အရေးပေါ်
ပြည်တွင်းသတင်း

မကွေးကနေ ယောနယ်ဘက်ကို ကားအစီးရေ ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းပို့နေ့ကာ ချင်းပြည်နယ်ကို ဝင်နိုင်တယ်လို့ဆို

၂၀၂၆ စက်တင်ဘာ ၁၉ Myo Taw
မကွေးကနေ ယောနယ်ဘက်ကို ကားအစီးရေ ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းပို့နေ့ကာ ချင်းပြည်နယ်ကို ဝင်နိုင်တယ်လို့ဆို

မကွေးကနေ ယောနယ်ဘက်ကို ကားအစီးရေ ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းပို့နေ့ကာ ချင်းပြည်နယ်ကို ဝင်နိုင်တယ်လို့ဆို

စက်တင်ဘာ ၁၉

မကွေးမြို့ကနေ ယောဒေသဘက်ကို စစ်ကြောင်းထိုးဖို့ပြင်နေတဲ့ အင်အားထောင်ကျော်ပါ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းဟာ ပွင့်ဖြူမြို့နယ်နဲ့ စလင်းမြို့နယ်ကြား ရောက်ရှိနေပြီလို့ သိရပါတယ်။

စက်တင်ဘာလ ၁၉ ရက် ဒီကနေ့မနက် ၆ နာရီဝန်းကျင်ခန့်က မကွေးမြို့ကနေ မကွေး-ပွင့်ဖြူ-စလင်း လမ်းမကြီးအတိုင်း ထွက်လာခဲ့တာလို့ သိရပြီး တပ်မ(၈၈)လက်အောက်ခံတပ်တွေ၊ ရှမ်းပြည်နယ်အခြေစိုက် တပ်စခန်းတွေနဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ဘက်ခြမ်းက တပ်တွေပါဝင်ကာ အင်အား ၁၅၀၀ ခန့်ရှိနိုင်တယ်လို့ သိရပါတယ်။

"ပြောင်း ၄ ခု မစ်ဇိုင်းလက်နက်ကြီးတင်လာတဲ့ ကား ၄ စီး၊ ပြောင်း ၁၂ ခု မစ်ဇိုင်းကား ၂ စီး၊ ဟောင်ဝှစ်ဇာ လက်နက်ကြီးတင်ထားတဲ့ ကား ၃ စီး၊ ဒရုန်းမျိုးစုံ တင်ထားတဲ့ ကား ၄ စီး၊ ကားတန်းအလယ်မှာက အရာရှိလို့ထင်ရတဲ့သူစီးတဲ့ အနက်ရောင်အိမ်စီးကား ၁ စီး၊ တင့်ကားတင်ထားတဲ့ ကားလည်းပါတယ်၊ တခြား လက်နက်ခဲယမ်းတွေလည်းပါတယ်" လို့ မျက်မြင်တွေ့ရှိခဲ့သူ ကားသမားတဦးက ပြောပါတယ်။

ပွင့်ဖြူမြို့နယ်နဲ့ စလင်းမြို့နယ်ကြားမှာလည်း ဒေသတွင်း ပျူစောထီးအဖွဲ့တွေက လမ်းတလျှောက် လုံခြုံရေးယူထားပေးတယ်လို့ သိရပြီး လောင်းရှည်-စေတုတ္တရာ လမ်းပိုင်းမှာလည်း စစ်ကြောင်းတခုက လုံခြုံရေးယူပေးထားကာ လောင်းရှည်-ဆောလမ်းပိုင်းက တောင်ဘိုကြီးကျေးရွာမှာလည်း အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၂၀၀ ဝန်းကျင်ခန့်က တပ်ဆွဲထားပြီး လုံခြုံရေးယူပေးထားတယ်လို့ သိရပါတယ်။

"မကွေးနဲ့ စလင်းကြား တိုက်ပွဲဖြစ်တာမရှိဘူး။ ခြုံခိုတိုက်ခိုက်တာမျိုးလည်း မကြားဘူး။ ကားအစီးရေက ၂၀၀ ပတ်လည်ရှိတယ်။ စစ်သားတွေက ပေါ်တာထဲပါတဲ့ လူငယ်တွေဖြစ်မယ်။ လူကြီးသိပ်မတွေ့ဘူး၊ ဆယ်ကျော်သက်အရွယ်တွေပဲ" လို့ ကားသမားတဦးက ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ လောင်းရှည်အခြေစိုက် ကပစ(၂၅)နဲ့ လောင်းရှည်မြို့အထိ စစ်ကြောင်းထိုးလာတာဖြစ်နိုင်ပြီး အဲ့ကနေ ချင်းပြည်နယ်တောင်ပိုင်း ကျင်ဒွေး၊ ကန်ပက်လက်၊ ဆော စတဲ့မြို့တွေကို စစ်ကြောင်းထိုးဖို့ ဖြစ်နိုင်တယ်လို့ စစ်ရေးလှုပ်ရှားသူတွေက သုံးသပ်ပြောဆိုထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ပေါင် ၅၀၀ ဗုံးသီး Mytel တာဝါတိုင်းပေါ် တည့်တည့်ကျလို့ ဖုန်းလိုင်းတွေ ပြတ်တောက် ပြည်တွင်းသတင်း

ပေါင် ၅၀၀ ဗုံးသီး Mytel တာဝါတိုင်းပေါ် တည့်တည့်ကျလို့ ဖုန်းလိုင်းတွေ ပြတ်တောက်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ထဲမှာ အာဏာသိမ်းစစ်တပ်က ပေါင် ၅၀၀ ဗုံးသီး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သရက်ခရိုင်ထဲက မြို့နယ် ၄ မြို့နယ်လုံး…

ဖတ်ရန်
မော်လမြိုင်က အနှိပ်ခန်းတွေမှာ မိုးလင်းပေါက် အနှိပ်ခံပါက ဧည့်စာရင်းတိုင်ဖို့ ထွေအုပ်က ညွှန်ကြား ပြည်တွင်းသတင်း

မော်လမြိုင်က အနှိပ်ခန်းတွေမှာ မိုးလင်းပေါက် အနှိပ်ခံပါက ဧည့်စာရင်းတိုင်ဖို့ ထွေအုပ်က ညွှန်ကြား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က အနှိပ်ခန်းတွေမှာ မိုးလင်းပေါက်အနှိပ်ခံပါက ဧည့်စာရင်းတိုင်ဖို့ မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဖတ်ရန်
မန္တလေးမြို့ ကန်တော်ကြီး ကန်ပတ်လမ်းမှာ မူးယစ်ဆေးထိုးသွင်နေရင်း အပ်တန်းလန်းနဲ့ အမျိုးသားတဦး သေဆုံး ပြည်တွင်းသတင်း

မန္တလေးမြို့ ကန်တော်ကြီး ကန်ပတ်လမ်းမှာ မူးယစ်ဆေးထိုးသွင်နေရင်း အပ်တန်းလန်းနဲ့ အမျိုးသားတဦး သေဆုံး

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီး ကန်ပတ်လမ်းမှာ အမျိုးသားတဦး ဆေးထိုးအပ်တန်းလန်းနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းတခု တွေ့ခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်