အရေးပေါ်
နိုင်ငံတကာသတင်း

ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို တန်ပြန်ဖို့ Starlink ဂြိုဟ်တုအင်တာနက်စနစ်ကို ရုရှားက နှောင့်ယှက်နေ

၂၀၂၆ ဇူလိုင် ၈ Myo Taw
ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို တန်ပြန်ဖို့ Starlink ဂြိုဟ်တုအင်တာနက်စနစ်ကို ရုရှားက နှောင့်ယှက်နေ

ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို တန်ပြန်ဖို့ Starlink ဂြိုဟ်တုအင်တာနက်စနစ်ကို ရုရှားက နှောင့်ယှက်နေ

ဇူလိုင် ၈

ယူကရိန်းရဲ့ မဟာဗျူဟာမြောက် ဒရုန်းတိုက်ခိုက်မှုတွေကို တားဆီးဖို့အတွက် ရုရှားဘက်က Starlink ဂြိုဟ်တုအင်တာနက်စနစ်ကို နှောင့်ယှက်နေပြီး စစ်လက်နက်ပစ္စည်းတွေကိုလည်း အရပ်သားသုံး မော်တော်ယာဉ်တွေနဲ့ ဖုံးကွယ်သယ်ယူနေတယ်လို့ ယူကရိန်းဒရုန်းတပ်ဖွဲ့ဝင်တွေက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အီလွန်မတ်စ်ရဲ့ SpaceX ကုမ္ပဏီထုတ် Starlink ဂြိုဟ်တုအင်တာနက်စနစ်ကို သုံးပြီး ရှေ့တန်းစစ်မျက်နှာပြင်ရဲ့ နောက်ကွယ်အထိ တိတိကျကျ တိုက်ခိုက်နိုင်တဲ့ ယူကရိန်းရဲ့ ဒရုန်းစစ်ဆင်ရေးတွေကြောင့် ရုရှားတပ်တွေ အထိနာ အကျပ်ရိုက်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ရုရှားဘက်က ဗိုလ်နာ ကူပေါလ် ဂါရန့် (Volna Kupol Garant) လို့ခေါ်တဲ့ အီလက်ထရောနစ်လှိုင်း နှောင့်ယှက်ရေးစနစ်တွေကို သုံးပြီး Starlink ဂြိုဟ်တုအင်တာနက်လိုင်းတွေ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်လာနေတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါပေမဲ့ ဒီလိုလှိုင်းနှောင့်ယှက်တဲ့ စနစ်တွေဟာလည်း ယူကရိန်းဒရုန်းတပ်ဖွဲ့တွေအတွက် အဓိက ပစ်မှတ်အသစ်တွေ ဖြစ်လာခဲ့ပြီး၊ လက်ရှိမှာ ယူကရိန်းရဲ့ ၄၂၂ ခုမြောက် ဒရုန်းတပ်ရင်းက လုံခြုံရေးဌာန (SBU)နဲ့ ပူးပေါင်းပြီး အဆိုပါစနစ် ၂ ခုကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုရပါတယ်။

တစ်ဖက်မှာလည်း အီလွန်မတ်စ်က ရုရှားတပ်တွေအနေနဲ့ Starlink ဂြိုဟ်တုအင်တာနက်ကို သုံးပြီး ဒရုန်းတိုက်ခိုက်မှုတွေ မလုပ်နိုင်အောင် အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး SpaceX ကုမ္ပဏီနဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနဘက်ကတော့ တစုံတရာ တုံ့ပြန်ပြောဆိုထားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

Ref & Photo; Reuters


မြို့တော် News Channel

#myotawnpt
#Myotaw

ဓာတ်ပုံများ (6)

ဆက်စပ် သတင်းများ

တရုတ်မှာ မေဆက် မုန်တိုင်းကြောင့် လူသေဆုံးမှုတွေရှိပြီး လူသောင်းနဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရ နိုင်ငံတကာသတင်း

တရုတ်မှာ မေဆက် မုန်တိုင်းကြောင့် လူသေဆုံးမှုတွေရှိပြီး လူသောင်းနဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရ

တရုတ်နိုင်ငံတောင်ပိုင်းမှာ တိုင်ဖုန်းမုန်တိုင်း မေဆက် မုန်တိုင်းကြောင့် ရေကာတာတွေကျိုးပေါက်ပြီး အရေးပေါ်အခြေအနေတွေ ကြုံတွေ့နေရပါတယ်။

ဖတ်ရန်
ထရမ့်နဲ့ မတွေ့ဆုံခင် ဘီလီယံချီတန်တဲ့ လက်နက်အရောင်းအဝယ်တွေကို နေတိုးအဖွဲ့ ကြေညာဖို့ ရှိနေ နိုင်ငံတကာသတင်း

ထရမ့်နဲ့ မတွေ့ဆုံခင် ဘီလီယံချီတန်တဲ့ လက်နက်အရောင်းအဝယ်တွေကို နေတိုးအဖွဲ့ ကြေညာဖို့ ရှိနေ

ဥရောပကာကွယ်ရေးအတွက် အသုံးစရိတ်တိုးမြှင့်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တိုက်တွန်းမှုကို လက်တွေ့အကောင်အထည်ဖော်နေကြောင်း ပြသဖို့ ရည်ရွယ်ပြီး ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ကြေးရှိမယ့် လက်နက်အရောင်းအဝယ် သဘောတူညီချက်တွေကို နေတိုး (NATO)…

ဖတ်ရန်
တရုတ်နျူကလီးယားရေငုပ်သင်္ဘောကနေ ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့တာကြောင့် ပစိဖိတ်ဒေသအတွင်း စိုးရိမ်မှုမြင့်တက် နိုင်ငံတကာသတင်း

တရုတ်နျူကလီးယားရေငုပ်သင်္ဘောကနေ ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့တာကြောင့် ပစိဖိတ်ဒေသအတွင်း စိုးရိမ်မှုမြင့်တက်

တရုတ်စစ်တပ်က ဒီကနေ့ ဇူလိုင်လ ၆ ရက်နေ့မှာ ပစိဖိတ်သမုဒ္ဒရာအတွင်းကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကနေ ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့တာကြောင့် ဂျပန်၊ ဩစတြေးလျနဲ့ နယူးဇီလန်တို့က ဒေသတွင်းလုံခြုံရေးအတွက် စိုးရိမ်မှုတွေ…

ဖတ်ရန်
လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပူးပေါင်းရင်ဆိုင်ဖို့ တရုတ်နဲ့ ရုရှား ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင် နိုင်ငံတကာသတင်း

လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပူးပေါင်းရင်ဆိုင်ဖို့ တရုတ်နဲ့ ရုရှား ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

လာမယ့်သီတင်းပတ်အတွင်း တရုတ်နိုင်ငံ ချင်းတောင်မြို့ ကမ်းလွန်ပင်လယ်ပြင်နဲ့ လေပိုင်နက်တွေမှာ တရုတ်နဲ့ ရုရှားရေတပ်တွေက ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဖတ်ရန်