ပြည်တွင်းသတင်း
မန္တလေးမှာ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး လုယက်မှု နှစ်ခုဖြစ်ပွား
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၅ လမ်း ၊၂၆ လမ်းနဲ့ ၂၇ လမ်းကြားက "Pro Solar Energy & Led…
ပေါက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၄၀၀၀ နီးပါး စစ်ဘေးရှောင်နေရ
နိုဝင်ဘာ ၅
မကွေးတိုင်း၊ ပေါက်မြို့နယ်(တောင်ပိုင်း)က နေရာတချို့ကို အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၄၀၀၀ နီးပါး စစ်ဘေးရှောင်နေရတယ်လို့ ပေါက်မြို့နယ်-လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာနက နိုဝင်ဘာလ ၄ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ် လက်အောက်ခံ ညောင်ဦးလေတပ်မှ တက်လာတဲ့ MI – 35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စင်းနဲ့ ဂျိုင်ရိုကော်ပတာ ၄ စီးတို့က နိုဝင်ဘာလ ၄ ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်သလို ကပစ ၂၄ မှလည်း လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် သီးချောက်ရွာ(တောင်ပိုင်း)က ပြည်သူနေအိမ်တွေ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေပါ ပျက်စီးခဲ့သလို ကျေးရွာ ၉ ရွာခန့်မှ ပြည်သူ ၄၀၀၀ နီးပါးဟာ စစ်ဘေးရှောင်နေကြရတယ်လို့ ပေါက်မြို့နယ်-လူသားစာနာက ထုတ်ပြန်ထားပါတယ်။
UNOCHA Myanmar ရဲ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပြီးနောက် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုအခြေအနေတွေကြောင့် နေရပ်စွန့်ခွာသူ ၃.၈ သန်းကျော် ရှိတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ပြည်တွင်းသတင်း
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၅ လမ်း ၊၂၆ လမ်းနဲ့ ၂၇ လမ်းကြားက "Pro Solar Energy & Led…
ပြည်တွင်းသတင်း
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် - ကောလင်းမြို့နယ် - ထီးချိုင့်မြို့နယ်အစပ်မှာ ထီးချိုင့်လမ်းဆုံကနေ စစ်ကြောင်း ထိုးလာတဲ့ အာဏာသိမ်း စစ်တပ်က ဒိုးပင်တောင်ရိုး၊ ရှုခင်းသာအနီးမှာ စစ်ရှောင်ပြည်သူ…
ပြည်တွင်းသတင်း
ဆတ်သွား - လယ်ဝေးလမ်းပိုင်း တိုက်ခိုက်မှုအတွင်း ရဲ ၂ ဦးသေဆုံး ၁ ဦး ပြင်းဒဏ်ထန်ရာရရှိကာ သေနတ် ၁ လက်နဲ့ ဆိုင်ကယ်…
ရုပ်သံ
Afternoon NEWS
အင်းတော်-ကောလင်း-ထီးချိုင့်အစပ် ဒိုးပင်တောင်ရိုးမှာ စစ်ရှောင်ပြည်သူ ၃ ဦးကို အာဏာသိမ်းစစ်တပ်က သတ်ပစ်ခဲ့တဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ