အရေးပေါ်
ပြည်တွင်းသတင်း

မီးပေးချိန် မမှန်ဘဲ ပြည်သူတွေကိုသာ လျှပ်စစ်ချွေတာဖို့ တိုက်တွန်းနေမှု ဝေဖန်ခံနေရ

၂၀၂၆ နိုဝင်ဘာ ၁၈ Myo Taw
မီးပေးချိန် မမှန်ဘဲ ပြည်သူတွေကိုသာ လျှပ်စစ်ချွေတာဖို့ တိုက်တွန်းနေမှု ဝေဖန်ခံနေရ

မီးပေးချိန် မမှန်ဘဲ ပြည်သူတွေကိုသာ လျှပ်စစ်ချွေတာဖို့ တိုက်တွန်းနေမှု ဝေဖန်ခံနေရ

နိုဝင်ဘာ ၁၈

လျှပ်စစ်မီးပြန်လာချိန် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို တပြိုင်နက်ဖွင့်သုံးတာမျိုး မပြုလုပ်ဖို့ အာဏာသိမ်းအစိုးရလက်‌အောက်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တိုက်တွန်းထားပေမယ့် မီးပေးချိန် မမှန်တာ၊ မိနစ်ပိုင်းအတွင်း ပြန်လည်ပြတ်တောက်နေတာတွေကို ဖြေရှင်းပေးဖို့ ပျက်ကွက်နေပြီး ပြည်သူအပေါ်ကိုသာ တာဝန်လွှဲချနေတဲ့ပုံစံ ဖြစ်နေတယ်လို့ ပြည်သူတွေရဲ့ ဝေဖန်မှုတွေအရ သိရပါတယ်။

လျှပ်စစ်ဓာတ်အား အလှည့်ကျဖြန့်ဖြူးနေစဉ် မီးပြန်လာတာနဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို တပြိုင် နက်ဖွင့်သုံးတာကြောင့် ဓာတ်အားလိုင်းဝန်ကို ရုတ်တရက် မြင့်စေတက်ကာ မီးပြန်လည်ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာလို့ ဝန်ကြီးဌာနက ပြောဆိုထားတာပါ။

မြေပြင်မှာတော့ မီးလာချိန်ဆို သတ်မှတ်ချက်အတိုင်း ဓာတ်အားမရရှိဘဲ ၅ မိနစ်၊ ၁၅ မိနစ်ခန့်သာ မီးလာပြီး ပြန်လည်ပြတ်တောက်နေတာတွေကြောင့် မီးလာအချိန်ကို အလွတ်မခံနိုင်ဘဲ လိုအပ်တဲ့ပစ္စည်းတွေကို တပြိုင်နက်တည်း အသုံးပြုနေရတယ်လို့ သိရပါတယ်။

“ထမင်းအိုးတလုံးကျက်ဖို့တောင် စောင့်နေရတယ်။ ငါးမိနစ်လောက်လာပြီး ပြန်ပျက်သွားတာ၊ ၁၅ မိနစ်လောက်လာပြီး ပြန်ပျက်သွားတာမျိုး ခဏခဏကြုံရတယ်။ ထမင်းမကျက်လို့ မီးမွှေးပြီး ပြန်ချက်နေရတာ အခါခါပဲ။ မီးကို သတ်မှတ်ထားတဲ့အတိုင်း ပေးနိုင်ရင် ထမင်းချက်တာ၊ ဟင်းချက်တာ၊ ရေတင်တာတွေကို အလှည့်ကျလုပ်လို့ရတယ်။ အခုလို မီးလာချင်လာ၊ ပျက်ချင်ပျက် စနစ်ဖြစ်နေသရွေ့တော့ မီးလာတဲ့အချိန်မှာ ရှိသမျှ အကုန်သုံးနေရဦးမှာပဲ” လို့ မရမ်းကုန်းမြို့နေ ပြည်သူတဦးက ပြောပါတယ်။

လျှပ်စစ်မီးအသုံးပြုမှုအပေါ် ကန့်သတ်ချက်တွေနဲ့ တိုက်တွန်းချက်တွေ ရှိနေပေမယ့် မီတာခပေးဆောင်မှု နောက်ကျပါက ဒဏ်ကြေးကောက်ခံတာ၊ မီတာဖတ်တာနဲ့ ငွေတောင်းခံလွှာတွေ အချိန်မီရရှိရေး အပေါ်မှာတော့ အားနည်းချက်တွေ ရှိနေပါတယ်။

လျှပ်စစ်မီးဟာ နေ့စဉ်စားဝတ်နေရေးနဲ့ အလုပ်အကိုင်အတွက် မရှိမဖြစ် လိုအပ်တာကြောင့် လျှပ်စစ်ပစ္စည်းတွေ တပြိုင်နက်မသုံးဖို့ တိုက်တွန်းရုံသာမက မီးပေးဝေမှုစနစ်ကိုပါ တာဝန်ယူပြုပြင်ပေးဖို့ လိုအပ်တယ်လို့ ပြည်သူတွေက ထောက်ပြပြောဆိုနေကြပါတယ်။

“မီးပေးတာ အချိန်နည်းရင် နည်းပါစေ၊ အချိန်မှန်တော့ ပေးစေချင်တယ်။ အခုက တနေ့တမျိုး၊ လာချင်တဲ့အချိန်မှ လာပြီး ပြတ်ချင်တဲ့အချိန် ပြတ်သွားတော့ အလုပ်လုပ်ရတာ၊ ချက်ပြုတ်ရတာကအစ အဆင်မပြေဘူး။ မီးက အာမခံချက်မရှိဘဲ ခဏပဲလာတတ်တော့ လာတဲ့အချိန်မှာ လိုအပ်တာတွေ အကုန်လုပ်ထားရတယ်။ အဲဒါကို တပြိုင်နက်မသုံးဖို့ ပြောတာက ပြည်သူတွေရဲ့ လက်တွေ့အခက်အခဲကို နားမလည်တာပဲ” လို့ အသေးစား တပိုင်တနိုင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

မီးလာချိန်မှာ တပြိုင်နက်အသုံးပြုမှုကို လျှော့ချစေလိုပါက ရပ်ကွက်နဲ့ ဧရိယာအလိုက် အချိန်ဇယားတိကျစွာ သတ်မှတ်ပေးဖို့နဲ့ မီးပေးချိန်အပေါ် ယုံကြည်စိတ်ချရမှု ရှိစေဖို့ လိုအပ်တယ်လို့ ပြည်သူတွေက ထောက်ပြပြောဆိုနေကြပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား ရုပ်သံ Daily NEWS

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွားတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု…

ကြည့်ရန်
ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ ပြည်တွင်းသတင်း

ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာမှာ ကားနဲ့ ခရီးသွားခဲ့တဲ့ အမျိုးသားတဦး အမည်မသိ လူ ၂ ဦးရဲ့ သေနတ်နဲ့ စောင့်ကြိုပစ်ခတ်ခြင်းခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ အလုပ်သမားရေးရာ

ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ

ပြည်ပရောက် အလုပ်သားတွေရဲ့ လုပ်ခလစာ ငွေလွှဲနှုန်းကို အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၆၀၀ အထိ တိုးမြှင့်ပေးမယ်လို့ ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့က နိုဝင်ဘာ ၁၉…

ဖတ်ရန်
ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား ပြည်တွင်းသတင်း

ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ဗဟိုဈေးအနီး ဈေးတောင်ဘက်တိုက်တန်းက 'ရွှေတောင်တန်း' ရွှေဆိုင် ဓားပြတိုက်လုယက်ခံရပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိ ရွှေဆွဲကြိုးတွေ ပါသွားခဲ့တယ်လို့ ဒေသတွင်း…

ဖတ်ရန်