂြိုဟ်တုအင်တာနက်စနစ်ကို နှောင့်ယှက်နေပြီး စစ်လက်နက်ပစ္စည်းတွေကိုလည်း အရပ်သားသုံး မော်တော်ယာဉ်တွေနဲ့ ဖုံးကွယ်သယ်ယူနေတယ်လို့ ယူကရိန်းဒရုန်းတပ်ဖွဲ့ဝင်တွေက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဖတ်ရန်
တရုတ်မှာ မေဆက် မုန်တိုင်းကြောင့် လူသေဆုံးမှုတွေရှိပြီး လူသောင်းနဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရ နိုင်ငံတကာသတင်း

တရုတ်မှာ မေဆက် မုန်တိုင်းကြောင့် လူသေဆုံးမှုတွေရှိပြီး လူသောင်းနဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရ

တရုတ်နိုင်ငံတောင်ပိုင်းမှာ တိုင်ဖုန်းမုန်တိုင်း မေဆက် မုန်တိုင်းကြောင့် ရေကာတာတွေကျိုးပေါက်ပြီး အရေးပေါ်အခြေအနေတွေ ကြုံတွေ့နေရပါတယ်။

ဖတ်ရန်