အရေးပေါ်
ပြည်တွင်းသတင်း

ရွာငံမြို့ ပြည်သူဆေးရုံးအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က အကျအဆုံးရှိ

၂၀၂၆ အောက်တိုဘာ ၂ Myo Taw
ရွာငံမြို့ ပြည်သူဆေးရုံးအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က အကျအဆုံးရှိ

ရွာငံမြို့ ပြည်သူဆေးရုံးအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က အကျအဆုံးရှိ

အောက်တိုဘာ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့ပေါ်က ပြည်သူ့ဆေးရုံကြီးအနီးမှာ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ရာက နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁ ရက် မနေ့က ညနေ ၃ နာရီဝန်းကျင်ခန့်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပြီး တိုက်ပွဲကြာချိန် မိနစ် ၄၀ ကျော် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

"စစ်တပ်ဘက်က ၃ ယောက် သေတယ်လို့ကြားတယ်။ စောင့်ပစ်တာထင်တယ်၊ လက်နက်ကြီးသံတွေကော ကြားတယ်။ တိုက်ပွဲပြီးတဲ့အချိန်သွားတာ စစ်သားတွေ လဲနေတာတွေ့ခဲ့တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရွာငံမြို့အနီး နွားဘန်းကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်ဘက်က အင်အားဖြည့် တပ်စွဲထားခဲ့ပြီး ကျေးရွာထဲမှာ ည ၈ နာရီအချိန်သွားလာမှုကို ကန့်သတ်ထာခဲ့တယ်လို့ သိရပြီး ရွာသားတွေကိုလည်း မကြာခဏ လူစာရင်းစစ်တယ်လို့ သိရပါတယ်။

"ရွာမှာ ၄ နာရီနောက်ပိုင်း ဘယ်သူမှ အပြင်မထွက်ရဲဘူး။ ရွာထဲကလူစာရင်းကို မကြာမကြာစစ်တယ်။ ပျောက်တဲ့သူ PDF ပဲဆိုပြီး စစ်တာ၊ မြို့ပေါ်ကျတော့ ကားနဲ့ကင်းလှည့်နေတယ်" လို့ ဒေသခံတဦးက ထပ်မံပြောဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယပတ်လောက်က တော်လှန်ရေးဘက်က တပ်ဖွဲ့ဝင်တဦး အာဏာသိမ်းစစ်တပ်ဘက်ကို လက်နက်ချ ဝင်ရောက်သွားခဲ့ပြီးနောက် တော်လှန်ရေးတပ်တွေနဲ့ ဆက်သွယ်သူတွေ ဖမ်ဆီးထိန်းသိမ်းခံခဲ့ရပြီး ဒေသခံ ၈ ဦး တရားဆွဲဆိုခံထားရတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အယ်လ်နီညို အမြင့်ဆုံး အခြေအနေသို့ နှစ်ကုန်ပိုင်းမှာ ရောက်ရှိနိုင်တယ်လို့ဆို မိုးလေဝသ

အယ်လ်နီညို အမြင့်ဆုံး အခြေအနေသို့ နှစ်ကုန်ပိုင်းမှာ ရောက်ရှိနိုင်တယ်လို့ဆို

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ အောက်တိုဘာ ၁ ရက် ထုတ်ပြန်ချက်အရ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့်…

ဖတ်ရန်
မိုးမိတ်မြို့ အနီးက အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းကို သိမ်းပိုက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်တွေ တပ်ပြန်ဆုတ်သွား ပြည်တွင်းသတင်း

မိုးမိတ်မြို့ အနီးက အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းကို သိမ်းပိုက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်တွေ တပ်ပြန်ဆုတ်သွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီး ညောင်နီကျေးရွာရှိ ရွှေမြင့်တင်တောင်က အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တပ်ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဖတ်ရန်
ဒကာ၊ ဒကာမတွေနဲ့အတူ ကခုန်ခဲ့တဲ့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကို လူဝတ်လဲကာ နယ်နှင်ဒဏ်ပေး ပြည်တွင်းသတင်း

ဒကာ၊ ဒကာမတွေနဲ့အတူ ကခုန်ခဲ့တဲ့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကို လူဝတ်လဲကာ နယ်နှင်ဒဏ်ပေး

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ သင်္ကန်းဝတ်နဲ့ အမျိုးသမီးတွေနဲ့အတူ ကခုန်ခဲ့တဲ့ ဘုန်းကြီးကို သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က လူဝတ်လဲပြီး နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။

ဖတ်ရန်
တိုက်ခန်းပေါ် ဆန်းရှိတ်တက်ပြင်တဲ့ အမျိုးသား ခြေချော်ပြီး ပြုတ်ကျလို့ သေဆုံး ပြည်တွင်းသတင်း

တိုက်ခန်းပေါ် ဆန်းရှိတ်တက်ပြင်တဲ့ အမျိုးသား ခြေချော်ပြီး ပြုတ်ကျလို့ သေဆုံး

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းရှိ တိုက်ခန်းတခုပေါ်က ဆန်းရှိတ်ကို တက်ပြင်တဲ့ အမျိုးသား ခြေချော်ပြီး ပြုတ်ကျကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်