အရေးပေါ်
ပြည်တွင်းသတင်း

အသက်ကြီးပိုင်း အမျိုးသမီး ၁ ဦး ၆ လွှာကနေ ပြုတ်ကျလို့ သေဆုံး

၂၀၂၆ နိုဝင်ဘာ ၁၆ Myo Taw
အသက်ကြီးပိုင်း အမျိုးသမီး ၁ ဦး ၆ လွှာကနေ ပြုတ်ကျလို့ သေဆုံး

အသက်ကြီးပိုင်း အမျိုးသမီး ၁ ဦး ၆ လွှာကနေ ပြုတ်ကျလို့ သေဆုံး

နိုဝင်ဘာ ၁၆‌‎

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မင်းလမ်းမှာ အသက်ကြီးပိုင်း အမျိုးသမီးတဦး တိုက်ခန်းပေါ်ကနေ ပြုတ်ကျပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့၊ မနက် ၇ နာရီခန့်က စမ်းချောင်းမြို့နယ်၊ မင်းလမ်းက တိုက်ခန်း ၆ လွှာမှာနေတဲ့ အသက် ၆၀ ကျော်ဝန်းကျင်ရှိ စိတ်ကျန်းမာရေးချို့တဲ့နေသူ အမျိုးသမီးကြီးတဦး ပြုတ်ကျပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။

“၆ လွှာကနေ ကျတာ၊ ခုန်ချတာလား ပြုတ်ကျတာလားတော့ မသိဘူး၊ လူတွေ ဝိုင်းကြည့်နေလို့ သွားကြည့်ရင်း တွေ့တာ။ အသက်တော့ ကြီးနေပြီ၊ စိတ်ကျန်းမာရေး သိပ်မကောင်းဘူးလို့ ပြောတယ်။ တိုက်ရှေ့က တာလပတ်နဲ့ ဆွဲထားတဲ့ အဖီပေါ်ကို ကျပြီးမှ မှောက်လျှက်အနေအထားနဲ့ ကွန်ကရစ်ပေါ် ကျတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ဒေသတွင်း ပရဟိတအဖွဲ့တခုက သယ်ဆောင်ကာ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

အလားတူ နိုဝင်ဘာ ၁၅ ရက်နေ့၊ ညနေပိုင်း ၅ နာရီဝန်းကျင်ခန့်ကလည်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်က အောင်မင်္ဂလာ ယာဉ်ရပ်နားဝင်းအတွင်းရှိ စက်မှုလမ်း၊ (မ)ဌ/၄၇ အလုပ်ရုံရှေ့မှာ နံရံမှီလျှက်အနေအထားနဲ့ သေဆုံးနေတဲ့ အသက် ၃၀ ဝန်းကျင် လူငယ်တဦးရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ကြသေးတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား ရုပ်သံ ပြည်တွင်းသတင်း

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွားတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု…

ကြည့်ရန်
ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ ပြည်တွင်းသတင်း

ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာမှာ ကားနဲ့ ခရီးသွားခဲ့တဲ့ အမျိုးသားတဦး အမည်မသိ လူ ၂ ဦးရဲ့ သေနတ်နဲ့ စောင့်ကြိုပစ်ခတ်ခြင်းခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ အလုပ်သမားရေးရာ

ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ

ပြည်ပရောက် အလုပ်သားတွေရဲ့ လုပ်ခလစာ ငွေလွှဲနှုန်းကို အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၆၀၀ အထိ တိုးမြှင့်ပေးမယ်လို့ ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့က နိုဝင်ဘာ ၁၉…

ဖတ်ရန်
ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား ပြည်တွင်းသတင်း

ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ဗဟိုဈေးအနီး ဈေးတောင်ဘက်တိုက်တန်းက 'ရွှေတောင်တန်း' ရွှေဆိုင် ဓားပြတိုက်လုယက်ခံရပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိ ရွှေဆွဲကြိုးတွေ ပါသွားခဲ့တယ်လို့ ဒေသတွင်း…

ဖတ်ရန်