ရုပ်သံ
ပြည်တွင်းသတင်း
အောက်တိုဘာ ၁၃ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့၊ အုန်းချောကျေးရွာရှိ ပေါက်စိမ်းသာမဏေကျော် ဘုန်းကြီးကျောင်းမှာ သံဃာတော်တွေနဲ့ ကိုရင်တွေ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၆ ရက် ဒီကနေ့ မနက် ၁၀ နာရီခန့်က သံဃာတော်တွေနဲ့ ကိုရင်တွေ အပါအဝင် ၇၆ ပါးခန့် အစာအဆိပ်သင့်ခဲ့တာကြောင့် အရေးပေါ် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
"ကျောင်းထိုင်ဆရာတော်က ဘဒ္ဒန္တ ကေသရ ပါ။ စာသင်ဆရာတော် ရဟန်း ၇ ပါး၊ ကိုရင် ၁၅၈ ပါး၊ ပေါင်း ၁၆၅ ပါး ရှိတယ်။ မနက် ၇ နာရီလောက်က အာရုံဆွမ်း ဘုန်းပေးတယ်။ လက်ဖက်ထမင်း၊ ငါးဖယ်သုတ်၊ ငရုတ်သီးကြော်၊ ရိုးရိုးဟင်းရည်နဲ့ ဘုန်းပေးကြတာ။ အဲ့အထဲက သံဃာနဲ့ ကိုရင် အပါး ၇၀ ကျော်လောက်က အစာအဆိပ်သင့်ကြတယ်" လို့ ဖြစ်စဥ်ကိုသိတဲ့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။
အစာအဆိပ်သင့် သံဃာနဲ့ ကိုရင် ၃၀ ပါးဟာ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေရပြီး စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ဘူးလို့ သိရကာ ကျန်တဲ့ သံဃာနဲ့ ကိုရင် ၄၆ ပါးဟာလည်း ကျောက်မီး တိုက်နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ မရှိဘူးလို့ သိရပါတယ်။
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာပြီးနောက် ၎င်းစနစ်မှ စိုထိုင်းဆများပြီး ရေငွေကြွယ်ဝတဲ့ မိုးတိမ်တန်းတွေဟာ အောက်တိုဘာလ ၁၄ ရက်မှ…
ပြည်တွင်းသတင်း
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ ဦးမျိုးမင်းစိုးကို ရပ်ကွက်ရုံးအနီးက ရေမြောင်းအတွင်းမှာ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
ပြည်တွင်းသတင်း
မကွေးမြို့၊ ဆေးတက္ကသိုလ်(မကွေး) နားမှာရှိတဲ့ သင်ကြားရေးဆေးရုံကြီးမှာ ဆေးရုံအုပ်ကြီးနဲ့ သူနာပြုတွေက သူတို့သတ်မှတ်ထားတဲ့ ဆေးဆိုင်က ဆေးပစ္စည်းတွေကိုပဲ လူနာတွေကို ဈေးအဆမတန်နဲ့ ဝယ်ခိုင်းနေပြီး အဲ့ဒီဆိုင်က ဝယ်လာတဲ့…