အရေးပေါ်
နိုင်ငံတကာသတင်း

စံချိန်တင် နွေရာသီ အပူလှိုင်းဒဏ်ကို အနိုင်ယူဖို့ ခွေးသားစွပ်ပြုတ် သောက်ကြဖို့ မြောက်ကိုရီးယား တိုက်တွန်း

၂၀၂၆ သြဂုတ် ၄ Myo Taw
စံချိန်တင် နွေရာသီ အပူလှိုင်းဒဏ်ကို အနိုင်ယူဖို့ ခွေးသားစွပ်ပြုတ် သောက်ကြဖို့ မြောက်ကိုရီးယား တိုက်တွန်း

စံချိန်တင် နွေရာသီ အပူလှိုင်းဒဏ်ကို အနိုင်ယူဖို့ ခွေးသားစွပ်ပြုတ် သောက်ကြဖို့ မြောက်ကိုရီးယား တိုက်တွန်း

ဩဂုတ် ၄

ကိုရီးယားကျွန်းဆွယ်တစ်ခွင် စံချိန်တင် အပူချိန်တွေ မြင့်တက်နေချိန်မှာ မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာတွေက နွေရာသီ အပူဒဏ်ကို အနိုင်ယူနိုင်ဖို့အတွက် ခွေးသားစွပ်ပြုတ် သောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အာဏာရ အလုပ်သမားပါတီရဲ့ ရိုဒေါင်ဆင်းမွန်း သတင်းစာမှာ အပူဒဏ်ကြောင့် နှလုံး၊ သွေးကြောနဲ့ ဆီးချိုရောဂါတွေ ပိုဆိုးလာနိုင်တာမို့ ဖရဲသီး၊ ပဲတီစိမ်းနဲ့ သခွားသီးတို့လို အေးတဲ့ အစားအစာတွေအပြင် အာဟာရဓာတ် ကြွယ်ဝတဲ့ ခွေးသားစွပ်ပြုတ်ကို စားသုံးကြဖို့ အကြံပြုထားတာပါ။

"ဒန်ဂိုဂီ" (Dangogi) လို့ ခေါ်တဲ့ ခွေးသားစွပ်ပြုတ်ကို မြောက်ကိုရီးယားအစိုးရက ရိုးရာ ကျန်းမာရေး အားဖြည့်စာအဖြစ် အစဉ်အဆက် အားပေးခဲ့ပေမဲ့ သာမန်ပြည်သူတွေအတွက်တော့ စျေးကြီးလွန်းတဲ့ အစားအစာ ဖြစ်နေဆဲပါ။

ပြုံယမ်းအစိုးရကတော့ ဒန်ဂိုဂီကို ဆယ်စုနှစ်ပေါင်းများစွာ မြှင့်တင်လာခဲ့ပြီး တေဒေါင်မြစ် တလျှောက်မှာ အဆင့်မြင့် အထူးစားသောက်ဆိုင်တွေ ဖွင့်လှစ်ထားသလို ဒေသအလိုက် ချက်ပြုတ်နည်းတွေကိုလည်း ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မှတ်ပုံတင်ထားပါတယ်။

ဒါ့အပြင် မြို့တော်ပြုံယမ်းမှာ နှစ်စဉ် ဟင်းချက်ပြိုင်ပွဲတွေ ကျင်းပပေးပြီး နွေရာသီ အပူဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်တဲ့ မျိုးချစ်စိတ်ဓာတ်တစ်ရပ်အဖြစ် ပုံဖော်ကာ ခွေးသားရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးနေပါတယ်။

"ဒန်ဂိုဂီက မြောက်ကိုရီးယားမှာ ရေပန်းစားပေမဲ့ စျေးကြီးတဲ့ အစားအစာပါ။ အဓိကကတော့ အပူဒဏ်ကို ခံနိုင်ရည်ရှိအောင် နွေရာသီ ပူပြင်းတဲ့ရက်တွေမှာ စားသုံးကြတာများပါတယ်" လို့ မြောက်ကိုရီးယား သံတမန်ဟောင်း ရီချောက ပြောပါတယ်။

ဒါပေမဲ့လည်း ခွေးတွေကို အစားအစာအဖြစ် သတ်ဖြတ် စားသုံးခြင်းဟာ အလွန် ရက်စက်ရာ ရောက်တာကြောင့် အပြီးတိုင် ရပ်တန့်သင့်တယ်လို့ တိရစ္ဆာန် အခွင့်အရေး လှုပ်ရှားသူအဖွဲ့တွေက ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြနေကြပါတယ်။

ဒီလို လုပ်ဆောင်ချက်ဟာ ၂၀၂၄ ခုနှစ်မှာ ခွေးမွေးမြူတာ၊ သတ်ဖြတ်တာနဲ့ ရောင်းချတာတွေကို ဥပဒေနဲ့ အပြီးတိုင် ပိတ်ပင်လိုက်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ လုပ်ဆောင်ချက်နဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

တောင်ကိုရီးယားမှာ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ၃ နှစ် ကြာ ကင်းလွတ်ခွင့်ကာလ ပေးထားပြီး နောက်ပိုင်းမှာ လိုက်နာခြင်းမရှိရင် ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ကိုရီးယားဝမ် သန်း ၃၀ (အမေရိကန်ဒေါ်လာ ၂၂,၀၀၀ နီးပါး) ဖြစ်စေ ပြစ်ဒဏ်ခတ်ခံရမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကိုရီးယားကျွန်းဆွယ် နှစ်ဖက်လုံးမှာ အပူချိန် ၃၅ ဒီဂရီကနေ ၄၀ ဒီဂရီအထိ ရှိနေပြီး အပြင်းထန်ဆုံး အပူလှိုင်းဒဏ်ကို ရင်ဆိုင်နေကြရပါတယ်။

မိုးလေဝသ ပညာရှင်တွေရဲ့ ထုတ်ပြန်ချက်အရ ဂျပန်ဘက်ကို ဦးတည်နေတဲ့ တိုင်ဖုန်းမုန်တိုင်း ဒိုဖင်း (Typhoon Dolphin) ကြောင့် ပူပြင်းခြောက်သွေ့တဲ့ လေတွေ ပိုမိုတိုက်ခတ်လာနိုင်တာမို့ အပူချိန်တွေ ဆက်လက် မြင့်တက်နေဦးမယ်လို့ သိရပါတယ်။

Ref & Photo; Bangkok Post


မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

မင်းအောင်လှိုင်နဲ့ မတွေ့ဆုံခင် မြန်မာနိုင်ငံနဲ့ အခြေအနေပေါ် မူတည်ပြီး ပြန်လည်ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း နိုင်ငံတကာသတင်း

မင်းအောင်လှိုင်နဲ့ မတွေ့ဆုံခင် မြန်မာနိုင်ငံနဲ့ အခြေအနေပေါ် မူတည်ပြီး ပြန်လည်ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

မင်းအောင်လှိုင်နဲ့ ဩဂုတ် ၆ ရက်နေ့နဲ့ ၇ ရက်နေ့မှာ တွေ့ဆုံဖို့ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကွန်က မြန်မာနိုင်ငံနဲ့ အခြေအနေပေါ် မူတည်ပြီး ထိတွေ့ဆက်ဆံမှုတွေ ပြန်လည်စတင်ဖို့…

ဖတ်ရန်
သေဆုံးသူ ၁၆ ဦးထိ ရှိလာတဲ့ အပူလှိုင်းကြောင့် ကူညီထောက်ပံ့မှုတွေ တိုးမြှင့်ဖို့ တောင်ကိုရီးယားသမ္မတ တိုက်တွန်း နိုင်ငံတကာသတင်း

သေဆုံးသူ ၁၆ ဦးထိ ရှိလာတဲ့ အပူလှိုင်းကြောင့် ကူညီထောက်ပံ့မှုတွေ တိုးမြှင့်ဖို့ တောင်ကိုရီးယားသမ္မတ တိုက်တွန်း

တောင်ကိုရီးယားနိုင်ငံမှာ စံချိန်တင် အပူလှိုင်းဒဏ်ကြောင့် သေဆုံးသူ ၁၆ ဦးအထိ ရှိလာတဲ့အတွက် အပူဒဏ်ခံနေရသူတွေကို ကူညီထောက်ပံ့မှုတွေ ပိုမိုတိုးမြှင့်ပေးဖို့ သမ္မတ လီဂျေးမြောင် က အာဏာပိုင်တွေကို ဩဂုတ်…

ဖတ်ရန်
နိုင်ငံပေါင်း ၅၀ က B1/B2 ဗီဇာ လျှောက်ထားလိုသူတွေအနေနဲ့ ဒေါ်လာ ၂ သောင်းအထိ အာမခံကြေးပေးဆောင်ရမယ့် အစီအစဉ်ကို အမေရိကန် အတည်ပြု နိုင်ငံတကာသတင်း

နိုင်ငံပေါင်း ၅၀ က B1/B2 ဗီဇာ လျှောက်ထားလိုသူတွေအနေနဲ့ ဒေါ်လာ ၂ သောင်းအထိ အာမခံကြေးပေးဆောင်ရမယ့် အစီအစဉ်ကို အမေရိကန် အတည်ပြု

အာဖရိကနိုင်ငံ အများစုအပါအဝင် နိုင်ငံပေါင်း ၅၀ က ဗီဇာလျှောက်ထားသူတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုကို သွားရောက်ဖို့ အတွက် စီးပွားရေးနဲ့ အလည်အပတ် B1/B2 ဗီဇာ လျှောက်ထားတဲ့အခါ အမေရိကန်ဒေါ်လာ…

ဖတ်ရန်
NATO ရဲ့ စစ်ဘက်သုံးလောင်စာစီမံကိန်းဟာ စစ်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ကြောင်း မြောက်ကိုရီးယား စွပ်စွဲ နိုင်ငံတကာသတင်း

NATO ရဲ့ စစ်ဘက်သုံးလောင်စာစီမံကိန်းဟာ စစ်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ကြောင်း မြောက်ကိုရီးယား စွပ်စွဲ

ဥရောပတစ်ခွင် စစ်ရေးဆိုင်ရာ လောင်စာဆီ အခြေခံအဆောက်အအုံတွေ တိုးချဲ့တည်ဆောက်နေတာဟာ စစ်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ပြီး NATO အဖွဲ့ဟာ စစ်ကို ပိုမိုလိုလားတဲ့ အုပ်စုတစ်ခု ဖြစ်လာနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲပြစ်တင်လိုက်ပါတယ်။

ဖတ်ရန်