အရေးပေါ်
ပြည်တွင်းသတင်း

ဆိပ်ဖြူမြို့နယ်ထဲ ပါရာမော်တာနဲ့ တိုက်ခိုက်ခံရလို့ ဆိုင်ကယ်စီးလာတဲ့ သားအဖ ၂ ဦး သေဆုံး

၂၀၂၆ နိုဝင်ဘာ ၁၇ Myo Taw
ဆိပ်ဖြူမြို့နယ်ထဲ ပါရာမော်တာနဲ့ တိုက်ခိုက်ခံရလို့ ဆိုင်ကယ်စီးလာတဲ့ သားအဖ ၂ ဦး သေဆုံး

ဆိပ်ဖြူမြို့နယ်ထဲ ပါရာမော်တာနဲ့ တိုက်ခိုက်ခံရလို့ ဆိုင်ကယ်စီးလာတဲ့ သားအဖ ၂ ဦး သေဆုံး

နိုဝင်ဘာ ၁၇

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ပါရာမော်တာနဲ့ တနေကုန် တိုက်ခိုက်ခံရတာကြောင့် ဆိုင်ကယ်စီးလာတဲ့ သားအဖ ၂ ဦး သေဆုံးခဲ့ပြီး စျေးဆိုင်နဲ့ နေအိမ်တွေ မီးလောင်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းက ဆိပ်ဖြူမြို့နယ်ရှိ ထွန်ရွာနဲ့ သက္ကယ်ကျင်းရွာတွေကို အာဏာသိမ်းစစ်အုပ်စုက ပထမအကြိမ် ပါရာမော်တာနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“မနက်ကတည်းက ပါရာမော်တာနဲ့ ပစ်နေတာ၊ မနက်က တိုက်ခိုက်ခံရတဲ့အချိန်က ပျက်စီးမှု အရမ်းမများဘူး၊ ညနေမှ လူထိခိုက်ပြီး သေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီခန့်မှာ ဆိပ်ဖြူမြို့နယ်ရှိ ရှားလှရွာနဲ့ ထွန်ရွာလမ်းထိပ်နားကို ကာမီကာ‌ဇေနဲ့ နောက်တကြိမ် တိုက်ခိုက်ခံရပြီး ဆိုင်ကယ်နဲ့ ဈေးလာဝယ်တဲ့ သားအဖ ၂ ဦး သေဆုံးခဲ့ကာ စျေးဆိုင်နဲ့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“မနက်က တကြိမ်၊ ညနေ တကြိမ် ကာမီကာဇေနဲ့ အပစ်ခံရတာ။ ညနေမှာ လူထိတယ်၊ စျေးသွားဝယ်တဲ့ သားအဖ ၂ ယောက်ကို ထိတာ၊ ရွာထိပ်ကဆိုင်က မွေးထားတဲ့ ဝက်ဆိုရင် တပိုင်းပြတ်ထွက်သွားတာ” လို့ ဒေသခံတဦးက ထပ်မံပြောဆိုပါတယ်။

အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် ထွန်ရွာက သားအဖ ၂ ဦးထဲက အသက် ၄၅ အရွယ် ဦးဝင်းထိုက်ဟာ နေရာမှာတင် သေဆုံးခဲ့ပြီး အသက် ၁၈ အရွယ် မဝင်းနန္ဒာဦးကတော့ ဆေးရုံပို့တဲ့ လမ်းမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ကာမီကာဇေနဲ့ တိုက်ခိုက်ခံရမှုကြောင့် ရွာထိပ်ကနေအိမ်နဲ့ စျေးဆိုင် မီးလောင်ပျက်ဆီးခဲ့ပြီး အိမ်မွေးဝက်တွေလည်း သေဆုံးခဲ့ကာ ဆိုင်ကယ် ၃ စီးနဲ့ Solar တွေ အပါအဝင် ဖုန်းတွေလည်း ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား ရုပ်သံ Daily NEWS

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွားတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု…

ကြည့်ရန်
ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ ပြည်တွင်းသတင်း

ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာမှာ ကားနဲ့ ခရီးသွားခဲ့တဲ့ အမျိုးသားတဦး အမည်မသိ လူ ၂ ဦးရဲ့ သေနတ်နဲ့ စောင့်ကြိုပစ်ခတ်ခြင်းခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ အလုပ်သမားရေးရာ

ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ

ပြည်ပရောက် အလုပ်သားတွေရဲ့ လုပ်ခလစာ ငွေလွှဲနှုန်းကို အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၆၀၀ အထိ တိုးမြှင့်ပေးမယ်လို့ ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့က နိုဝင်ဘာ ၁၉…

ဖတ်ရန်
ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား ပြည်တွင်းသတင်း

ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ဗဟိုဈေးအနီး ဈေးတောင်ဘက်တိုက်တန်းက 'ရွှေတောင်တန်း' ရွှေဆိုင် ဓားပြတိုက်လုယက်ခံရပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိ ရွှေဆွဲကြိုးတွေ ပါသွားခဲ့တယ်လို့ ဒေသတွင်း…

ဖတ်ရန်