ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၁၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မော်လမြိုင်က အနှိပ်ခန်းတွေမှာ မိုးလင်းပေါက် အနှိပ်ခံပါက ဧည့်စာရင်းတိုင်ဖို့ ထွေအုပ်က ညွှန်ကြား
စက်တင်ဘာ ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့က အနှိပ်ခန်းတွေမှာ မိုးလင်းပေါက်အနှိပ်ခံပါက ဧည့်စာရင်းတိုင်ဖို့ မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၉ ရက်နေ့က စတင်ကာ အနှိပ်ခန်းတွေကို သီးသန့်ညွှန်ကြားစာ ထုတ်ခဲ့တာလို့ သိရပြီး မော်လမြိုင်မြို့ကို အလည်အပတ် လာရောက်သူတွေဟာ တည်းခိုခန်းတွေမှာ တည်းခိုပါက ဧည့်စာရင်းတိုင်ရတာကြောင့် ဧည့်စာရင်းမတိုင်ရတဲ့ အနှိပ်ခန်းတွေမှာသာ တည်းခိုပြီး မိုးလင်းပေါက် အနှိပ်ခံကာ အိပ်ကြတာကြောင့် အခုလို စာထုတ်တာလို့ သိရပါတယ်။
"ရွာတွေကနေ မြို့ပေါ်ကိုလာရင် အနှိပ်ခန်းတွေမှာပဲ မိုးလင်းပေါက်အနှိပ်ခံပြီး တည်းကြတော့တာ။ တည်းခိုခန်းတွေမှာတည်းရင် ဧည့်စာရင်းအစစ်ခံရတာကြောင့် မတည်းကြတာ” လို့ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ထွေအုပ်ဝန်ထမ်းတဦးက ပြောပါတယ်။
အနှိပ်ခန်းတွေနဲ့ KTV တွေမှာ ည ၁၂ နာရီကျော်ထိ နေသူတွေကို အကုန်ဧည့်စာရင်းတိုင်ရမယ်လို့ ညွှန်ကြားစာထုတ်ထားတာ ဖြစ်ပြီး မော်လမြိုင်မြို့မှာ ည ၁၂ ကနေ မနက် ၄ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာလည်း ရှိတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် မော်လမြိုင်မြို့မှာ သတ်မှတ်အချိန်ကျော်လွန်ကာ သွားလာသူတွေကိုလည်း ဖမ်းဆီးရိုက်နှက်ပြီး ငွေညှစ်တဲ့ ဖြစ်စဥ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ထဲမှာ အာဏာသိမ်းစစ်တပ်က ပေါင် ၅၀၀ ဗုံးသီး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သရက်ခရိုင်ထဲက မြို့နယ် ၄ မြို့နယ်လုံး…
ပြည်တွင်းသတင်း
မကွေးမြို့ကနေ ယောဒေသဘက်ကို စစ်ကြောင်းထိုးဖို့ပြင်နေတဲ့ အင်အားထောင်ကျော်ပါ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းဟာ ပွင့်ဖြူမြို့နယ်နဲ့ စလင်းမြို့နယ်ကြား ရောက်ရှိနေပြီလို့ သိရပါတယ်။
ပြည်တွင်းသတင်း
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီး ကန်ပတ်လမ်းမှာ အမျိုးသားတဦး ဆေးထိုးအပ်တန်းလန်းနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းတခု တွေ့ခဲ့တယ်လို့ သိရပါတယ်။