အရေးပေါ်
ပြည်တွင်းသတင်း

ညောင်ရွှေမြို့ တစ်ဝက်ခန့် ရေနစ်မြုပ်နေပြီး ကယ်ဆယ်ရေးနှင့် စားနပ်ရိက္ခာအကူအညီတွေ အရေးပေါ်လိုအပ်နေ

၂၀၂၆ နိုဝင်ဘာ ၁၂ Myo Taw
ညောင်ရွှေမြို့ တစ်ဝက်ခန့် ရေနစ်မြုပ်နေပြီး ကယ်ဆယ်ရေးနှင့် စားနပ်ရိက္ခာအကူအညီတွေ အရေးပေါ်လိုအပ်နေ

ညောင်ရွှေမြို့ တစ်ဝက်ခန့် ရေနစ်မြုပ်နေပြီး ကယ်ဆယ်ရေးနှင့် စားနပ်ရိက္ခာအကူအညီတွေ အရေးပေါ်လိုအပ်နေ

နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ တောင်ကျရေတွေ ထပ်မံဝင်ရောက် လာတာကြောင့် နိုဝင်ဘာလ ၁၂ ရက် ဒီကနေ့မှာ မြို့ရဲ့တစ်ဝက်ခန့် ရေနစ်မြုပ်နေပြီး ရပ်ကွက်အချို့ နေအိမ်အပေါ်ထပ်တွေအထိ ရေဝင်ရောက်နေတာကြောင့် ဒေသခံတွေ အရေးပေါ်ရွှေ့ပြောင်းနေရကာ ကယ်ဆယ်ရေးနဲ့ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းခန့်က ရေအနည်းငယ်ပြန်လည်ကျဆင်းသွားခဲ့ပေမဲ့ ဒီနေ့ မနက်ပိုင်းမှ စတင်ကာ ရေပြန်လည်မြင့်တက်လာတာဖြစ်ပြီး မနက် ၇ နာရီဝန်းကျင်ကတည်းက ညောင်ရွှေ မြို့မဈေး အနောက်ဘက်ခြမ်းရှိ လမ်းမကြီးတွေ၊ လူနေရပ်ကွက်တွေနဲ့ ဆိုင်ခန်းတွေအတွင်း ရေများဝင်ရောက်နေခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ တောင်လေးလုံးဘက်မှ စီးဝင်လာတဲ့ရေတွေဟာ ညောင်ရွှေမြို့အရှေ့ဘက် တောင်တန်းတွေမှ တောင်ကျရေတွေနဲ့ ရွှေညောင်ဘက်မှ စီးဆင်းလာတဲ့ ရေတွေပေါင်းဆုံကာ မြို့တွင်းရေကြီးမှု ပိုမိုဆိုးရွားလာသလို စက်လှေဆိပ်အနီးရှိ အင်းရေပြင်နဲ့ မြို့တွင်းရေပြင် တစ်သားတည်း ဖြစ်လုနီးပါးအထိ ရေမြင့်တက်လာပြီး တိန့်နန်းတံတားမှာလည်း ရေကျော်တော့မယ့် အခြေအနေရှိနေတယ်လို့ သိရပါတယ်။

“ည ၁ နာရီကတည်းက ခါးလောက်ရေထဲမှာ ပစ္စည်းတွေ ရွှေ့နေရတာ အခုမနက်ထိပဲ။ မနက်ရောက်တော့ ဗိုက်ကဆာ၊ ချက်ဖို့ကလည်း မီးဖိုက ရေမြုပ်နေပြီဆိုတော့ ထမင်းထုပ် လာဝေတဲ့သူကိုပဲ မျှော်နေမိတာ” လို့ ရေဘေးသင့်ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ ဝင်းရပ်၊ မြို့လယ်ရပ်၊ သာစည်ရပ်၊ နန်းပန်ရပ်နဲ့ ကံသာရပ်တို့မှာ နေအိမ်အပေါ်ထပ်တွေအထိ ရေဝင်ရောက်နေပြီး မြို့အနောက်ဘက်ခြမ်းရှိ ဒေသခံအများအပြားမှာ နေအိမ်တွေကို စွန့်ခွာကာ ဘုန်းကြီးကျောင်းတွေ၊ ရေဘေးကယ်ဆယ်ရေး စခန်းတွေနဲ့ အသိမိတ်ဆွေ နေအိမ်တွေမှာ ပြောင်းရွှေ့ ခိုလှုံနေရကြရတယ်လို့လည်း သိရပါတယ်။

ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပေမဲ့ လိုအပ်တဲ့လူအင်အား မလုံလောက်တဲ့အပြင် အချို့နေရာတွေမှာ လျှပ်စစ်မီးပြတ်တောက်နေပြီး ဖုန်းလိုင်းတွေလည်း ဆက်သွယ်မရတဲ့ အခြေအနေတွေ ရှိနေတယ်လို့လည်း ရေးဘေးကယ်ဆယ်ရေးလုပ်ဆောင် သူတွေထံမှလည်း သိရပါတယ်။

“၂၀၂၄ ခုနှစ် ရေကြီးတုန်းကနဲ့ နှိုင်းယှဉ်ရင် ဒီတစ်ကြိမ်မှာ တစ်ရက်လောက် ကြိုတင်ပြင်ဆင်ချိန်ရခဲ့တာပဲ ကွာပါတယ်။ ကျန်တဲ့အခြေအနေတွေကတော့ အတော်လေးဆိုးပါတယ်။ ဒီညအထိ မိုးဆက်ရွာနေမယ်ဆိုရင် ၂၀၂၄ ခုနှစ်က ရေကြီးမှုစံချိန်ကိုတောင် ကျော်သွားနိုင်တဲ့ အခြေအနေရှိပါတယ်” လို့ ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်နေသူ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီနေ့နေ့လယ်ပိုင်းအထိ တောင်ပေါ်ဒေသတွေမှာ မိုးဆက်လက်ရွာသွန်းနေတာကြောင့် တောင်ကျရေတွေ ထပ်မံဝင်ရောက်လာနိုင်ကာ ညောင်ရွှေမြို့တွင်း ရေဆက်လက်တိုးလာနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့လည်း သိရပါတယ်။

အလားတူ ညောင်ရွှေမြို့ရှိ ရေဘေးသင့်ပြည်သူတွေအနေနဲ့ နေအိမ်တွေကနေ အရေးပေါ်ထွက်ခွာနေရပြီး အစားအသောက် ချက်ပြုတ်ဖို့ရာ မီးဖိုတွေ ရေမြုပ်နေတဲ့အတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ကယ်ဆယ်ရေးလှေတွေနဲ့ လူအင်အား အရေးပေါ် လိုအပ်နေတယ်လို့လည်း သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံး ရုပ်သံ ပြည်တွင်းသတင်း

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံး

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဓာတ်ဆီတန်းဆီနေတဲ့ ရုပ်သံကို TikTok ပေါ်တင်တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရ ပြည်တွင်းသတင်း

ဓာတ်ဆီတန်းဆီနေတဲ့ ရုပ်သံကို TikTok ပေါ်တင်တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ဓာတ်ဆီတန်းဆီဝယ်နေသူတွေကို ဗီဒီယိုရိုက်ကာ TikTok ပေါ်တင်ခဲ့တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ဆိုင်ကယ်စီးလာသူကို နားရင်းလှမ်းအုပ်တဲ့ ကျောင်းသားအဖွဲ့ ဓားနဲ့ ဆင်းထိုးခံရလို့ ၁ ဦး သေဆုံး ပြည်တွင်းသတင်း

ဆိုင်ကယ်စီးလာသူကို နားရင်းလှမ်းအုပ်တဲ့ ကျောင်းသားအဖွဲ့ ဓားနဲ့ ဆင်းထိုးခံရလို့ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ သပြေလှကျေးရွာ၊ (၇)လမ်းထိပ်က ထရန်စဖော်မာအနီးမှာ ကျောင်းသားချင်း ရန်ဖြစ်ရာက ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်