အရေးပေါ်
ပြည်တွင်းသတင်း

တရုတ်မယားအဖြစ် ရောင်းစားဖို့ ပြုလုပ်ခဲ့သူတွေကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်

၂၀၂၆ သြဂုတ် ၄ Myo Taw
တရုတ်မယားအဖြစ် ရောင်းစားဖို့ ပြုလုပ်ခဲ့သူတွေကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်

တရုတ်မယားအဖြစ် ရောင်းစားဖို့ ပြုလုပ်ခဲ့သူတွေကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်

ဩဂုတ် ၄

မြန်မာအမျိုးသမီးတွေကို တရုတ်နိုင်ငံမှာ တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားဖို့ စီစဉ်ဆောင်ရွက်ခဲ့ကြသူတွေကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်နေ အသက် ၂၅ နှစ်အရွယ်ရှိ မကြာညို (အမည်လွှဲ) နှင့် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်နေ အသက် ၂၃ နှစ်အရွယ်ရှိ မခင်မို့မို့ (အမည်လွှဲ) တို့ဟာ လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်သွားရောက် လျှောက်ထားစဉ် သွေးဆောင်ဖျားယောင်း စည်းရုံးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

၎င်းတို့နှစ်ဦးကို ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက်နေ ခင်သီတာပြီး (ခ) မသီတာက တရုတ်မယားအဖြစ် လုပ်ကိုင်ပါက ငွေကျပ်သိန်း ၁၀၀ ရရှိမယ်လို့ ပြောဆိုစည်းရုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မသီတာ ဟာ တရုတ်နိုင်ငံရှိ ခင်ပိုပိုသက်နှင့် ချိတ်ဆက်ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားဖို့ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရတာကြောင့် မြောက်ဥက္ကလာပမြို့နယ် ရဲစခန်း က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ နဲ့ အမှုဖွင့် တရားစွဲဆိုခဲ့ပြီး ဇူလိုင်လ ၂၈ ရက်နေ့က မရမ်းကုန်း ခရိုင်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ မန္တလေးမြို့၊ ရဲမွန်တောင်ရပ်ကွက်ရှိ ပန်းပျိုးခင်း KTV မှာ အလုပ်လုပ်ကိုင်နေသူ အသက် ၃၁ နှစ်အရွယ်ရှိ မသီရိ (အမည်လွှဲ) ကို မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်း အရှေ့ကျေးရွာနေ အေးမာ က တရုတ်ဇီးမယားအဖြစ် ဆောင်ရွက်လိုပါက အဆက်အသွယ်ရှိကြောင်း၊ တစ်နှစ်လုပ်ကိုင်လိုပါက ငွေကျပ်သိန်း ၁၀၀ ရမှာဖြစ်ကြောင်း ပြောဆိုစည်းရုံးခဲ့ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးတဲ့ မန္တလေးတိုင်း၊ အမရပူရမြို့နယ်နေ ကျော်လှိုင် (ခ) အားလှိုင်ထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားဖို့ စီစဉ်ဆောင်ရွက်ခဲ့ကြကြောင်း စိစစ်တွေ့ရှိရတာကြောင့် အမှတ်(၉)မြို့မရဲစခန်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ပြီး ဇူလိုင်လ ၃၀ ရက်နေ့က မဟာအောင်မြေခရိုင် တရားရုံးမှ ဖမ်းဆီးရမိတရားခံ အေးမာကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ် နှစ်ခုမှ တိမ်းရှောင်တရားခံ ကျော်လှိုင်(ခ)အားလှိုင်နှင့် ခင်ပိုပိုသက် တို့ နှစ်ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ပြီး ဖမ်းဝရမ်း ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

မင်းအောင်လှိုင် ရောက်တဲ့နေရာတိုင်း မကောင်းတာ တစ်ခုမဟုတ် တစ်ခု ဖြစ်တတ်လို့ ထိုင်းရောက် မြန်မာတွေ စိုးရိမ်နေ ပြည်တွင်းသတင်း

မင်းအောင်လှိုင် ရောက်တဲ့နေရာတိုင်း မကောင်းတာ တစ်ခုမဟုတ် တစ်ခု ဖြစ်တတ်လို့ ထိုင်းရောက် မြန်မာတွေ စိုးရိမ်နေ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်တဲ့ နိုင်ငံ ဒါမှမဟုတ် ပြည်တွင်းက နေရာတွေမှာ ရေကြီးတာ၊ မုန်တိုင်းတိုက်တွေနဲ့ တခြားမကောင်းတဲ့ ဖြစ်ရပ်တွေ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်တတ်လို့ ထိုင်းရောက်…

ဖတ်ရန်
မိခင်က အရက်ဖိုး မပေးလို့ဆိုကာ သားဖြစ်သူက ဓားမနဲ့ ခုတ်
VIDEO Afternoon NEWS

မိခင်က အရက်ဖိုး မပေးလို့ဆိုကာ သားဖြစ်သူက ဓားမနဲ့ ခုတ်

မိခင်က အရက်ဖိုး မပေးလို့ဆိုကာ သားဖြစ်သူက ဓားမနဲ့ ခုတ် တဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် ဩဂုတ်လ ၄…

ကြည့်ရန်
နေပြည်တော် လယ်ဝေးက လူငယ်တဦး မိခင်က ဆေးဝယ်ခိုင်းလို့ သွားရာက ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရ ပြည်တွင်းသတင်း

နေပြည်တော် လယ်ဝေးက လူငယ်တဦး မိခင်က ဆေးဝယ်ခိုင်းလို့ သွားရာက ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရ

နေပြည်တော်၊ လယ်ဝေးမြိုန့ယ်၊ ကြို့ပင်ကြီးရွာနေ လူငယ်တဦးဟာ မိဖြစ်ဖြစ်သူက ဆေးဝယ်ခိုင်းလို့ ဆေးသွားဝယ်ရာက လမ်းမှာ ပေါ်တာဆွဲ ဖမ်းဆီးတာ ခံလိုက်ရတယ်လို့ သိရပါတယ်။

ဖတ်ရန်