အရေးပေါ်
ပြည်တွင်းသတင်း

နေပြည်တော် - မကွေး လမ်းပိုင်းပေါ်ရှိ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗိုလ်မှူးအဆင့် အပါအဝင် (၉)ဦး သေဆုံး

၂၀၂၆ ဇူလိုင် ၂၅ Myo Taw
နေပြည်တော် - မကွေး လမ်းပိုင်းပေါ်ရှိ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗိုလ်မှူးအဆင့် အပါအဝင် (၉)ဦး သေဆုံး

နေပြည်တော် - မကွေး လမ်းပိုင်းပေါ်ရှိ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗိုလ်မှူးအဆင့် အပါအဝင် (၉)ဦး သေဆုံး

ဇူလိုင် ၂၅

မကွေး-ကန်ပြား-မြို့သစ်-နေပြည်တော် လမ်းပိုင်းပေါ်ရှိ ရွှေပန်းရဲစခန်းနှင့် စစ်တပ်စစ်ဆေးရေး ဂိတ်ကို အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ နေပြည်တော်တိုင်းစစ်ဌာနမှ တပ်ရင်းအမှတ် (၉၀၃)နှင့် (၈၀၃)တို့က ပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၃ နာရီ ၄၅ မိနစ်ခန့်မှာ သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေး တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးအဆင့် အပါအဝင် အာဏာသိမ်း စစ်တပ် တပ်ဖွဲ့ဝင် (၉)ဦး သေဆုံးခဲ့ပြီး အခြားသူတွေမှာလည်း ဒဏ်ရာတွေရရှိခဲ့ကာ ဆုတ်ခွာထွက်ပြေး သွားကြတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအပြီး ရွှေပန်းရဲစခန်းနှင့် စစ်ဆေးရေးဂိတ်စခန်းတို့ကို မီးရှို့ဖျက်စီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းနှင့် ငွေကြေးအချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲမှ MA 1 - ၃ လက်၊ MA 2 (စက်ကလေး) - ၁ လက်၊ G 3 - ၁ လက်၊ ၄၀ မမ ပြောင်း - ၁ ပြောင်း၊ ကျည်ဘောက်မျိုးစုံ - ၁၀ ဘောက်၊ (၁၄)မိုင်း - ၆ လုံး၊ ၄၀ မမ အသီး - ၉ လုံး၊ လက်ပစ်ဗုံး - ၉ လုံး၊ ရှေ့ထွက်မိုင်း - ၁ လုံး၊ ကျည်မျိုးစုံ - ၂၀၀ ခန့်၊ ဖုန်း - ၂ လုံးနှင့် ငွေသားကျပ် (၃၅) သိန်းခန့် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သိမ်းဆည်းရမိတဲ့ စစ်ပစ္စည်းတွေထဲမှာ ဟောင်ဝစ်ဇာ အမြောက်တစ်လက် ပါဝင်ခဲ့ပေမယ့် သယ်ယူဖို့ အခက်အခဲရှိတာကြောင့် ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

နေပြည်တော်နှင့် မကွေးတိုင်းအစပ်မှာ တည်ရှိတဲ့ ရွှေပန်းရဲစခန်းနှင့် စစ်ဆေးရေးဂိတ်တို့ဟာ စစ်သားနှင့် ရဲတွေ ပူးပေါင်းတပ်စွဲထားပြီး အင်အား (၃၀) ခန့်ရှိကာ ဗိုလ်မှူးအဆင့် ကွပ်ကဲတဲ့ စခန်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

သီပေါတံတား ပြန်ဖွင့်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မြေပြင်မှာ ဖြတ်သန်းခွင့်မပေး ပြည်တွင်းသတင်း

သီပေါတံတား ပြန်ဖွင့်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မြေပြင်မှာ ဖြတ်သန်းခွင့်မပေး

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်က ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ သီပေါတံတားကို အာဏာသိမ်းစစ်တပ်က ပြန်လည်ဖြတ်သန်းခွင့် ပေးလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တကယ့်မြေပြင်မှာ ပိတ်ထားဆဲဖြစ်ပြီး ဖြတ်သန်းခွင့် မရသေးဘူးလို့ သိရပါတယ်။

ဖတ်ရန်
စလော့ဂိမ်းကြောင့် ငွေကျပ်သိန်း ၄၀၀ ကျော် ရှုံးပြီး လူငယ်တဦး ကြိုးဆွဲချသေဆုံး
VIDEO ပြည်တွင်းသတင်း

စလော့ဂိမ်းကြောင့် ငွေကျပ်သိန်း ၄၀၀ ကျော် ရှုံးပြီး လူငယ်တဦး ကြိုးဆွဲချသေဆုံး

စလော့ဂိမ်းကြောင့် ငွေကျပ်သိန်း ၄၀၀ ကျော် ရှုံးပြီး လူငယ်တဦး ကြိုးဆွဲချသေဆုံးတဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၅…

ကြည့်ရန်
FMI အိမ်ရာမှာ အဆောင်မှူးက ဓားနဲ့ထိုးလို့ အိမ်ရာလုံခြုံရေးတာဝန်ခံ သေဆုံး‎ မှုခင်းသတင်း

FMI အိမ်ရာမှာ အဆောင်မှူးက ဓားနဲ့ထိုးလို့ အိမ်ရာလုံခြုံရေးတာဝန်ခံ သေဆုံး‎

‎ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့)မြို့နယ်၊ FMI အိမ်ရာ၊ ဂိတ် ၃ ပေါက်အနီးမှာ အိမ်ရာလုံခြုံရေး တာဝန်ဆောင်ရွက်နေသူ လူငယ်တဦး ဓားထိုးခံရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်