ဆယ်လီတဦးကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ် အိမ်ထဲအတင်းဝင်ပြီး လက်ထပ်ခွင့်တောင်းရာက ရိုက်နှက်ခံရလို့ သေဆုံး
နိုင်ဝင်ဘာ ၂၁
အိန္ဒိယနိုင်ငံမှာ နာမည်ကြီး လူမှုကွန်ရက် ဆယ်လီတစ်ဦးရဲ့ နေအိမ်ထဲကို ကျူးကျော်ဝင်ရောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ အစွဲအလမ်းကြီးတဲ့ ပရိသတ်တဦးဟာ ဆယ်လီရဲ့ မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့က အသက် ၂၈ နှစ်အရွယ် အိုင်တီဝန်ထမ်း အဘီနာ့ဗ် ဆိုသူဟာ လူမှုကွန်ရက်ဆယ်လီ နေဟာ ဘစ်ရှ် နေအိမ်မှာ ရှိနေချိန် ခြံစည်းရိုးကို ကျော်တက်ပြီး အိမ်ထဲအတင်းဝင်ရောက်ကာ သူ့ကို လက်ထပ်ဖို့ တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။
အဘီနာ့ဗ်ရဲ့ လုပ်ရပ်ကြောင့် နေဟာရဲ့ ဖခင်နဲ့ အိမ်နီးချင်းတွေက ဒေါသထွက်ပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတာကြောင့် အဘီနာ့ဗ်ဟာ ပြင်းထန်တဲ့ အတွင်းဒဏ်ရာ၊ ပြင်ပဒဏ်ရာတွေ ရရှိခဲ့ပြီး နယူးဒေလီမြို့က ရာဂျစ်ဂန္ဒီ ဆေးရုံမှာ တစ်ပတ်အကြာ တက်ရောက်ကုသရင်း သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
YouTube နဲ့ Instagram မှာ ပရိသတ် သန်းနဲ့ချီရှိတဲ့ နေဟာ ဘစ်ရှ် ဟာ သူ့ချစ်သူနဲ့ မကြာခင် လက်ထပ်တော့မယ့် အကြောင်းတွေကို လူမှုကွန်ရက်မှာ မျှဝေလေ့ရှိသူတဦးလည်း ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ အဘီနာ့ဗ်ဟာ နေဟာကို လပေါင်းများစွာ စောင့်ကြည့်အားပေးရင်း တစ်ဖက်သတ် မေတ္တာသက်ဝင်သွားခဲ့ပြီး၊ မင်္ဂလာသတင်းကြောင့် စိတ်ထိခိုက်ကာ အခုလို ကျူးကျော်ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ နေဟာရဲ့ ဖခင် ဗီရန်ဒါ ဘစ်ရှ်နဲ့ အိမ်နီးချင်းတစ်ဦးတို့ကို လူသတ်မှု သံသယနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပါတယ်။
ဒီဖြစ်ရပ်ဟာ ၂၀၂၄ ခုနှစ်တုန်းက ကမ္ဘာပတ် ဆိုင်ကယ်စီးရင်း အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့ လိင်ပိုင်းဆိုရာပြုကျင့် ရိုက်နှက်ခံခဲ့ရတဲ့ စပိန်-ဘရာဇီးနွယ်ဖွား ဆယ်လီ ဖာနန်ဒါရဲ့ ဖြစ်စဉ်နောက်ပိုင်း ထပ်မံထွက်ပေါ်လာတဲ့ ဆယ်လီတွေနဲ့ ပတ်သက်တဲ့ မှုခင်းသတင်းတပုဒ်လည်း ဖြစ်ပါတယ်။
Ref & Photo: The Sun
မြို့တော် News Channel