အရေးပေါ်
ပြည်တွင်းသတင်း

အင်တာနက်ဝန်ဆောင်မှု ပျက်ကွက်ပါက အရေးယူမယ်လို့ အင်တာနက် ဖြတ်တောက်ထားတဲ့ အာဏာသိမ်းအစိုးရရဲ့ ဒုဝန်ကြီး ပြောဆို

၂၀၂၆ ဇူလိုင် ၂၆ Myo Taw
အင်တာနက်ဝန်ဆောင်မှု ပျက်ကွက်ပါက အရေးယူမယ်လို့ အင်တာနက် ဖြတ်တောက်ထားတဲ့ အာဏာသိမ်းအစိုးရရဲ့ ဒုဝန်ကြီး ပြောဆို

အင်တာနက်ဝန်ဆောင်မှု ပျက်ကွက်ပါက အရေးယူမယ်လို့ အင်တာနက် ဖြတ်တောက်ထားတဲ့ အာဏာသိမ်းအစိုးရရဲ့ ဒုဝန်ကြီး ပြောဆို

ဇူလိုင် ၂၆

ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရရှိထားတဲ့ အင်တာနက်ကုမ္ပဏီတွေအနေနဲ့ ဝန်ဆောင်မှုပျက်ကွက်ပါက သုံးစွဲသူပြည်သူတွေက တိုင်ကြားနိုင်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ဇူလိုင်လ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ အာဏာသိမ်းအစိုးရရဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ မေးမြန်းမှုကို ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

သုံးစွဲသူတွေအနေဖြင့် အင်တာနက်လိုင်း ပြတ်တောက်မှုတွေ ကြုံတွေ့ရပါက သက်ဆိုင်ရာ ကုမ္ပဏီသို့ ရှေးဦးစွာအကြောင်းကြားဖို့ လိုအပ်ပြီး ဝန်ဆောင်မှု ပေးနိုင်ခြင်းမရှိဘဲ ပျက်ကွက်ခဲ့ပါက ကုမ္ပဏီများထံမှ လျော်ကြေးငွေ သိုမဟုတ် အစားထိုးဝန်ဆောင်မှုပေးအပ်နိုင်ရေး ညှိနှိင်းတောင်းဆိုသွားရန်နှင့် လိုက်နာဖြည့်ဆည်းမှု မရှိပါက သက်ဆိုင်ရာဌာနတွေကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ဖြေကြားခဲ့ပါတယ်။

တိုင်ကြားလိုသူတွေအနေဖြင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) ရဲ့ အီးမေးလ်ဖြစ်တဲ့ complaint@ptd.gov.mm သို့ လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရဲ့ Consumer Call Center ဖုန်းနံပါတ် ၁၅၃၅ သို့ လည်းကောင်း တိုက်ရိုက်ဆက်သွယ် တိုင်ကြားနိုင်ပြီး ကုမ္ပဏီတွေအနေနဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း ထင်ရှားပါက လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေပုဒ်မ ၄၁ (က)အရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် စားသုံးသူရေးရာဦးစီးဌာနသို့ ၂၀၁၇ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်အထိ ဆက်သွယ်ရေး ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး တိုင်ကြားစာ စုစုပေါင်း ၂၂၀၀ ခု လက်ခံရရှိခဲ့ရာမှ ၂၁၉၂ ခုကို အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိတဲ့ ၈ မှုကိုလည်း ဆက်လက်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

အာဏာသိမ်း စစ်အစိုးရရဲ့ ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ခုလိုဖြေကြားထားပေမယ့် အာဏာသိမ်းပြီးချိန်ကတည်းက ပြည်သူတွေဟာ အင်တာနက်သုံးစွဲမှုကို လုံလုံလောက်လောက်မရရှိဘဲ ကန့်သတ်ခံထားရသလို Facebook ကဲ့သို့ ဆိုရှယ်မီဒီယာ သုံးစွဲခွင့်ကိုလည်း ပိတ်ပင်ထားရာ ပြည်သူတွေဟာ VPN အသုံးပြုပြီး ခိုးကြောင်ခိုးဝှက် သုံးစွဲနေကြရပါတယ်။

အာဏာသိမ်း စစ်အစိုးရက ကန့်သတ်ထားတဲ့ Application တွေနဲ့ Game တွေကို သုံးစွဲတာနှင့် ဖုန်းထဲမှာ Install သွင်းထားတာ တွေ့ရှိပါက ဖမ်းဆီးအရေးယူတာတွေရှိခဲ့ပြီး အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေက ခြိမ်းခြောက် ငွေညစ်နေတာတွေလည်း ရှိနေပါတယ်။

အလားတူ တိုင်းနဲ့ ပြည်နယ်တချို့မှာ တော်လှန်ရေးအင်အားစုတွေ အများစု အသုံးပြုကြတဲ့ Signal မက်ဆေ့ချ်အက်ပ်ကိုလည်း တားမြစ်ထားပြီး ဖုန်းထဲမှာ သွင်းထားတာ တွေ့ရှိပါက အာဏာသိမ်း တပ်ဖွဲ့ဝင်တွေက မတရားဖမ်းဆီးတာတွေလည်း လုပ်ဆောင်နေပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

ဦးပိုင်ကုမ္ပဏီက 'တော်ဝင်' ခရီးသည်တင်ကားတစီး ကျောက်ပန်းတောင်းနားမှ ပျောက်ဆုံးနေ
VIDEO ပြည်တွင်းသတင်း

ဦးပိုင်ကုမ္ပဏီက 'တော်ဝင်' ခရီးသည်တင်ကားတစီး ကျောက်ပန်းတောင်းနားမှ ပျောက်ဆုံးနေ

ဦးပိုင်ကုမ္ပဏီက 'တော်ဝင်' ခရီးသည်တင်ကားတစီး ကျောက်ပန်းတောင်းနားမှ ပျောက်ဆုံးနေတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
နေပြည်တော် - မကွေး လမ်းပိုင်းပေါ်ရှိ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗိုလ်မှူးအဆင့် အပါအဝင် (၉)ဦး သေဆုံး ပြည်တွင်းသတင်း

နေပြည်တော် - မကွေး လမ်းပိုင်းပေါ်ရှိ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗိုလ်မှူးအဆင့် အပါအဝင် (၉)ဦး သေဆုံး

မကွေး-ကန်ပြား-မြို့သစ်-နေပြည်တော် လမ်းပိုင်းပေါ်ရှိ ရွှေပန်းရဲစခန်းနှင့် စစ်တပ်စစ်ဆေးရေး ဂိတ်ကို အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ နေပြည်တော်တိုင်းစစ်ဌာနမှ တပ်ရင်းအမှတ် (၉၀၃)နှင့် (၈၀၃)တို့က ပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၂၅…

ဖတ်ရန်
သီပေါတံတား ပြန်ဖွင့်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မြေပြင်မှာ ဖြတ်သန်းခွင့်မပေး ပြည်တွင်းသတင်း

သီပေါတံတား ပြန်ဖွင့်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မြေပြင်မှာ ဖြတ်သန်းခွင့်မပေး

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်က ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ သီပေါတံတားကို အာဏာသိမ်းစစ်တပ်က ပြန်လည်ဖြတ်သန်းခွင့် ပေးလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တကယ့်မြေပြင်မှာ ပိတ်ထားဆဲဖြစ်ပြီး ဖြတ်သန်းခွင့် မရသေးဘူးလို့ သိရပါတယ်။

ဖတ်ရန်