အမြောက်တပ်က စစ်သား ၂ ဦး သေနတ်ယူဆောင် ထွက်ပြေးသွားလို့ အပူတပြင်း ရှာဖွေနေ
စက်တင်ဘာ ၂၁
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အမတ (၃၄၄)၊ အမြောက်တပ်မှ တပ်ကြပ်တဦးနဲ့ စစ်မှုထမ်းအပတ်စဥ် ၈ က တပ်သားတဦး ဟာ သေနတ်တလက်၊ လက်ပစ်ဗုံးတလုံးနဲ့အတူ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၇ ရက် ည ၈ နာရီဝန်းကျင်ခန့်က ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အမြောက်တပ်က စစ်သား ၂ ဦး သေနက်တလက်နဲ့ ထွက်ပြေးသွားလို့ အာဏာသိမ်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပူတပြင်း လိုက်လံရှာဖွေခဲ့ကြတယ်လို့ သိရပါတယ်။
"အချုပ်ခန်း ဖောက်ပြေးတာလို့ ကြားတယ်၊ ကင်းစောင့်ရင်း ပြေးတယ်လည်း ပြောနေကြတယ်၊ ဘယ်ဟာ အတည်လည်းတော့ မပြောတတ်ဘူး၊ ခုထိပြန်ဖမ်းမမိသေးဘူး၊ သေနက်တလက်နဲ့ လက်ပစ်ဗုံးတလုံးလည်း ပါသွားတယ်လို့ ပြောသံကြားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
စက်တင်ဘာလ ၂၁ ရက် ဒီကနေ့ မနက်ပိုင်းထိ ထွက်ပြေးသွားတဲ့ စစ်သား ၂ ဦးကို ဖမ်းဆီးရမိတာမျိုး မရှိသေးဘူးလို့ သိရပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်ကလည်း ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ အာဏာသိမ်း စစ်စခန်းတခုက စစ်သား ၃ ဦး ထွက်ပြေးခဲ့သေးတယ်လို့ သိရပါတယ်။
မြို့တော် News Channel