အရေးပေါ်
ပြည်တွင်းသတင်း

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို

၂၀၂၆ အောက်တိုဘာ ၁၃ Myo Taw
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို

အောက်တိုဘာ ၁၃

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာပြီးနောက် ၎င်းစနစ်မှ စိုထိုင်းဆများပြီး ရေငွေကြွယ်ဝတဲ့ မိုးတိမ်တန်းတွေဟာ အောက်တိုဘာလ ၁၄ ရက်မှ ၁၇ ရက်အတွင်း မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းဒေသတွေဆီ လေပွေလှိုင်းတွေအဖြစ် ဆက်တိုက်တိုးဝင်ကာ မိုးရွာသွန်းမှုကို ပိုမိုအားကောင်းစေမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

ထိုင်းမိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ တရုတ်ပြည်မှ လေအေးတွေနှင့် ဘင်္ဂလားပင်လယ်အော်မှ အစိုဓါတ်များတဲ့ လေစီးကြောင်းတို့ ပေါင်းစည်းမှုကြောင့် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် မြန်မာနိုင်ငံအလယ်ပိုင်း/တောင်ပိုင်းတို့မှာ မိုးတိမ်တောင်တွေ အရှိန်အဟုန်နဲ့ ဖြစ်ထွန်းပြီး လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာ၊ လေပြင်းတိုက်ခတ်တာတွေနှင့်အတူ နေရာကွက်ကျား မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၁၅ ရက်မှ ၁၇ ရက်အတွင်း တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း (အရှေ့/အနောက်/တောင်)၊ ရှမ်း (တောင်/အရှေ့/မြောက်)၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်း(အထက်ပိုင်း)တို့မှာ နေ့စဉ်မိုးရေချိန် အားကောင်းစွာ ပိုမိုမြင့်တက်လာမယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၁၈ ရက်မှ ၁၉ ရက်အတွင်း လေဖိအားနည်းစနစ် အနောက်မြောက်ဘက်သို့ ရွေ့လျားသွားတာကြောင့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ မိုးဆက်လက်ရွာနိုင်ပြီး တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသတွေမှာ မိုးတဖြည်းဖြည်း ပြန်ပါးသွားမယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း (အနောက်ပိုင်း/တောင်ပိုင်း) နှင့် ရန်ကုန်တိုင်း တို့မှာ ဘင်္ဂလားပင်လယ်အော်မှ တိုးဝင်လာတဲ့ အရှေ့လေပွေလှိုင်းတွေနှင့် မုတ်သုံမြောင်တန်းအရှိန်ကြောင့် အောက်တိုဘာလ ၁၄ ရက်မှ ၁၇ ရက်နေ့တွေအတွင်း မိုးအားကောင်းစွာ ရွာသွန်းမယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း (အထက်ပိုင်း/အောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် မန္တလေးတိုင်း တို့မှာ အောက်တိုဘာလ ၁၅ ရက်နောက်ပိုင်း အနောက်မြောက်ဘက်သို့ တိုးဝင်လာမယ့် လေပွေလှိုင်းကြောင့် စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် မိုးရွာသွန်းမှု အရှိန်မြင့်တက်လာမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (8)

ဆက်စပ် သတင်းများ

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရက်အမူးလွန်ပြီး ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးတယ်လို့ဆို ပြည်တွင်းသတင်း

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရက်အမူးလွန်ပြီး ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးတယ်လို့ဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ ဦးမျိုးမင်းစိုးကို ရပ်ကွက်ရုံးအနီးက ရေမြောင်းအတွင်းမှာ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။

ဖတ်ရန်
မကွေးသင်ကြားရေးဆေးရုံမှာ သတ်မှတ်ဆေးဆိုင်က ဆေးမဝယ်ရင် ဆေးမကုပေးဘူးလို့ ခြိမ်းခြောက်မှုတွေရှိနေ ပြည်တွင်းသတင်း

မကွေးသင်ကြားရေးဆေးရုံမှာ သတ်မှတ်ဆေးဆိုင်က ဆေးမဝယ်ရင် ဆေးမကုပေးဘူးလို့ ခြိမ်းခြောက်မှုတွေရှိနေ

မကွေးမြို့၊ ဆေးတက္ကသိုလ်(မကွေး) နားမှာရှိတဲ့ သင်ကြားရေးဆေးရုံကြီးမှာ ဆေးရုံအုပ်ကြီးနဲ့ သူနာပြုတွေက သူတို့သတ်မှတ်ထားတဲ့ ဆေးဆိုင်က ဆေးပစ္စည်းတွေကိုပဲ လူနာတွေကို ဈေးအဆမတန်နဲ့ ဝယ်ခိုင်းနေပြီး အဲ့ဒီဆိုင်က ဝယ်လာတဲ့…

ဖတ်ရန်