ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၂၆ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရေဖြူမြို့နယ်ထဲက ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာအတော်များများ စစ်ဘေးရှောင်နေရတယ်လို့ဆို
စက်တင်ဘာ ၂၆
တနင်္လာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်မြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်ကို ဝိုင်းဝန်းတိုက်ခိုက်ကြရာက နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေအရ သိရပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့ က စတင်ကာ ရေဖြူမြို့အနောက်ဘက်ကမ်းက ပုဂေါဇွန်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
“ပုဂေါဇွန်း ဘုန်းကြီးကျောင်းမှာ စစ်တပ်က အထိုင်ချနေတဲ့အချိန် တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဝင်ကြဲတာ။ အဲ့မှာ နှစ်ဖက် ရမ်းပစ်တာတွေလည်း ရှိတယ်။ အဲ့စစ်ကြောင်းက အခု ရွာတွေဘက် ဝင်မွှေနေတာ” လို့ ဒေသခံစစ်ရှောင်တဦးက ပြောပါတယ်။
စက်တင်ဘာလ ၂၅ ရက် မနက်ပိုင်းမှာ ပုဂေါဇွန်းကျေးရွာကနေ ကျောက်ဝှက်ကုန်းကျေးရွာနဲ့ ပိန်းရှောင်ကျေးရွာကြားကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ကြား နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သေးတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“မနက်ပိုင်းကနေ နေ့လယ် ၃ နာရီကျော်ထိ တိုက်ပွဲဖြစ်တာ။ ရွာသားတွေကတော့ ရှောင်နေကြရတယ်။ အထိအခိုက် အကျအဆုံးတွေ ရှိတယ်” လို့ ဒေသခံစစ်ရှောင်တဦးက ပြောပါတယ်။
လတ်တလောမှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်း ဖြတ်သန်းသွားလာနိုင်ခြေရှိတဲ့ ရေဖြူမြို့နယ်နဲ့ လောင်လုံမြို့နယ်မြောက်ဘက်က မြို့ဟောင်းကျေးရွာအုပ်စု၊ စခန်းကြီးကျေးရွာအုပ်စုတွေက ဒေသခံတွေ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ရုံးစိုက်ရာ မုံရွာမြို့မှာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦးရဲ့ မိသားစုတခုလုံးကို နေအိမ်ထဲထိ ဝင်ရောက်ကာ ပြန်ပေးဆွဲ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ICON Model ၊ အိန္ဒိယမိုးလေဝသဌာန (IMD) နှင့် ထိုင်းမိုးလေဝသဌာန (TMD) တို့ရဲ့ ထုတ်ပြန်ချက်တွေအရ စက်တင်ဘာလ ၂၇ ရက်မှာ မိုးအား…
ရုပ်သံ
ပြည်တွင်းသတင်း
မန္တလေးမှာ ၃ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသား ၁၀ ဦးခန့် စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးခံရတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ…