အရေးပေါ်
ပြည်တွင်းသတင်း

နေပြည်တော်၊ လယ်ဝေးမြို့မှာ ဧည့်စာရင်း လာစစ်တယ်လို့ဆိုကာ လူငယ် ၁ ဦး ဖမ်းဆီးခံခဲ့ရပြီး လူငယ် ၆ ဦး စစ်မှုထမ်းထဲ ထည့်ခံရ

၂၀၂၆ သြဂုတ် ၅ Myo Taw
နေပြည်တော်၊ လယ်ဝေးမြို့မှာ ဧည့်စာရင်း လာစစ်တယ်လို့ဆိုကာ လူငယ် ၁ ဦး ဖမ်းဆီးခံခဲ့ရပြီး လူငယ် ၆ ဦး စစ်မှုထမ်းထဲ ထည့်ခံရ

နေပြည်တော်၊ လယ်ဝေးမြို့မှာ ဧည့်စာရင်း လာစစ်တယ်လို့ဆိုကာ လူငယ် ၁ ဦး ဖမ်းဆီးခံခဲ့ရပြီး လူငယ် ၆ ဦး စစ်မှုထမ်းထဲ ထည့်ခံရ

ဩဂုတ် ၅

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ ရွာမရွာနေ ဦးတင်ရွှေ ရဲ့ သားဖြစ်သူ အသက် ၂၇ နှစ် အရွယ်ရှိ ကိုဇော်ထက် ဟာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ဧည့်စာရင်း စစ်မယ်လို့ဆို့ကာ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရပြီး စစ်မှုထမ်းထဲ ထည့်ခံလိုက်ရတယ်လို့ သိရပါတယ်။

ကိုဇော်ထက် ဟာ လယ်ဝေးမြို့၊ အမှတ် (၂) ရပ်ကွက် ဘုရားကြီးလမ်း သရက်ခုံကျေးရွာ သံလမ်းဘေးမှာ လွန်ခဲ့တဲ့ ၄ လ ခန့်က စတင်ကာ အိမ်ငှားနေထိုင်သူဖြစ်ပြီး လစဉ်လည်း ဧည့်စာရင်း တိုင်ခဲ့တယ်လို့ သိရပါတယ်။

လယ်ဝေးမြို့၊ အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်၊ ပြည်သူ့စစ် ခေါင်းဆောင် ဦးမိုး နှင့် လူ ၆ ယောက်ပါတဲ့ အဖွဲ့ဟာ ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၅ နာရီခန့်က ကိုဇော်ထက် အိမ်သို့ ဧည့်စာရင်း စစ်မယ်လို့ဆိုကာ ရောက်ရှိလာခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

"အဲ့မနက်က အုပ်ကြီးနဲ့ အဖွဲ့က မနက် ၅ နာရီမှာ ဧည့်စာရင်းဆိုပြီး လာစစ်တာ။ ဧည့်စာရင်း ပြဆိုပြီး သူ့ကို ဆွဲခေါ်သွားတာ။ သူ့မိသားစုက မသင်္ကာလို့ ထွေအုပ်ရုံးကို နောက်က လိုက်သွားတော့ အခန်းထဲ ချုပ်နှောင်ထားတာ တွေ့ခဲ့တာ။ တခြား လူငယ် ၅ ဦးလည်း အဖမ်းခံထားရတာ တွေ့ခဲ့တယ် ပြောတယ်။ မိသားစုက ငိုယိုပြီး တောင်းပန်တော့ ခနလေး စကားပြောရုံပဲဆိုပြီး အချိန်အကြာကြီး ဆွဲထားတယ်။ မိသားစုဝင်တွေကိုလည်း ရုံးနားမှာ မနေရဘူး အပြင်မှာ ထွက်စောင့်ဆိုပြီး အပြင်ထွက်ခိုင်းတယ်။ ပြီးကျမှ သူတို့က အနောက်ပေါက်ကနေ ခိုးထုတ်ပြီး ကားနဲ့ တင်ခေါ်သွားတာ" လို့ ကိုဇော်ထက် ရဲ့ မိသားစုဝင်နဲ့ နီးစပ်သူ တဦးက မြို့တော်ကို ပြောပါတယ်။

ဧည့်စာရင်း စစ်မယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရသူ ကိုဇော်ထက် အပါအဝင် လူငယ် ၆ ဦးကို ဇူလိုင်လ ၁၅ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲခန့်မှာ ရွာတော် တပ်သားစုဆောင်းရေး စခန်းကို ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။

ကိုဇော်ထက် ဟာ အသက်အရွယ် ၈၀ ကျော်ပြီ ဖြစ်တဲ့ ဖခင်ဖြစ်သူနှင့် လပိုင်းခန့်ကမှ နှစ်ဦးသဘောတူ လက်ထပ်ထားတဲ့ အမျိုးသမီး ငယ်တစ်ဦးကို လုပ်ကိုင်ကျွေးနေသူ ဖြစ်တာကြောင့် ကျန်ရှိတဲ့ မိသားစုတွေဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

အမြန်လမ်းမှာ Toyota Alphard ကားတစီး မီးလောင်မှုဖြစ်ပွား
VIDEO Afternoon NEWS

အမြန်လမ်းမှာ Toyota Alphard ကားတစီး မီးလောင်မှုဖြစ်ပွား

အမြန်လမ်းမှာ Toyota Alphard ကားတစီး မီးလောင်မှုဖြစ်ပွားတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဗိုလ်မုတ်သုန် ဖမ်းဝရမ်း နောက်ကွယ်နဲ့ မီးခိုးကြွက်လျှောက် ဖြစ်လာနိုင်ခြေများ
VIDEO Article

ဗိုလ်မုတ်သုန် ဖမ်းဝရမ်း နောက်ကွယ်နဲ့ မီးခိုးကြွက်လျှောက် ဖြစ်လာနိုင်ခြေများ

ဗိုလ်မုတ်သုန် ဖမ်းဝရမ်း နောက်ကွယ်နဲ့ မီးခိုးကြွက်လျှောက် ဖြစ်လာနိုင်ခြေများ တကယ်ပဲ ဗိုလ်မုတ်သုန်ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးနိုင်မှာလား ... ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန DSI ရဲ့ အကျုံးဝင်သက်တမ်း…

ကြည့်ရန်
မင်းအောင်လှိုင်နဲ့ မတွေ့ဆုံခင် မြန်မာနိုင်ငံနဲ့ အခြေအနေပေါ် မူတည်ပြီး ပြန်လည်ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း နိုင်ငံတကာသတင်း

မင်းအောင်လှိုင်နဲ့ မတွေ့ဆုံခင် မြန်မာနိုင်ငံနဲ့ အခြေအနေပေါ် မူတည်ပြီး ပြန်လည်ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

မင်းအောင်လှိုင်နဲ့ ဩဂုတ် ၆ ရက်နေ့နဲ့ ၇ ရက်နေ့မှာ တွေ့ဆုံဖို့ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကွန်က မြန်မာနိုင်ငံနဲ့ အခြေအနေပေါ် မူတည်ပြီး ထိတွေ့ဆက်ဆံမှုတွေ ပြန်လည်စတင်ဖို့…

ဖတ်ရန်