အရေးပေါ်
ပြည်တွင်းသတင်း

ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ

၂၀၂၆ နိုဝင်ဘာ ၂၁ Myo Taw
ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ

ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ

နိုဝင်ဘာ ၂၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာမှာ ကားနဲ့ ခရီးသွားခဲ့တဲ့ အမျိုးသားတဦး အမည်မသိ လူ ၂ ဦးရဲ့ သေနတ်နဲ့ စောင့်ကြိုပစ်ခတ်ခြင်းခံရတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၁ ရက်၊ ဒီကနေ့ မနက် ၄ နာရီခွဲခန့်က ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာဘက်ကနေ တောင်စွန်းကျေးရွာဘက်ကို ဘီးလင်း-တောင်စွန်း-ဝင်းက ကားလမ်းအတိုင်း ကားနဲ့တဦးတည်း ခရီးသွားရာက ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာအနီးမှာ အမျိုးသား ၂ ဦးက လက်နက်ငယ်နဲ့ ၆ ချက် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

“သေနတ်နဲ့ ကားကို လမ်းဘေးကနေ လှမ်းပစ်တာ၊ လုတာလား မသိဘူး။ ဆင်းအင်းရွာဘက် ဆိုင်ကယ်နဲ့ ပြန်ထွက်သွားတယ်လို့ ပြောတယ်၊ ဘာလို့ပစ်တာတော့ မသိသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ရတာကြောင့် ဦးမောင်စံ ဆိုသူ ဝဲဘက်နံ၊ လက်မောင်းနဲ့ ဝမ်းဗိုက်တွေမှာ လက်နက်ငယ် ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်(စိုးရိမ်ရ)ထိမှန်ခဲ့ပြီး ပစ်ခတ်ခဲ့တဲ့သူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား ရုပ်သံ ပြည်တွင်းသတင်း

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွားတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု…

ကြည့်ရန်
ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ အလုပ်သမားရေးရာ

ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ

ပြည်ပရောက် အလုပ်သားတွေရဲ့ လုပ်ခလစာ ငွေလွှဲနှုန်းကို အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၆၀၀ အထိ တိုးမြှင့်ပေးမယ်လို့ ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့က နိုဝင်ဘာ ၁၉…

ဖတ်ရန်
ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား ပြည်တွင်းသတင်း

ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ဗဟိုဈေးအနီး ဈေးတောင်ဘက်တိုက်တန်းက 'ရွှေတောင်တန်း' ရွှေဆိုင် ဓားပြတိုက်လုယက်ခံရပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိ ရွှေဆွဲကြိုးတွေ ပါသွားခဲ့တယ်လို့ ဒေသတွင်း…

ဖတ်ရန်
မြို့နယ်အုပ်ချုပ်ရေးမှူး မျက်နှာဒဲ့ကြည့်ပြီး "ဘာကောင်ကြီး ဖြစ်နေနေ ဂရုမစိုက်ဘူး၊ မကြောက်ဘူး" ပြောခဲ့တယ်လို့ ရပ်ကွက်အုပ်ကြီး ကြွားလုံးထုတ်နေမှုအပေါ် ဝန်ထမ်းတွေ မကျေနပ်ဖြစ်နေ ပြည်တွင်းသတင်း

မြို့နယ်အုပ်ချုပ်ရေးမှူး မျက်နှာဒဲ့ကြည့်ပြီး "ဘာကောင်ကြီး ဖြစ်နေနေ ဂရုမစိုက်ဘူး၊ မကြောက်ဘူး" ပြောခဲ့တယ်လို့ ရပ်ကွက်အုပ်ကြီး ကြွားလုံးထုတ်နေမှုအပေါ် ဝန်ထမ်းတွေ မကျေနပ်ဖြစ်နေ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၇၈) ရပ်ကွက်အုပ်ချုပ်ရေးမှူး အတာကြီး (ခ) မျိုးဝင်း ဆိုသူဟာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး မျက်နှာကို ဒဲ့ကြည့်ပြီး "ဘာကောင်ကြီး ဖြစ်နေနေ ဂရုမစိုက်ဘူး၊…

ဖတ်ရန်