အရေးပေါ်
ပြည်တွင်းသတင်း

အင်းတော် - ကောလင်း - ထီးချိုင့်အစပ် ဒိုးပင်တောင်ရိုးမှာ စစ်ရှောင်ပြည်သူ ၃ ဦးကို အာဏာသိမ်းစစ်တပ်က သတ်ပစ်

၂၀၂၆ နိုဝင်ဘာ ၅ Myo Taw
အင်းတော် - ကောလင်း - ထီးချိုင့်အစပ် ဒိုးပင်တောင်ရိုးမှာ စစ်ရှောင်ပြည်သူ ၃ ဦးကို  အာဏာသိမ်းစစ်တပ်က သတ်ပစ်

အင်းတော် - ကောလင်း - ထီးချိုင့်အစပ် ဒိုးပင်တောင်ရိုးမှာ စစ်ရှောင်ပြည်သူ ၃ ဦးကို အာဏာသိမ်းစစ်တပ်က သတ်ပစ်ခဲ့

နိုဝင်ဘာ ၅

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် - ကောလင်းမြို့နယ် - ထီးချိုင့်မြို့နယ်အစပ်မှာ ထီးချိုင့်လမ်းဆုံကနေ စစ်ကြောင်း ထိုးလာတဲ့ အာဏာသိမ်း စစ်တပ်က ဒိုးပင်တောင်ရိုး၊ ရှုခင်းသာအနီးမှာ စစ်ရှောင်ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး ၃ ဦးကို ပစ်သတ်ခဲ့တယ်လို့ Indaw Revolution – IR က သတင်း ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၃ ရက်က ထီးချိုင့်လမ်းဆုံအနီးရှိ ကျောင်းကုန်းရွာကနေ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေက စစ်ရှောင်လာတဲ့ ကျောင်းကုန်းရွာနေ လင်မယားနှစ်ဦး ဖြစ်တဲ့ ဦးစစ်ကြည် နဲ့ ဒေါ်တင်တင်လှ၊ ထီးချိုင့်မြို့စစ်ရှောင် ကိုကြက်ရိုး နဲ့ အမည်မသိ အမျိုးသား ၁ ဦး တို့ကို ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။

“ကားနားရောက်တော့ ဒေါ်တင်တင်လှက ကြောက်ကြောက်နဲ့ စကားတွေပြောတော့ စစ်သားက စကားများတယ် ဆိုပြီး ဓားနဲ့ ထိုးလိုက်တာ။ အဲ့ဒါမြင်တော့ သူ့ယောက်ျား ဦးစစ်ကြည်က ထွက်ပြေးတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေက ဦးစစ်ကြည် ကို လိုက်လံပစ်ခတ်ခဲ့သလို ကိုကြက်ရိုး နဲ့ အမည်မသိ စစ်ရှောင်အမျိုးသား ၁ ဦးတို့ကိုလည်း သတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အဆိုပါ အာဏာသိမ်းစစ်တပ် စစ်ကြောင်းက ကောလင်းမြို့နယ်၊ ကျွန်းတောရွာကို ရောက်ရှိသွားပြီ ဖြစ်တယ်လို့ Inaw Revolution – IR က အသိပေးပါတယ်။

အာဏာသိမ်းပြီးချိန်မှ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၄ ရက် အထိ အာဏာသိမ်းစစ်တပ်နှင့် ၎င်းရဲ့လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနှင့် ပြည်သူစုစုပေါင်း (၈၆၄၇) ဦး ရှိခဲ့ပြီ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

မန္တလေးမှာ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး လုယက်မှု နှစ်ခုဖြစ်ပွား ပြည်တွင်းသတင်း

မန္တလေးမှာ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး လုယက်မှု နှစ်ခုဖြစ်ပွား

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၅ လမ်း ၊၂၆ လမ်းနဲ့ ၂၇ လမ်းကြားက "Pro Solar Energy & Led…

ဖတ်ရန်
ဆတ်သွား - လယ်ဝေးလမ်းပိုင်း တိုက်ခိုက်မှုအတွင်း ရဲ ၂ ဦးသေဆုံး ၁ ဦး ပြင်းဒဏ်ထန်ရာရရှိကာ သေနတ် ၁ လက်နဲ့ ဆိုင်ကယ် ၂ စီး သိမ်းယူနိုင်ခဲ့ ပြည်တွင်းသတင်း

ဆတ်သွား - လယ်ဝေးလမ်းပိုင်း တိုက်ခိုက်မှုအတွင်း ရဲ ၂ ဦးသေဆုံး ၁ ဦး ပြင်းဒဏ်ထန်ရာရရှိကာ သေနတ် ၁ လက်နဲ့ ဆိုင်ကယ် ၂ စီး သိမ်းယူနိုင်ခဲ့

ဆတ်သွား - လယ်ဝေးလမ်းပိုင်း တိုက်ခိုက်မှုအတွင်း ရဲ ၂ ဦးသေဆုံး ၁ ဦး ပြင်းဒဏ်ထန်ရာရရှိကာ သေနတ် ၁ လက်နဲ့ ဆိုင်ကယ်…

ဖတ်ရန်
ပေါက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၄၀၀၀ နီးပါး စစ်ဘေးရှောင်နေရ ပြည်တွင်းသတင်း

ပေါက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၄၀၀၀ နီးပါး စစ်ဘေးရှောင်နေရ

မကွေးတိုင်း၊ ပေါက်မြို့နယ်(တောင်ပိုင်း)က နေရာတချို့ကို အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၄၀၀၀…

ဖတ်ရန်
အင်းတော်-ကောလင်း-ထီးချိုင့်အစပ် ဒိုးပင်တောင်ရိုးမှာ စစ်ရှောင် ၃ ဦးကို အာဏာသိမ်းစစ်တပ်က သတ်ပစ်ခဲ့ ရုပ်သံ Afternoon NEWS

အင်းတော်-ကောလင်း-ထီးချိုင့်အစပ် ဒိုးပင်တောင်ရိုးမှာ စစ်ရှောင် ၃ ဦးကို အာဏာသိမ်းစစ်တပ်က သတ်ပစ်ခဲ့

အင်းတော်-ကောလင်း-ထီးချိုင့်အစပ် ဒိုးပင်တောင်ရိုးမှာ စစ်ရှောင်ပြည်သူ ၃ ဦးကို အာဏာသိမ်းစစ်တပ်က သတ်ပစ်ခဲ့တဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်