ဇူလိုင် ၇ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
နေပြည်တော်မြို့တွင်း ခရီးစဥ်အတွက် EV Bus ကားလိုင်းကို တစ်ရက် (၄) ခေါက် စတင်ပြေးဆွဲနေ
ဇူလိုင် ၇
နေပြည်တော်မြို့တွင်း ခရီးစဥ်အတွက် "ရာဇာမင်း" ယာဉ်လိုင်းမှ EV Bus ကားလိုင်းကို ဇူလိုင်လ ၆ ရက် မနေ့က စတင်ပြီး တစ်ရက် (၄) ခေါက် စတင်ပြေးဆွဲနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ EV Bus ကားလိုင်းဟာ မြို့မဈေးကနေ ဘောဂသီရိကားကွင်းအထိကို တောင်ညိုလမ်းအတိုင်း ပြေးဆွဲပေးမှာဖြစ်ပြီး လမ်းကြောင်းတလျှောက်မှာရှိတဲ့ NSA၊ သပြေကုန်း၊ စည်ပင်ဧည့်ရိပ်သာ၊ ဆင်ရုပ်၊ မြင်းရုပ်နဲ့ နှင်းဆီပန်းအဝိုင်း စတဲ့နေရာတွေကို ဖြတ်သန်း ပြေးဆွဲပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ယာဉ်ပြေးဆွဲမယ့်အချိန်တွေအနေနဲ့ မနက် ၆ နာရီမှာ မြို့မဈေးကနေ စတင်ထွက်ခွာမှာဖြစ်ပြီး မနက် ၈ နာရီမှာတော့ ဘောဂသီရိကနေ လမ်းကြောင်းအတိုင်း ပြန်လည်ထွက်ခွာမှာဖြစ်သလို မနက် ၁၀ နာရီမှာ မြို့မဈေးကနေတခေါက်၊ နေ့လယ် ၁ နာရီမှာ ဘောဂသီရိကနေတခေါက် စုစုပေါင်း တစ်ရက်ကို ၄ ခေါက် ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
"အခုလို လျှပ်စစ်ဘတ်စ်ကားတွေ ပြေးဆွဲပေးတော့ မြို့တွင်းသွားလာရတာ ပိုအဆင်ပြေလာတယ်၊ ယာဉ်စီးခကလည်း အတက်အဆင်း ဂိတ်စဂိတ်ဆုံးကို တစ်ထောင်ကျပ်ပဲဆိုတော့ ခရီးသည်တွေအတွက် အဆင်ပြေပါတယ်" လို့ ဒေသခံ ယာဉ်စီးခရီးသည် တဦးက မြို့တော်ကို ပြောပါတယ်။
နေပြည်တော်မြို့တွင်း ခရီးသွားလာမှု ကဏ္ဍမြှင့်တင်ဖို့နဲ့ အများပြည်သူ သွားလာရေး အဆင်ပြေချောမွေ့စေဖို့အတွက် အခုလို လျှပ်စစ်ဘတ်စ်ကား (EV Bus) တွေကို တိုးချဲ့ပြေးဆွဲပေးတာ ဖြစ်တယ်လို့ သိရပါတယ်။
မြို့တော် News Channel
၂၀၂၆ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မှုခင်းသတင်း
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကွမ်းလောင်းရွာမှာ ပေါ်တာအဆွဲခံခဲ့ရတာကို မကျေနပ်လို့ အုပ်ချုပ်ရေးမှူးကို ဓားနဲ့ ခုတ်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၅ ရက်နေ့ နေ့လယ်ပိုင်းက အောင်လံမြို့၊…
ခိုးဆိုးလုယက်မှုတွေဖြစ်ပါက ဒေသခံတွေရဲ့လုံခြုံရေး စိုးရိမ်လို့ဆိုကာ အမှုမဖွင့်ဖို့ ရဲနဲ့အုပ်ကြီးကမှာကြားတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ
၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ