မိခင်မရှိချိန် အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကို ဖခင်အရင်းက အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာပြုကျင့်မှု ဖြစ်ပွား
အောက်တိုဘာ ၂၆
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၊ မြို့မ(၄)ရပ်ကွက်၊ ရွှေကန်သာလမ်းမှာ အသက် ၅၀ အရွယ်ရှိ ဖခင်အရင်းဖြစ်သူက အသက် ၁၃ နှစ်အရွယ် သမီးအရင်းဖြစ်သူကို ၂၀၂၆ ခုနှစ် ဩဂုတ်လမှ စတင်ကာ အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ဟာ မိခင်ဖြစ်သူ စျေးရောင်းသွားချိန်တွေမှာ သမီးဖြစ်သူကို ဖခင်ဖြစ်သူက အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာပြုကျင့်ခဲ့တာလို့ သိရပြီး မိခင်အရှေ့မှာ သမီးဖြစ်သူ နေထိုင်မှု မူမမှန်တာကြောင့် မိခင်က ချော့မော့မေးမြန်းရာက ဖြစ်စဉ်ပေါ်ပေါက်ခဲ့တာလို့ ဆိုပါတယ်။
“သမီးဖြစ်တဲ့သူက ၂ လလောက် မူမမှန်တော့ အမေက ချော့ပြီး အကြိမ်ကြိမ်မေးတာ၊ နောက်မှ ကလေးက ပွင့်ပွင့်လင်းလင်းပြောတာ။ လိင်ပိုင်းဆိုင်ရာပြုကျင့်ခံရတာ ၂ လ ရှိပြီ၊ သူ့အမေ စျေးသွားရောင်းတိုင်း ပြုကျင့်တာ ၅ ခါကျော်ပြီလို့ ပြောတယ်။ အဖေလည်းဖြစ်တော့ ကြောက်ပြီး မပြောရဲတာ” လို့ ဒေသခံတဦးကပြောပါတယ်။
အောက်တိုဘာလ ၂၄ ရက်နေ့မှာ အသက် ၅၀ ကျော်အရွယ် ဦးအာကာမိုး ဆိုသူကို အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူအား အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာပြုကျင့်မှုနဲ့ ပုဒ်မ ၃၇၆ တပ်ကာ ညောင်လေးပင်မြို့မရဲစခန်းက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် သမီးအရင်းကို ဖခင်အရင်းက လိင်ပိုင်းဆိုင်ရာပြုကျင့်မှု ဖြစ်ဖူးခဲ့ပြီး ဖခင်ဖြစ်သူ ဦးမောင်ခိုင် ဆိုသူကို နိုဝင်ဘာလ ၂၀ ရက်နေ့မှာ တောင်ငူခရိုင်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၆၀ ကျခံစေခဲ့တယ်လို့ သိရပါတယ်။
အလားတူ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ ၁၂ နှစ်အရွယ်သမီးကို လိင်ပိုင်းဆိုင်ရာပြုကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူကိုလည်း တောင်ငူခရိုင်တရားရုံးက ထောင်ဒဏ် အနှစ် ၄၀ ကျခံစေခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel