အရေးပေါ်
ပြည်တွင်းသတင်း

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

၂၀၂၆ စက်တင်ဘာ ၂၈ Myo Taw
မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

စက်တင်ဘာ ၂‌‌၈

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၇ ရက် မနက် ၃ နာရီခန့်က ဆွမ်းထချက်တဲ့ အသက် ၆၀ ကျော်အရွယ် ဒေါ်စန်းလှရဲ့ နေအိမ်ကို မျက်နှာဖုံးစွပ်ထားတဲ့လူ ၄ ယောက်က ဝင်ရောက် ဓားပြတိုက်ခဲ့တာဖြစ်ပြီး လူကို ရိုက်နှက်ကာ ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွားခဲ့တယ်လို့ သိရပါတယ်။

“မြေးအဖွား ၂ ယောက်တည်း နေတာ။ မနက်အစောကြီး ဆွမ်းထချက်နေတဲ့အချိန် အိမ်နောက်ကနေ မျက်နှာဖုံးစွပ်ထားတဲ့ လူ ၄ ယောက်က ဝင်လာပြီး ဓားပြတိုက်တာ။ ဝတ်ထားတဲ့ လက်စွပ်၊ လက်ကောက်၊ နားကပ်ကအစ အကုန်ချွတ်ပြီး ယူသွားတာ” လို့ ဖားအောက်ကျေးရွာက ဒေသခံတဦးက ပြောပါတယ်။

အခင်းဖြစ်ပွားပြီးနောက် နေ့လယ်ပိုင်းမှာ အာဏာသိမ်းအစိုးရလက်အောက်ခံ ရဲနဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက ဖားအောက်ကျေးရွာအတွင်းရှိ အဆောင်ငှားနေထိုင်သူတွေနဲ့ သံသယရှိသူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့ပေမယ့် ထူးခြားမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို ပြည်တွင်းသတင်း

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ ပြည်တွင်းသတင်း

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…

ဖတ်ရန်
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကန့်ဘလူမြို့နယ် နဲ့ မြင်းမူမြို့နယ်တို့မှာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိ ပြည်တွင်းသတင်း

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကန့်ဘလူမြို့နယ် နဲ့ မြင်းမူမြို့နယ်တို့မှာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် မြင်းမူမြို့နယ်တို့ကို အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် အရပ်သားပြည်သူတချို့နဲ့ နွားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်