အရေးပေါ်
နိုင်ငံတကာသတင်း

ထရမ့်ရဲ့ နိုင်ငံရေးအကျပ်အတည်းဟာ တရုတ်အတွက် ရေတိုအကျိုးအမြတ် ဖြစ်လာနိုင်ပေမယ့် ရေရှည်မှာတော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေ

၂၀၂၆ နိုဝင်ဘာ ၅ Myo Taw
ထရမ့်ရဲ့ နိုင်ငံရေးအကျပ်အတည်းဟာ တရုတ်အတွက် ရေတိုအကျိုးအမြတ် ဖြစ်လာနိုင်ပေမယ့် ရေရှည်မှာတော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေ

ထရမ့်ရဲ့ နိုင်ငံရေးအကျပ်အတည်းဟာ တရုတ်အတွက် ရေတိုအကျိုးအမြတ် ဖြစ်လာနိုင်ပေမယ့် ရေရှည်မှာတော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေ

နိုဝင်ဘာ ၅

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီ အရေးနိမ့်သွားခဲ့တာဟာ တရုတ်နိုင်ငံအတွက် ရေတိုအကျိုးအမြတ်တွေ ရလာနိုင်ပေမယ့်၊ ရေရှည်မှာတော့ ခန့်မှန်းရခက်တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

အခုဆိုရင် ဒီမိုကရက်တွေက ကွန်ဂရက်လွှတ်တော်ကို ထိန်းချုပ်ခွင့် ရရှိသွားပြီဖြစ်လို့ ပြည်တွင်းရေးမှာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ သမ္မတထရမ့်အနေနဲ့ လာမယ့် APEC နဲ့ G20 ထိပ်သီးဆွေးနွေးပွဲတွေမှာ တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်ရဖို့ ပိုပြီး လိုအပ်လာနိုင်ပါတယ်။

ဒီအချက်က ပေကျင်းအစိုးရအတွက်တော့ ကုန်သွယ်ရေးဆွေးနွေးပွဲတွေမှာ အသာစီးရနိုင်မယ့် ရေတိုအခွင့်အရေးတခု ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိဟောင်း ရှန်ဝေကျုံးကလည်း ထရမ့်နောက် ဆက်ခံမယ့် သမ္မတဟာ တရုတ်အပေါ် ပိုမိုတင်းမာတဲ့ သဘောထားရှိနိုင်တာကြောင့် လက်ရှိအခြေအနေအတိုင်း နောက်ထပ် ၂ နှစ်လောက် ထိန်းထားနိုင်ရင်တောင် တရုတ်အတွက် အကျိုးရှိတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ တရုတ်အတွက် စိုးရိမ်စရာတွေလည်း ရှိနေပါတယ်။ ဒီမိုကရက်တစ်ပါတီ ထိန်းချုပ်တဲ့ လွှတ်တော်က ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချရေး ပြန်လည်စတင်ဖို့ ထရမ့်ကို ဖိအားပေးလာနိုင်ပါတယ်။ ထိုင်ဝမ်အရေးဟာ တရုတ်ရဲ့ အဓိကအနီရောင်မျဉ်းဖြစ်တာကြောင့် ဒီကိစ္စက နှစ်နိုင်ငံဆက်ဆံရေးကို တင်းမာစေနိုင်ပါတယ်။

ဒါ့အပြင် ထရမ့်ဟာ ပြည်တွင်းနိုင်ငံရေးမှာ အားနည်းလာတာကို ပြန်လည်ကုစားဖို့ နိုင်ငံခြားရေးမူဝါဒမှာ ပိုမိုပြင်းထန်ပြီး ခန့်မှန်းရခက်တဲ့ လုပ်ရပ်တွေ လုပ်လာနိုင်ပါတယ်။ အထူးသဖြင့် အီရန်စစ်ပွဲ ပိုမိုကျယ်ပြန့်လာရင် ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်ပြီး တရုတ်ရဲ့ စွမ်းအင်လုံခြုံရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။

တဖက်မှာလည်း တရုတ်ဟာ ရုရှားနဲ့ မြောက်ကိုရီးယားအပေါ် ရှိနေတဲ့ သြဇာလွှမ်းမိုးမှုကို အသုံးချပြီး ထရမ့်ဆီက အခြားနိုင်ငံရေးဆိုင်ရာ အလျှော့အတင်းတွေ ရယူဖို့ ကြိုးပမ်းလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

အခုအခြေအနေအရ ထရမ့်ရဲ့ နိုင်ငံရေးရှုံးနိမ့်မှုဟာ တရုတ်အတွက် ရေတိုမှာ အခွင့်အရေးဖြစ်လာနိုင်ပေမယ့် အမေရိကန်လွှတ်တော်ရဲ့ တရုတ်အပေါ် တင်းမာတဲ့သဘောထားနဲ့ နောင်လာမယ့် အမေရိကန်အစိုးရရဲ့ မူဝါဒတွေကြောင့် ရေရှည်မှာတော့ တရုတ်အတွက် ပိုမိုခက်ခဲလာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

Ref & Photo: Reuters

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲ ပြီးဆုံးသွားပေမယ့် ထိုင်ဝမ်အတွက် လက်နက်ရောင်းချမယ့် အစီအစဉ်တွေ ဆက်ရှိနေဦးမယ်လို့ဆို နိုင်ငံတကာသတင်း

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲ ပြီးဆုံးသွားပေမယ့် ထိုင်ဝမ်အတွက် လက်နက်ရောင်းချမယ့် အစီအစဉ်တွေ ဆက်ရှိနေဦးမယ်လို့ဆို

အမေရိကန်နိုင်ငံရေး အပြောင်းအလဲတွေကြားမှာ ထိုင်ဝမ်အတွက် လက်နက်ရောင်းချရေးနဲ့ ကာကွယ်ရေးအကူအညီတွေကို အမေရိကန်လွှတ်တော်က ဆက်လက်ကူညီထောက်ခံသွားမယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဝဲလင်တန်ကူးက ပြောဆိုလိုက်ပါတယ်။

ဖတ်ရန်
တရုတ်ကွန်မြူနစ်ပါတီအတွင်း သစ္စာခံမှုကို အဓိကထားပြီး စည်းကမ်းနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပိုတင်းကျပ်မယ်လို့ဆို နိုင်ငံတကာသတင်း

တရုတ်ကွန်မြူနစ်ပါတီအတွင်း သစ္စာခံမှုကို အဓိကထားပြီး စည်းကမ်းနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပိုတင်းကျပ်မယ်လို့ဆို

တရုတ်ကွန်မြူနစ်ပါတီအတွင်း သစ္စာခံမှုကို အဓိကထားပြီး စည်းကမ်းနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပိုတင်းကျပ်မယ်လို့ဆို

ဖတ်ရန်
အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး နိုင်ငံတကာသတင်း

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ဒေသအများအပြားမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေဆဲဖြစ်တယ်လို့…

ဖတ်ရန်
သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ နိုင်ငံတကာသတင်း

သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ

ပေါ်တူဂီဂန္ထဝင် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ၂၀၀၈ ခုနှစ် Ballon d’Or ဆုရရှိမှုကို သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင် (Ballon d’Or…

ဖတ်ရန်