ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ကျောင်းဆရာမ ၁ ဦး အပါအဝင် ကျေးရွာက ဒေသခံ ၅ ဦး ထက်မနည်းကို ခွေးရူးတကောင်က လိုက်ကိုက်လို့ ဆေးရုံတင်ပြီး ကုသထားရတယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၉ ရက် ဒီကနေ့မနက်ပိုင်းက အုတ္တံတားကျေးရွာမှာ ခွေးရူးတကောင်ပေါ်လာပြီး လူ ၅ ဦးကို ကိုက်ခဲ့တယ်လို့ သိရပါတယ်။
"ညောင်ဝိုင်းဘက်ကနေ ပြေးလာတဲ့ ခွေးပါ။ လူတွေ ဝိုင်းလိုက်လို့ ပြေးရင်းနဲ့ လမ်းတွေ့တဲ့သူကို ကိုက်သွားတာ။ ကျောင်းဆရာမလေးတယောက်လည်း အကိုက်ခံရတယ်။ ရူးကုန်မှာစိုးလို့ ဆေးရုံတင်ပြီး အကုန်လုံးကို ဆေးထိုးထားပြီး စောင့်ကြည့်နေရတယ်။ ခွေးကိုတော့ စာကြည့်တိုက်နားမှာ ဝိုင်းရိုက်လိုက်ကြပါပြီ" လို့ ဒေသခံတဦးက ပြောပါတယ်။
ခွေးရူးအကိုက်ခံရတဲ့သူတွေဟာ အထက အုတ္တံတားရွာက ဆရာမ ဒေါ်ခိုင်ဦး၊ အမှတ်(၉) ရပ်ကွက်က ဒေါ်မိုးမိုးခိုင်၊ အမှတ်(၈) ရပ်ကွက်က မပပ၊ ဇရစ်ချောင်ပိုင်းရွာက ဦးထွန်းရွှေ၊ အမှတ်(၂) ရပ်ကွက်က မဥမ္မာအေး တို့ဖြစ်တယ်လို့ သိရပါတယ်။
ခွေးကိုက်ခံရသူတွေကို ပေါင်မြို့နယ် ဆေးရုံကို ပို့ထားကာ ဆေးဝါးကုသပေးနေပြီး ပေါင်မြို့နယ်မှာ လမ်းဘေး ခွေးလေခွေးလွင့်တွေ များလာနေပြီး အခုရက်ပိုင်း နေရာအနှံမှာ တွေ့နေရတယ်လို့လည်း သိရပါတယ်။
ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မှုခင်းသတင်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး အများစုက ဆယ်ကျော်သက်လူငယ်တွေ ဖြစ်နေလို့ ဖမ်းဆီးမှုတွေ လုပ်နေရတယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေနဲ့ စစ်ရေးပြဿနာတွေကြောင့် ART ဆေး သောက်သုံးနေရသူတွေ ဆေးဆက်မသောက်နိုင်ကြတော့သလို ဆေးရုံကြီးကလည်း ART ဆေးကို ၁၀ ရက်စာသာ ပေးနိုင်တော့တယ်လို့…
ပြည်တွင်းသတင်း
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာနဲ့ ကျောင်းကုန်းကြီးကျေးရွာကြားမှာ ပျူစောထီး အဖွဲ့ဝင်တွေ မောင်းလာတဲ့ သုံးဘီးဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သုံးဘီးပေါ်ပါလာတဲ့ အမျိုးသမီး ၁ ဦး…