အရေးပေါ်
ပြည်တွင်းသတင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ICRC အတည်ပြု

၂၀၂၆ သြဂုတ် ၃ Myo Taw
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ICRC အတည်ပြု

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ICRC အတည်ပြု

ဩဂုတ် ၃

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ကိုယ်စားလှယ်တစ်ဦးဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို ဩဂုတ်လ ၃ ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ICRC က အတည်ပြု သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီလို သွားရောက်တွေ့ဆုံမှုကို ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေဆီ သွားရောက်ကြည့်ရှုတဲ့ ICRC ရဲ့ စံလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့် တွေ့ဆုံ စကားပြောဆိုခွင့်လည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ICRC ရဲ့ လုပ်ငန်းစဉ်တွေအရ အခုလို ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေဆီကို သွားရောက်ကြည့်ရှုတဲ့အခါ မိသားစုဝင်တွေနဲ့ သတင်းစကား ဖလှယ်ခွင့်ရရှိစေမယ့် အခွင့်အရေးကို ရရှိစေပါတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ယခုတွေ့ဆုံမှုနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကိုတော့ ICRC ရဲ့ မူဝါဒအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ အာဏာပိုင်တွေနဲ့ပဲ သီးသန့် လျှို့ဝှက် ဆွေးနွေး အသိပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ICRC အနေနဲ့ မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေကို သွားရောက်ကြည့်ရှုခွင့် ဆက်လက်ရရှိနေဖို့နဲ့ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြသွားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

နေပြည်တော် လယ်ဝေးက လူငယ်တဦး မိခင်က ဆေးဝယ်ခိုင်းလို့ သွားရာက ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရ ပြည်တွင်းသတင်း

နေပြည်တော် လယ်ဝေးက လူငယ်တဦး မိခင်က ဆေးဝယ်ခိုင်းလို့ သွားရာက ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရ

နေပြည်တော်၊ လယ်ဝေးမြိုန့ယ်၊ ကြို့ပင်ကြီးရွာနေ လူငယ်တဦးဟာ မိဖြစ်ဖြစ်သူက ဆေးဝယ်ခိုင်းလို့ ဆေးသွားဝယ်ရာက လမ်းမှာ ပေါ်တာဆွဲ ဖမ်းဆီးတာ ခံလိုက်ရတယ်လို့ သိရပါတယ်။

ဖတ်ရန်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် တွေ့ဆုံခဲ့တယ်လို့ အာဏာသိမ်း အစိုးရ ထုတ်ပြန် ပြည်တွင်းသတင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် တွေ့ဆုံခဲ့တယ်လို့ အာဏာသိမ်း အစိုးရ ထုတ်ပြန်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque က ဩဂုတ်…

ဖတ်ရန်
စစ်တပ်ရဲ တိုက်ခိုက်ရေး လေယာဥ်တစင်း ငှက် နဲ့တိုက်မိလို့ အင်ဂျင်မီးလောင်ပြီး ပျက်ကျ
VIDEO Afternoon NEWS

စစ်တပ်ရဲ တိုက်ခိုက်ရေး လေယာဥ်တစင်း ငှက် နဲ့တိုက်မိလို့ အင်ဂျင်မီးလောင်ပြီး ပျက်ကျ

စစ်တပ်ရဲ တိုက်ခိုက်ရေး လေယာဥ်တစင်း ငှက် နဲ့တိုက်မိလို့ အင်ဂျင်မီးလောင်ပြီး ပျက်ကျတဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃…

ကြည့်ရန်