အရေးပေါ်
နိုင်ငံတကာသတင်း

ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ်

၂၀၂၆ အောက်တိုဘာ ၁၃ Myo Taw
ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ်

ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ်

အောက်တိုဘာ ၁၃

ကမ္ဘာကျော် ဒတ်ခ်ျပန်းချီဆရာကြီး ဗင်းဆင့် ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ရှားပါးလက်ရာတခုကို လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့ နယူးယောက်မြို့ ဆော့သ်ဘီလေလံအိမ်မှာ လေလံတင် ရောင်းချသွားတော့မယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အဆိုပါ ပန်းချီကားဟာ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ဝန်းကျင်အထိ ရရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး ဗန်ဂိုးရဲ့ လက်ရာတွေထဲမှာ လေလံဈေးနှုန်း စံချိန်သစ်တင်နိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

“ပန်းပွင့်နေသော သစ်အယ်ပင်များ” “Châtaigniers en fleurs” လို့ အမည်ရတဲ့ အဆိုပါပန်းချီကားကို ၁၈၉၀ ပြည့်နှစ် မေလမှာ ရေးဆွဲခဲ့တာဖြစ်ပြီး ပန်းပွင့်တွေနဲ့ ဝေဆာနေတဲ့ သစ်အယ်ပင်ကြီးတပင်ကို ပုံဖော်ထားတာပါ။ ဒီလက်ရာဟာ ဗန်ဂိုးမကွယ်လွန်မီ နောက်ဆုံးကာလတွေအတွင်း ရေးဆွဲခဲ့တဲ့ အရေးပါတဲ့ ပန်းချီကားတွေထဲက တစ်ချပ်လည်း ဖြစ်ပါတယ်။

ဗန်ဂိုးဟာ ဒီပန်းချီကားကို ရေးဆွဲပြီး နှစ်လခန့်အကြာမှာ ပြင်သစ်နိုင်ငံ အိုဗဲ-ဆူရာအွာ့ဇ်ရွာမှာ အသက် ၃၇ နှစ်အရွယ်နဲ့ ကွယ်လွန်ခဲ့ပါတယ်။

အခုလေလံပွဲမှာ ဒီပန်းချီကားအပြင် နှစ်ပေါင်းများစွာ အများပြည်သူရှေ့ မပြသခဲ့တဲ့ ပန်းချီလက်ရာ စုစုပေါင်း ၁၂ ခုကို လေလံတင် ရောင်းချသွားမှာဖြစ်ပြီး ကမ္ဘာကျော်ပန်းချီဆရာတွေဖြစ်တဲ့ ပေါလ် ဆီဇန်းနဲ့ ကလော့ဒ် မိုနေးတို့ရဲ့ လက်ရာတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

“ပန်းပွင့်နေသော သစ်အယ်ပင်များ” ပန်းချီကားကို ကြည့်ရှုဖို့ အောက်တိုဘာလ ၁၃ ရက်နေ့က ဟောင်ကောင်မြို့မှာ လူရာနဲ့ချီ တန်းစီခဲ့ကြပြီး လေလံပွဲမတိုင်မီကတည်းက အနုပညာလောကရဲ့ စိတ်ဝင်စားမှုကို ရရှိနေပါတယ်။

Ref & Photo: Reuters

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ နိုင်ငံတကာသတင်း

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးရေလျှံမှု နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦး ပျောက်ဆုံးနေပြီး နီပေါစစ်တပ်က ဘေးသင့်ဒေသတွေဆီကို သွားရောက်ကာ အရေးပေါ်…

ဖတ်ရန်
သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးလို့ နော်ဝေအတွက် “ဖျောက်ဖျက်မရတဲ့ သမိုင်းအမည်းစက်” ကျန်ခဲ့ပြီလို့ ထရမ့်ပြော နိုင်ငံတကာသတင်း

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးလို့ နော်ဝေအတွက် “ဖျောက်ဖျက်မရတဲ့ သမိုင်းအမည်းစက်” ကျန်ခဲ့ပြီလို့ ထရမ့်ပြော

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးခဲ့တဲ့အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မကျေမနပ် ထပ်မံထုတ်ဖော်ပြောဆိုလိုက်ပြီး၊ ဒါဟာ အလွန်ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်သလို နော်ဝေနိုင်ငံ အတွက်လည်း ဘယ်တော့မှ…

ဖတ်ရန်
ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ "ပိုးဟပ်"အဖွဲ့က ဆန္ဒပြဖို့ ပြင်ဆင်နေချိန် ဒေလီမြို့မှာ လုံခြုံရေး အပြည့်ချပြီး ပိတ်ဆို့ထား နိုင်ငံတကာသတင်း

ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ "ပိုးဟပ်"အဖွဲ့က ဆန္ဒပြဖို့ ပြင်ဆင်နေချိန် ဒေလီမြို့မှာ လုံခြုံရေး အပြည့်ချပြီး ပိတ်ဆို့ထား

အိန္ဒိယနိုင်ငံမှာ နိုင်ငံသား သန်း ၁၃၀ ကျော်ရဲ့ မဲပေးပိုင်ခွင့် ဆုံးရှုံးစေခဲ့တဲ့ မဲစာရင်းကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ "ပိုးဟပ်" လူငယ်လှုပ်ရှားမှုအဖွဲ့က…

ဖတ်ရန်