အရေးပေါ်
ပြည်တွင်းသတင်း

ဖုန်းထဲမှာ စလော့ဂိမ်းဆော့ထားတာ တွေ့လို့ဆိုကာ လူငယ် ၄ ဦး ဖမ်းဆီးခံခဲ့ရပြီး ၂ ဦး စစ်မှုထမ်းထဲ ထည့်ခံရ

၂၀၂၆ နိုဝင်ဘာ ၁၉ Myo Taw
ဖုန်းထဲမှာ စလော့ဂိမ်းဆော့ထားတာ တွေ့လို့ဆိုကာ လူငယ် ၄ ဦး ဖမ်းဆီးခံခဲ့ရပြီး ၂ ဦး စစ်မှုထမ်းထဲ ထည့်ခံရ

ဖုန်းထဲမှာ စလော့ဂိမ်းဆော့ထားတာ တွေ့လို့ဆိုကာ လူငယ် ၄ ဦး ဖမ်းဆီးခံခဲ့ရပြီး ၂ ဦး စစ်မှုထမ်းထဲ ထည့်ခံရ

နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ ခိုလမ်ရဲစခန်းက နယ်ထိန်းရဲတပ်ဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူတွေအပေါ် ခြိမ်းခြောက်ငွေညှစ်တာတွေအပြင် လူငယ်တွေကို မတရားဖမ်းဆီးပြီး စစ်မှုထမ်းထဲ အတင်းအဓမ္မ ပို့ဆောင်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက ခိုလမ်မြို့၊ ရပ်ကွက် (၁) အတွင်း လမ်းဘေးမှာ ထိုင်နေတဲ့ ဒေသခံ အမျိုးသား ၄ ဦးကို ဖုန်းထဲမှာ စလော့ဂိမ်း ဆော့ထားတာ တွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဖမ်းဆီးခံရသူ ၄ ဦးထဲက ၂ ဦးကိုတော့ လာဘ်ငွေယူပြီး ပြန်လွှတ်ပေးခဲ့ပေမဲ့ ငွေမပေးနိုင်တဲ့ ကျန်အမျိုးသား ၂ ဦးကိုတော့ မိဘဆွေမျိုးတွေနဲ့ လုံးဝတွေ့ခွင့်မပေးဘဲ ကျိုင်းတုံမြို့က စစ်မှုထမ်း သင်တန်းကျောင်းထဲကို အတင်းအဓမ္မ ပို့ဆောင်လိုက်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"တည်ဆဲဥပဒေအရ အရေးယူတာမျိုး မဟုတ်ဘဲ ငွေပေးနိုင်တဲ့သူကျ လွှတ်ပေးပြီး ငွေမပေးနိုင်တဲ့ သူတွေကိုကျတော့ မိသားစုနဲ့တောင် တွေ့ခွင့်မပေးဘဲ စစ်မှုထမ်းထဲ ထည့်လိုက်တာပါ။ တပ်ကြပ် ဇော်ဇော်အောင်နဲ့ နယ်ထိန်း စိုးမောင်မောင်တို့ လုပ်သွားတာပါ" လို့ ဒေသခံတဦးက မြို့တော်ကို ပြောပြပါတယ်။

ဒါ့အပြင် ခိုလမ်ရဲစခန်းက တပ်ကြပ် ဇော်ဇော်အောင် နဲ့ နယ်ထိန်း စိုးမောင်မောင် တို့ဟာ နယ်ထိန်းသင်တန်း တက်ရောက်ပြီးနောက်ပိုင်း ရပ်ကွက်နဲ့ ကျေးရွာတွေထဲမှာ အာဏာပြ ခြိမ်းခြောက်ငွေညှစ်တာတွေကို ပိုမိုလုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။

သူတို့ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေဆီက လစဉ်လိုင်းကြေး ကောက်ခံနေသလို၊ သုံးစွဲသူတွေဆီက ဖမ်းဆီးသိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကိုလည်း ဥပဒေအရ အရေးမယူဘဲ ရောင်းချသူတွေဆီ တစ်ဖက်လှည့်နဲ့ ပြန်လည်ရောင်းချတာမျိုးတွေအထိ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

လက်ရှိမှာတော့ နယ်ထိန်းရဲတပ်ဖွဲ့ဝင်တွေရဲ့ ဥပဒေမဲ့ အနိုင်ကျင့်မှုတွေနဲ့ လာဘ်စားမှုတွေကြောင့် ခိုလမ်ဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြရပြီး သက်ဆိုင်ရာ အထက်အဆင့် တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် စစ်ဆေးအရေးယူပေးဖို့ကိုလည်း ဒေသခံတွေက လိုလားနေကြပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား ရုပ်သံ ပြည်တွင်းသတင်း

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွားတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု…

ကြည့်ရန်
ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ ပြည်တွင်းသတင်း

ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာမှာ ကားနဲ့ ခရီးသွားခဲ့တဲ့ အမျိုးသားတဦး အမည်မသိ လူ ၂ ဦးရဲ့ သေနတ်နဲ့ စောင့်ကြိုပစ်ခတ်ခြင်းခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ အလုပ်သမားရေးရာ

ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ

ပြည်ပရောက် အလုပ်သားတွေရဲ့ လုပ်ခလစာ ငွေလွှဲနှုန်းကို အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၆၀၀ အထိ တိုးမြှင့်ပေးမယ်လို့ ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့က နိုဝင်ဘာ ၁၉…

ဖတ်ရန်
ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား ပြည်တွင်းသတင်း

ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ဗဟိုဈေးအနီး ဈေးတောင်ဘက်တိုက်တန်းက 'ရွှေတောင်တန်း' ရွှေဆိုင် ဓားပြတိုက်လုယက်ခံရပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိ ရွှေဆွဲကြိုးတွေ ပါသွားခဲ့တယ်လို့ ဒေသတွင်း…

ဖတ်ရန်