အရေးပေါ်
ပြည်တွင်းသတင်း

အာဏာသိမ်းစစ်တပ်က Grade 12 ကျောင်းသားကို အဆောင်ထဲအထိ ဝင်ရောက်ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်း

၂၀၂၆ ဇူလိုင် ၂၆ Myo Taw
အာဏာသိမ်းစစ်တပ်က Grade 12 ကျောင်းသားကို အဆောင်ထဲအထိ ဝင်ရောက်ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်း

အာဏာသိမ်းစစ်တပ်က Grade 12 ကျောင်းသားကို အဆောင်ထဲအထိ ဝင်ရောက်ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်း

ဇူလိုင် ၂၆

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ အသက် ၁၇ နှစ်အရွယ် Grade 12 ကျောင်းသား ၁ ဦးကို အာဏာသိမ်းစစ်တပ်က ဇူလိုင် ၂၃ ရက် ညပိုင်းမှာ ဝင်ရောက်ဖမ်းဆီးသွားပြီး စစ်မှုထမ်းခိုင်းဖို့အတွက် အမှတ် (၅၀၅) အမြှောက်တပ်ရင်းကို ပို့ဆောင်လိုက်တယ်လို့ ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပုသိမ်မြို့၊ အမှတ် (၁၃) ရပ်ကွက်၊ ငုဝါ (၃) လမ်းမှာ နေထိုင်တဲ့ Grade 12 ကျောင်းသား မောင်စိုင်းအာကာထက်ဟာ စာမေးပွဲ ကျရှုံးတဲ့ကိစ္စနဲ့ ပတ်သက်လို့ အဒေါ်ဖြစ်သူနဲ့ စကားများရာကနေ မြတ်တိုတရားရုံးအနီးမှာရှိတဲ့ ရတနာဆောင်မှာ ခေတ္တသွားရောက်နေထိုင်နေစဉ် အာဏာသိမ်းစစ်တပ်က အဆောင်ထဲအထိ ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးပြီးနောက် မောင်စိုင်းအာကာထက်ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) မှာ ခေါ်ယူစစ်ဆေးခဲ့ပြီး စစ်မှုထမ်းဆောင်ဖို့အတွက် ကန်ကြီးထောင့်မြို့နယ်မှာရှိတဲ့ အမတ-၅၀၅ ထံကို လွှဲပြောင်းပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

အခုလို စာမေးပွဲကျရှုံးခဲ့တဲ့ ကျောင်းသားငယ်တစ်ဦးကိုပါ အတင်းအဓမ္မ ဝင်ရောက်ဖမ်းဆီးပြီး စစ်မှုထမ်းဖို့ တပ်ရင်းတွေထံ ပို့ဆောင်နေတာကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်မှာ ပညာသင်ကြားနေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဘဝဟာ လုံခြုံမှုမရှိတော့တဲ့ အနေအထားကို ရောက်ရှိနေပြီး ဒေသခံတွေနဲ့ မိဘတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့  အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေး ပြည်တွင်းသတင်း

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေး

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)မှ တာဝန်ရှိသူတွေဟာ ဇူလိုင်လ ၂၃ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ကြတယ်လို့…

ဖတ်ရန်
ပုလောမြို့နယ်မှာ ပလုံကောက်တဲ့ အမျိုးသမီး ၁ ဦး မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံး ပြည်တွင်းသတင်း

ပုလောမြို့နယ်မှာ ပလုံကောက်တဲ့ အမျိုးသမီး ၁ ဦး မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ ပလုံကောက်တဲ့ အမျိုးသမီ ၁ ဦး မြေမြှုပ်မိုင်း နင်းမိရာက သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ဆွမ်းကပ်ပြီး မွေးနေ့ဆုတောင်းစာတင်ခဲ့တဲ့ NLD အမတ်ဟောင်း ဒေါက်တာစောနိုင် ထောင် ၃ နှစ် ချမှတ်ခံရ ပြည်တွင်းသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ဆွမ်းကပ်ပြီး မွေးနေ့ဆုတောင်းစာတင်ခဲ့တဲ့ NLD အမတ်ဟောင်း ဒေါက်တာစောနိုင် ထောင် ၃ နှစ် ချမှတ်ခံရ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အတွက် သံဃာတော်တွေကို ဆွမ်းနဲ့လှူဖွယ်ပစ္စည်းတွေ လှူဒါန်းပြီး မွေးနေ့ဆုတောင်းစာတင်ခဲ့တာကြောင့် အဖမ်းခံထားရတဲ့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာစောနိုင်ကို အာဏာသိမ်းစစ်အစိုးရက ထောင်ဒဏ်…

ဖတ်ရန်