ဇူလိုင် ၆ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ကံမမြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ကို ထွေအုပ်နဲ့ရဲက လုံခြုံရေးယူကာ ဖျက်ဆီးသွား
ဇူလိုင် ၆
မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့က ဗိုလ်ချုပ်ကြေးရုပ်ကို မသမာသူ လူတစုက လာရောက် ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်ခန့်က မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့ ဘောလုံးကွင်းဘေးရှိ NLD ပါတီလက်ထက်က စုပေါင်းအားနဲ့ ထုစစ်ထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ထွေအုပ်နဲ့ရဲက လုံခြုံရေးယူကာ လာရောက် ဖြိုဖျက်သွားတာလို့ သိရပါတယ်။
“ည ၁၀ နာရီလောက်ကို တမြို့လုံး မီးဖြတ်ပြီးတော့ ဖောကားတွေနဲ့ မြို့ထဲဝင်လာတာ၊ ဘယ်ကလူတွေလဲတော့ မသိဘူး၊ တူတွေ ပေါက်ချွန်းတွေနဲ့ ထုရိုက်ပြီး ကြေးရုပ်ကို ဖောကားနဲ့ ဆွဲချပစ်တာ၊ အဲ့အချိန် ဆေးရုံကိုလည်း မီးဖြတ်ထားတယ်၊ လမ်းတွေမှာလည်း ရဲနဲ့ထွေအုပ်က ပိတ်ဆို့ထားပြီး လုံခြံရေးယူပေးထားတယ်၊ ဆေးရုံပေါ်ကကြည့်ရင် ဗိုလ်ချုပ်ကြေးရုပ်ကို အထင်းသာမြင်ရတယ်၊ အခု အဲ့ကြေးရုပ်ကော ရင်ပြင်ကော မရှိတော့ဘူး၊ အာဇာနည်နေ့မတိုင်ခင် အခုလိုလုပ်တာက အတော်လေး အကျည်းတန်တယ်” လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။
ဒေသခံတချိုရဲ့ ပြောဆိုချက်အရ အာဇာနည်နေ့မတိုင်ခင် မြန်မာနိုင်ငံအနှံ့အပြားရှိ NLD လက်ထက် ထုစစ်ထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေအားလုံးကို ဖျက်ဆီးမှာလို့သိရပြီး ယခင်ချိတ်ပိတ်ခံထားရတဲ့ NLD ရုံးနဲ့ ချိတ်ပိတ်ခံရတဲ့ အိမ်တွေကိုလည်း လေလံစနစ်နဲ့ ရောင်းချကာ နိုင်ငံတော်ရန်ပုံငွေအဖြစ် ပေးအပ်ဖို့ အမိန့်စာထဲပါတယ်လို့လည်း သိရပါတယ်။
မြို့တော် News Channel
၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မိုးလေဝသ
ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်က မြို့နယ်အတော်များများမှာ လေဆင်နှာမောင်း တိုက်ခတ်သွားလို့ နေအိမ်တွေပျက်စီးကာ လူထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမှာ ဂိုဒေါင်ဟောင်းတခု မီးလောင်လို့ လူ ၂ ဦး ထိခိုက်ဒဏ်ရာရတဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆…
ဇူလိုင် ၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ