အရေးပေါ်
နိုင်ငံတကာသတင်း

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ

၂၀၂၆ အောက်တိုဘာ ၁၂ Myo Taw
နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ

အောက်တိုဘာ ၁၂

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးရေလျှံမှု နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦး ပျောက်ဆုံးနေပြီး နီပေါစစ်တပ်က ဘေးသင့်ဒေသတွေဆီကို သွားရောက်ကာ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့က တောင်ပြိုကျမှုကြောင့် မြေသားနဲ့ သဲတွေ ပိတ်ဆို့ပြီး မြစ်ရေလျှံတက်ရာကနေ နီပေါနိုင်ငံ အလယ်ပိုင်း ဂေါ်ရ်ခါခရိုင်အတွင်း ရွှံ့နွံမြေပြိုကျမှုတွေ စတင်ဖြစ်ပေါ်ခဲ့တာ ဖြစ်တယ်လို့ နီပေါစစ်တပ်က တာဝန်ရှိသူတွေက ပြောပါတယ်။

ရုပ်သံမှတ်တမ်းတွေအရ တောင်တန်းတွေ ဝန်းရံထားတဲ့ တောင်ကြားချိုင့်ဝှမ်းဒေသအတွင်း ရွှံ့နွံရေတွေ အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းနေတာကြောင့် အနီးနားက ဒေသခံတွေဟာ ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းတွေကို အရေးပေါ် ရွှေ့ပြောင်းနေကြရတာကို တွေ့ရပါတယ်။

ဒါ့အပြင် မြစ်ကမ်းတစ်လျှောက် နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့လည်း ဘေးကင်းရာကို အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ နီပေါအာဏာပိုင်တွေက အရေးပေါ် သတိပေး နှိုးဆော်ထားပါတယ်။

အဆိုပါ သဘာဝဘေးကြောင့် လူနေအိမ် ၄၀ ဝန်းကျင်နဲ့ တံတားတချို့ ရေစီးနဲ့အတူ မျောပါပျက်စီးသွားသလို ရေအားလျှပ်စစ် အဆောက်အအုံတစ်ခုလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြပါတယ်။

လက်ရှိအချိန်အထိတော့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ပိတ်မိနေတဲ့ ဒေသခံ ၄၀ ကျော်ကို အသက်ဘေးကနေ ဘေးကင်းစွာ ကယ်တင်ပေးနိုင်ခဲ့ပြီ ဖြစ်တယ်လို့ နီပေါစစ်တပ်က အတည်ပြု ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း တရုတ်နယ်စပ်နဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ အလားတူ ရုတ်တရက် ရေကြီးရေလျှံမှု အကြီးအကျယ် ဖြစ်ပွားခဲ့တာကြောင့် နီပေါနိုင်ငံဘက်ခြမ်းမှာ လူပေါင်း ၁,၄၅၅ ဦး သေဆုံးခဲ့ရပြီး ဂျပန်နိုင်ငံသား ၅ ဦး အပါအဝင် လူပေါင်း ၅,၂၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

Ref & Photo: NHK

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးလို့ နော်ဝေအတွက် “ဖျောက်ဖျက်မရတဲ့ သမိုင်းအမည်းစက်” ကျန်ခဲ့ပြီလို့ ထရမ့်ပြော နိုင်ငံတကာသတင်း

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးလို့ နော်ဝေအတွက် “ဖျောက်ဖျက်မရတဲ့ သမိုင်းအမည်းစက်” ကျန်ခဲ့ပြီလို့ ထရမ့်ပြော

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးခဲ့တဲ့အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မကျေမနပ် ထပ်မံထုတ်ဖော်ပြောဆိုလိုက်ပြီး၊ ဒါဟာ အလွန်ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်သလို နော်ဝေနိုင်ငံ အတွက်လည်း ဘယ်တော့မှ…

ဖတ်ရန်
ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ "ပိုးဟပ်"အဖွဲ့က ဆန္ဒပြဖို့ ပြင်ဆင်နေချိန် ဒေလီမြို့မှာ လုံခြုံရေး အပြည့်ချပြီး ပိတ်ဆို့ထား နိုင်ငံတကာသတင်း

ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ "ပိုးဟပ်"အဖွဲ့က ဆန္ဒပြဖို့ ပြင်ဆင်နေချိန် ဒေလီမြို့မှာ လုံခြုံရေး အပြည့်ချပြီး ပိတ်ဆို့ထား

အိန္ဒိယနိုင်ငံမှာ နိုင်ငံသား သန်း ၁၃၀ ကျော်ရဲ့ မဲပေးပိုင်ခွင့် ဆုံးရှုံးစေခဲ့တဲ့ မဲစာရင်းကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ "ပိုးဟပ်" လူငယ်လှုပ်ရှားမှုအဖွဲ့က…

ဖတ်ရန်
မွန်ဂိုးလီးယားမှာ နေအိမ်အတွင်း ဝက်ဝံ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အမျိုးသားတဦး သေဆုံး နိုင်ငံတကာသတင်း

မွန်ဂိုးလီးယားမှာ နေအိမ်အတွင်း ဝက်ဝံ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အမျိုးသားတဦး သေဆုံး

မွန်ဂိုးလီးယားနိုင်ငံ၊ မြို့တော် အူလန်ဘာတာ မြို့စွန်က နေအိမ်တလုံးထဲကို ဝက်ဝံတကောင် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်မှာရှိနေတဲ့ အမျိုးသားတဦး သေဆုံးသွားပြီး အမျိုးသမီးတဦးလည်း အရေးပေါ် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

ဖတ်ရန်