အရေးပေါ်
ပြည်တွင်းသတင်း

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

၂၀၂၆ စက်တင်ဘာ ၂၈ Myo Taw
ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့က တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ 29 Hotel မှာ အမျိုးသား ၁ ဦး အခန်းထဲ အနားယူနေချိန် အမျိုးသား ၃ ဦး ရောက်ရှိလာပြီး “ငါတို့က ရဲတွေ” လို့ ပြောဆိုကာ ထုရိုက် ခြိမ်းခြောက်ပြီး ရိုက်နှက်ခံရတဲ့ အမျိုးသားရဲ့ Wave 110 ဆိုင်ကယ်ကို လုယက်ယူဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။

“Hotel ထဲ ဝင်လာပြီး မျက်နှာကို လက်သီးနဲ့ထိုးပြီး ရိုက်တာ။ မင်းဆိုင်ကယ်လိုချင်ရင် ရဲစခန်းမှာ လာရွေးဆိုပြီး လက်ထဲက ပိုက်ဆံတွေလည်း ယူသွားတယ်။ အရိုက်ခံရတဲ့သူကလည်း ကြောက်လန့်ပြီး ဘာမှမလုပ်နိုင်ဘူး။ အဲ့ကိစ္စ သတင်းပျံ့သွားပြီးတော့ Hotel ရဲ့ CCTV တွေကတဆင့် ရဲကလိုက်ပြီး စုံစမ်းတာ။ တရားခံတွေကို တနေရာစီ မိတယ်” လို ဒေသခံတဦးက ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့မှာ တရားခံတွေဖြစ်တဲ့ ပြည့်ဖုန်းလှိုင် (ခ) ဂတ်စ်အိုး၊ ဖြိုးမြတ်အောင် (ခ) ဘတ်ဟိုးနဲ့ မောင်ကိုကို (ခ) တရုတ် (ခ) အားတီတို့ ၃ ဦးကို တာချီလိတ်မြို့က သီးခြားနေရာတွေမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

“ဆိုင်ကယ်က လိုင်စင်ရှိလို့ တော်သေးတယ်။ လုယက်တဲ့သူတွေက နယ်ခံတွေဆိုတော့ ဒီကရဲတွေ လုပ်တတ်တဲ့ လုပ်ရပ်အတိုင်း လိုက်လုပ်ပြီး လုသွားတာ။ ဒီမှာက ဆိုင်ကယ် without၊ ကား without နဲ့ တရုတ်ကုန်တွေကို ရဲကလိုက်ဖမ်းနေတာ ရှိတယ်” လို့ ဒေသခံတဦးက ထပ်မံပြောပါတယ်။

လတ်တလောမှာ တရားခံတွေ ၃ ဦးစလုံးကို တာချီလိတ်ရဲစခန်းမှာ ဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့ သိရကာ တာချီလိတ်မြို့မှာ အခုလို လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား ပြည်တွင်းသတင်း

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ ပြည်တွင်းသတင်း

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…

ဖတ်ရန်
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကန့်ဘလူမြို့နယ် နဲ့ မြင်းမူမြို့နယ်တို့မှာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိ ပြည်တွင်းသတင်း

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကန့်ဘလူမြို့နယ် နဲ့ မြင်းမူမြို့နယ်တို့မှာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် မြင်းမူမြို့နယ်တို့ကို အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် အရပ်သားပြည်သူတချို့နဲ့ နွားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်