အရေးပေါ်
ပြည်တွင်းသတင်း

ဆိုလာပစ္စည်းတင်သွင်းခွင့်နှင့် ဈေးနှုန်းပြဿနတွေ မဖြေရှင်းဘဲ အမိုးတင်ဆိုလာကနေ လျှပ်စစ်ပြန်ရောင်းမယ့်အစီအစဉ် ဝေဖန်ခံနေရ

၂၀၂၆ နိုဝင်ဘာ ၂၃ Myo Taw
ဆိုလာပစ္စည်းတင်သွင်းခွင့်နှင့် ဈေးနှုန်းပြဿနတွေ မဖြေရှင်းဘဲ အမိုးတင်ဆိုလာကနေ လျှပ်စစ်ပြန်ရောင်းမယ့်အစီအစဉ် ဝေဖန်ခံနေရ

ဆိုလာပစ္စည်းတင်သွင်းခွင့်နှင့် ဈေးနှုန်းပြဿနတွေ မဖြေရှင်းဘဲ အမိုးတင်ဆိုလာကနေ လျှပ်စစ်ပြန်ရောင်းမယ့်အစီအစဉ် ဝေဖန်ခံနေရ

နိုဝင်ဘာ ၂၃

လာမယ့်နွေရာသီမတိုင်ခင် အဆောက်အဦအမိုးတွေပေါ်မှာ ဆိုလာပြားတွေ တပ်ဆင်ပြီး လျှပ်စစ် ဓာတ်အားထုတ်လုပ်ကာ နိုင်ငံတော်ကို ပြန်လည်ရောင်းချမယ့် အစီအစဉ်ကို အာဏာသိမ်း အစိုးရလက်အောက်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အကောင်အထည်ဖော်နေပေမယ့် ဆိုလာပစ္စည်း တင်သွင်းခွင့်နဲ့ ဈေးနှုန်းကြီးမြင့်မှုတွေကို ဦးစွာဖြေရှင်းပေးခြင်း မရှိတဲ့အတွက် အဆိုပါအစီအစဉ်ဟာ လက်တွေ့မှာ တွက်ခြေကိုက်မှာ မဟုတ်ဘူးလို့ ဆိုလာပစ္စည်းရောင်းချသူတွေ ရဲ့ ဝေဖန်မှုတွေအရ သိရပါတယ်။

လက်ရှိဆိုလာပြားနဲ့ ဆက်စပ်ပစ္စည်းတွေ တင်သွင်းခွင့်ကန့်သတ်မှုတွေ၊ ပစ္စည်းပြတ်လပ်မှုနဲ့ ဈေးနှုန်းကြီးမြင့်မှုတွေ ရှိနေတဲ့အတွက် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ အခြေခံအခြေအနေတွေကို ဦးစွာဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းမှာ အဆောက်အဦပိုင်ရှင်တွေက အရင်းအနှီးစိုက်ထုတ်ဖို့ မလိုဘဲ ရင်းနှီးမြှုပ်နှံနိုင်စွမ်းရှိတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေက ဆိုလာစနစ် တပ်ဆင်တာ၊ ပြုပြင်ထိန်းသိမ်းတာနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချတာတို့ကို တာဝန်ယူဆောင်ရွက်မှာဖြစ်ပြီး ဝန်ကြီးဌာနကလည်း ကုမ္ပဏီတွေ ထံမှ နှစ်ရှည်စာချုပ်နဲ့ လျှပ်စစ်ဓာတ်အား ဝယ်ယူသွားမယ်လို့ သိရပါတယ်။

“ဆိုလာနဲ့ ဆက်စပ်ပစ္စည်းတွေ လိုင်စင်ချမပေးပဲနဲ့ ဒီအစီအစဥ်ကို ကြေငြာတာ လူရယ်စရာဖြစ်နေပြီ။ အရင်က တချပ် ၅ သိန်းလောက်ရှိတဲ့ ဆိုလာပြားတွေ အခု ၉ သိန်းကျော်နဲ့ ဝယ်နေရတယ်။ ပစ္စည်းပြတ်ပြီး ဈေးတက်နေတဲ့ အခြေအနေမှာ အဲဒီကနေထွက်လာတဲ့ လျှပ်စစ် ၁ ယူနစ်ကို ဘယ် လောက်နှုန်းနဲ့ ပြန်ရောင်းမှ တွက်ခြေကိုက်မလဲဆိုတာ တွက်ကြည့်ဖို့ လိုတယ်။ ဒီအစီအစဉ်မစခင် ကိုယ့်အစိုးရအတွင်းမှာတင် လိုအပ်တာတွေ တိုင်ပင်ဆွေးနွေးပြီး စီစဉ်ပေးသင့်တယ်။ ဆိုလာပစ္စည်းတွေ လိုင်စင်ရထားတဲ့သူကို အရင်သွင်းခိုင်းပြီး ဈေးချပေးပါအုံး” လို့ ဆိုလာပစ္စည်းရောင်းချသူ အမျိုးသားတဦးက ပြောပါတယ်။

ဆိုလာစနစ်တပ်ဆင်တာဟာ ကနဦးရင်းနှီးမြှုပ်နှံမှု ကြီးမားတဲ့အပြင် ဘက်ထရီ၊ အင်ဗာတာနဲ့ ပြုပြင်ထိန်းသိမ်းရေးစရိတ်တွေပါ ထည့်သွင်းတွက်ချက်ရမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံကဲ့သို့ စီးပွားရေးအခက်အခဲရှိနေတဲ့ နိုင်ငံမှာ အိမ်တအိမ်ချင်းစီအလိုက် ဆိုလာတပ်ဆင်တာထက် ဗဟိုဓာတ်အားပေးစက်ရုံကြီးတွေ တည်ဆောက်တာက ပိုမိုတွက်ခြေကိုက်နိုင်တယ်လို့လည်း ထောက်ပြထားပါတယ်။

အဆိုပါ အမိုးတင်ဆိုလာစီမံကိန်းကို ပထမအဆင့်အနေနဲ့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေရှိ နိုင်ငံပိုင်ရုံး၊ ကျောင်း၊ ဆေးရုံ၊ ဈေးတွေအပြင် စီးပွားရေးနှင့် စက်မှုလုပ်ငန်းအဆောက်အဦတွေရဲ့ အမိုးတွေပေါ်မှာ စတင်တပ်ဆင်သွားမှာ ဖြစ်ပြီး ဒုတိယအဆင့်မှာ လူနေအိမ်တွေအထိ တိုးချဲ့မယ်လို့ သိရပါတယ်။

“ဆိုလာပစ္စည်းတွေ လိုင်စင်ရထားတဲ့သူကို အရင်သွင်းခိုင်းပြီး ဈေးချပေးပါအုံး။ ဆိုလာပစ္စည်းတွေကို အခွန်မကောက်ဘဲ ပေးသွင်းလိုက်ရင် တပ်မယ့်သူတွေ ဒုနဲ့ဒေး” လို့ ရန်ကုန်မြို့နေ ပြည်သူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား မလုံလောက်မှုနဲ့ အချိန်ပိုင်း မီးပေးစနစ်တွေကြောင့် အိမ်ထောင်စုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာစနစ်ကို အစားထိုး လျှပ်စစ်အရင်းအမြစ်အဖြစ် ပိုမိုအသုံးပြုလာကြပေမယ့် ဆိုလာပစ္စည်းတွေရဲ့ ဈေးနှုန်းမြင့်တက်မှု၊ ဒေါ်လာဈေးနှုန်း အပြောင်းအလဲနဲ့ တင်သွင်းမှုဆိုင်ရာ အခက်အခဲတွေက အိမ်ထောင်စုတွေအတွက် တပ်ဆင်အသုံးပြုဖို့ရာ အဟန့်အတား ဖြစ်နေပါတယ်။

ဆိုလာနဲ့ ဆက်စပ်ပစ္စည်းတွေကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ပြုဖို့၊ လိုင်စင်ရရှိထားတဲ့ ကုမ္ပဏီတွေကို ပစ္စည်းတင်သွင်းခွင့် အဆင်ပြေစေဖို့နဲ့ ပြည်တွင်းဈေးကွက်မှာ ဈေးနှုန်းသက်သာစေရေး ဆောင်ရွက်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ရွာငံမှာ အသက် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား ၁၉ ဦး အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထား ပြည်တွင်းသတင်း

ရွာငံမှာ အသက် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား ၁၉ ဦး အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးနဲ့ ဒေသခံပြည်သူ ၁၉ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဖတ်ရန်
TikTok ကနေ ချစ်ကျွမ်းဝင်ပြီး တာဝန်မယူချင်လို့ ရည်းစားဖြစ်သူကို သတ်ပြီး ရေမြောင်းထဲ စွန့်ပစ်မှုဖြစ်ပွား ပြည်တွင်းသတင်း

TikTok ကနေ ချစ်ကျွမ်းဝင်ပြီး တာဝန်မယူချင်လို့ ရည်းစားဖြစ်သူကို သတ်ပြီး ရေမြောင်းထဲ စွန့်ပစ်မှုဖြစ်ပွား

‎ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးတဦးကို ထိုးသွင်းဒဏ်ရာတွေနဲ့အတူ ရေမြောင်းထဲ ဖိနှစ် စွန့်ပစ်ခံထားရတဲ့ အနေအထားနဲ့ ၃ ရက်ကြာမှ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ကထိန်ပဒေသာပင်က ငွေတွေကို ကလေးငယ်တဦးက ဖြုတ်ခိုးယူမှုဖြစ်ပွားခဲ့ပြီး ငွေကျပ် ၁၅ သိန်းလုံး ပြန်လည်ရရှိခဲ့ ပြည်တွင်းသတင်း

ကထိန်ပဒေသာပင်က ငွေတွေကို ကလေးငယ်တဦးက ဖြုတ်ခိုးယူမှုဖြစ်ပွားခဲ့ပြီး ငွေကျပ် ၁၅ သိန်းလုံး ပြန်လည်ရရှိခဲ့

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ တာယာအရောင်းဆိုင်ကို ဖောက်ထွင်းပြီး ကထိန်အတွက် ပြင်ဆင်ထားတဲ့ ပဒေသာပင်က ငွေတွေကို ဖြုတ်ခိုးသွားခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တဦးကို ဖမ်းဆီးရမိခဲ့တယ်လို့…

ဖတ်ရန်
ဆောင်းအအေးဒဏ် ပိုလာပြီး နေ့ နဲ့ ည အပူချိန်ကွာခြားချက် မြင့်မားလာနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

ဆောင်းအအေးဒဏ် ပိုလာပြီး နေ့ နဲ့ ည အပူချိန်ကွာခြားချက် မြင့်မားလာနိုင်တယ်လို့ဆို

ထိုင်းမိုးလေဝသဌာနရဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ တရုတ်ပြည်မကြီးနှင့် မွန်ဂိုလီးယားဘက်မှ အားကောင်းတဲ့ အအေးလေဖိအားကြီးရပ်ဝန်းဟာ တောင်ဘက်သို့ ဆက်လက်ရွှေ့လျားနေပြီး အဆိုပါစနစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့မြောက်လေအေးဟာ…

ဖတ်ရန်