အရေးပေါ်
ပြည်တွင်းသတင်း

အမြောက်တပ်က စစ်သား ၂ ဦး သေနတ်ယူဆောင် ထွက်ပြေးသွားလို့ အပူတပြင်း ရှာဖွေနေ

၂၀၂၆ စက်တင်ဘာ ၂၁ Myo Taw
အမြောက်တပ်က စစ်သား ၂ ဦး သေနတ်ယူဆောင် ထွက်ပြေးသွားလို့ အပူတပြင်း ရှာဖွေနေ

အမြောက်တပ်က စစ်သား ၂ ဦး သေနတ်ယူဆောင် ထွက်ပြေးသွားလို့ အပူတပြင်း ရှာဖွေနေ

စက်တင်ဘာ ၂၁

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အမတ (၃၄၄)၊ အမြောက်တပ်မှ တပ်ကြပ်တဦးနဲ့ စစ်မှုထမ်းအပတ်စဥ် ၈ က တပ်သားတဦး ဟာ သေနတ်တလက်၊ လက်ပစ်ဗုံးတလုံးနဲ့အတူ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၇ ရက် ည ၈ နာရီဝန်းကျင်ခန့်က ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အမြောက်တပ်က စစ်သား ၂ ဦး သေနက်တလက်နဲ့ ထွက်ပြေးသွားလို့ အာဏာသိမ်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပူတပြင်း လိုက်လံရှာဖွေခဲ့ကြတယ်လို့ သိရပါတယ်။

"အချုပ်ခန်း ဖောက်ပြေးတာလို့ ကြားတယ်၊ ကင်းစောင့်ရင်း ပြေးတယ်လည်း ပြောနေကြတယ်၊ ဘယ်ဟာ အတည်လည်းတော့ မပြောတတ်ဘူး၊ ခုထိပြန်ဖမ်းမမိသေးဘူး၊ သေနက်တလက်နဲ့ လက်ပစ်ဗုံးတလုံးလည်း ပါသွားတယ်လို့ ပြောသံကြားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

စက်တင်ဘာလ ၂၁ ရက် ဒီကနေ့ မနက်ပိုင်းထိ ထွက်ပြေးသွားတဲ့ စစ်သား ၂ ဦးကို ဖမ်းဆီးရမိတာမျိုး မရှိသေးဘူးလို့ သိရပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်ကလည်း ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ အာဏာသိမ်း စစ်စခန်းတခုက စစ်သား ၃ ဦး ထွက်ပြေးခဲ့သေးတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အင်းတော်-ကောလင်း-ထီးချိုင့်အစပ် ဒိုးပင်တောင်ရိုးမှာ စစ်ရှောင် ၃ ဦးကို အာဏာသိမ်းစစ်တပ်က သတ်ပစ်ခဲ့ ရုပ်သံ ပြည်တွင်းသတင်း

အင်းတော်-ကောလင်း-ထီးချိုင့်အစပ် ဒိုးပင်တောင်ရိုးမှာ စစ်ရှောင် ၃ ဦးကို အာဏာသိမ်းစစ်တပ်က သတ်ပစ်ခဲ့

အင်းတော်-ကောလင်း-ထီးချိုင့်အစပ် ဒိုးပင်တောင်ရိုးမှာ စစ်ရှောင်ပြည်သူ ၃ ဦးကို အာဏာသိမ်းစစ်တပ်က သတ်ပစ်ခဲ့တဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
နိုဝင်ဘာ ၄ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

နိုဝင်ဘာ ၄ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

နိုဝင်ဘာ ၄ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
နာရေးအိမ်ကပုခက်မှာ ဖုန်းသုံးနေချိန် နေရာဖယ်ခိုင်းရာက ဓားထိုးမှုဖြစ်ပြီး ဆယ်ကျော်သက် လူငယ်တဦးသေဆုံး ရုပ်သံ ပြည်တွင်းသတင်း

နာရေးအိမ်ကပုခက်မှာ ဖုန်းသုံးနေချိန် နေရာဖယ်ခိုင်းရာက ဓားထိုးမှုဖြစ်ပြီး ဆယ်ကျော်သက် လူငယ်တဦးသေဆုံး

နာရေးအိမ်ကပုခက်မှာ ဖုန်းထိုင်သုံးနေချိန် နေရာဖယ်ခိုင်းရာက ဓားထိုးမှုဖြစ်ပြီး ဆယ်ကျော်သက်အရွယ် လူငယ်တဦးသေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်