အရေးပေါ်
နိုင်ငံတကာသတင်း

ဂျပန်ရဲ့ စစ်ရေးစွမ်းရည်တိုးမြှင့်မှုကို တုံ့ပြန်ဖို့ စစ်ရေးနည်းလမ်းအသစ်တွေ ချမှတ်သွားမယ်လို့ ကင်ယိုဂျုံ သတိပေး

၂၀၂၆ သြဂုတ် ၅ Myo Taw
ဂျပန်ရဲ့ စစ်ရေးစွမ်းရည်တိုးမြှင့်မှုကို တုံ့ပြန်ဖို့ စစ်ရေးနည်းလမ်းအသစ်တွေ ချမှတ်သွားမယ်လို့ ကင်ယိုဂျုံ သတိပေး

ဂျပန်ရဲ့ စစ်ရေးစွမ်းရည်တိုးမြှင့်မှုကို တုံ့ပြန်ဖို့ စစ်ရေးနည်းလမ်းအသစ်တွေ ချမှတ်သွားမယ်လို့ ကင်ယိုဂျုံ သတိပေး

ဩဂုတ် ၅

ဂျပန်နိုင်ငံက အမေရိကန်လုပ် တိုမာဟော့ ခရုဇ်မစ်ဆိုင်းဒုံး စမ်းသပ်ပစ်ခတ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံရဲ့ စစ်အင်အားတိုးမြှင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ စစ်ရေးနည်းလမ်းအသစ်တွေနဲ့ ကျင့်သုံးသွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက သတိပေးပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယား ဗဟိုသတင်းဌာန (KCNA) ကနေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ကင်ယိုဂျုံက ဂျပန်ဟာ ခံစစ်ပြင်တဲ့ အဆင့်ကနေ ကျော်လွန်ပြီး ကြိုတင်ကာကွယ်တိုက်ခိုက်နိုင်တဲ့ စွမ်းရည်နှင့် ပင်လယ်ရပ်ခြား စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နိုင်တဲ့ စစ်တပ်အဖြစ် ပြောင်းလဲဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲထားပါတယ်။

ပစိဖိတ်သမုဒ္ဒရာထဲမှာ ပြုလုပ်ခဲ့တဲ့ ချိုကိုင် အဲဂိစ် ဖျက်သင်္ဘောပေါ်ကနေ မစ်ဆိုင်းဒုံး စမ်းသပ်မှုနဲ့ မေလအတွင်း ဖိလစ်ပိုင်မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်ဦးဆောင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေမှာ ဂျပန် ပါဝင်ခဲ့တာကိုလည်း ကင်ယိုဂျုံက ထောက်ပြဝေဖန်သွားပါတယ်။

ကင်ယိုဂျုံက ဂျပန်နိုင်ငံအနေနဲ့ မိမိတို့ရဲ့ လုံခြုံရေး အရင်ကထက် ပိုမိုခြိမ်းခြောက်ခံနေရပြီဆိုတာကို ခံစားရအောင် မြောက်ကိုရီးယားဘက်က တုံ့ပြန်မှာဖြစ်ပြီး၊ ဒီလုပ်ရပ်တွေအတွက် နောင်တရစေရမယ်လို့ အပြင်းထန်ဆုံး စကားလုံးတွေ သုံးပြီး ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ဟာ ဂျပန်ကို မစ်ဆိုင်းဒုံးတွေ ထောက်ပံ့ပေးတာနဲ့ စစ်သင်္ဘောတွေကို ပြုပြင်ပေးတာတွေ လုပ်ဆောင်ပြီး ဂျပန်ရဲ့ စစ်အင်အား တိုးချဲ့မှုကို နောက်ကွယ်ကနေ ကူညီပေးနေတယ်လို့လည်း ပြစ်တင်ဝေဖန်ထားပါတယ်။

“ဂျပန်ရဲ့ အန္တရာယ်ရှိတဲ့ စစ်ရေးလှုပ်ရှားမှုတွေ နောက်ကွယ်မှာ အမေရိကန်ရှိနေတယ်” လို့ ကင်ယိုဂျုံက ဆိုပါတယ်။

ကင်ယိုဂျုံက ဂျပန်ရဲ့ တာဝေးပစ်နိုင်တဲ့ မစ်ဆိုင်းဒုံး စွမ်းရည်တွေဟာ မြောက်ကိုရီးယားနဲ့ အိမ်နီးချင်းနိုင်ငံတွေကို တိုက်ရိုက် ခြိမ်းခြောက်နေတာကြောင့် ပြုံးယမ်းဘက်ကလည်း စစ်ရေးနည်းလမ်းအသစ်တွေကို ပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ မြောက်ကိုရီးယားဟာ ဂျပန်ရဲ့ စစ်ရေးခေတ်မီအောင် ဆောင်ရွက်မှုကို တိုက်ရိုက်လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် ပုံဖော်ပြီး မြောက်ကိုရီးယားရဲ့ လက်နက်ဆန်းသစ်တီထွင်မှုတွေကို တရားမျှတကြောင်း သက်သေပြဖို့ ကြိုးပမ်းနေတာဖြစ်လို့ ဆိုပါတယ်။

ဆိုးလ်မြို့ မြောက်ကိုရီးယားလေ့လာရေးတက္ကသိုလ်က ပါမောက္ခ ရန်မူဂျင်း ကတော့ ကင်ယိုဂျုံရဲ့ ပြောဆိုချက်တွေဟာ မြောက်ကိုရီးယားကို တုံ့ပြန်ဖို့ အမေရိကန်က ဂျပန်ကို ကြားခံအဖြစ်သုံးပြီး စစ်အင်အား မြှင့်တင်ပေးနေတာကို မီးမောင်းထိုးပြဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

ဒါ့အပြင် ကင်ယိုဂျုံရဲ့ အခုလို သတိပေးချက်ဟာ နောက်ပိုင်းမှာ မြောက်ကိုရီးယားက ပြုလုပ်လာနိုင်တဲ့ မစ်ဆိုင်းဒုံး စမ်းသပ်မှုတွေနဲ့ ရေအောက်တိုက်ခိုက်ရေး စွမ်းရည် ပြသမှုတွေအတွက် လမ်းခင်းလိုက်တာ ဖြစ်နိုင်တယ်လို့လည်း ကျောင်နမ်တက္ကသိုလ်မှ ပါမောက္ခ လင်းအူးချူးက သုံးသပ်ပြောဆိုထားပါတယ်။

Ref & Photo; Reuters


မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

မင်းအောင်လှိုင်နဲ့ မတွေ့ဆုံခင် မြန်မာနိုင်ငံနဲ့ အခြေအနေပေါ် မူတည်ပြီး ပြန်လည်ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း နိုင်ငံတကာသတင်း

မင်းအောင်လှိုင်နဲ့ မတွေ့ဆုံခင် မြန်မာနိုင်ငံနဲ့ အခြေအနေပေါ် မူတည်ပြီး ပြန်လည်ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

မင်းအောင်လှိုင်နဲ့ ဩဂုတ် ၆ ရက်နေ့နဲ့ ၇ ရက်နေ့မှာ တွေ့ဆုံဖို့ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကွန်က မြန်မာနိုင်ငံနဲ့ အခြေအနေပေါ် မူတည်ပြီး ထိတွေ့ဆက်ဆံမှုတွေ ပြန်လည်စတင်ဖို့…

ဖတ်ရန်
စံချိန်တင် နွေရာသီ အပူလှိုင်းဒဏ်ကို အနိုင်ယူဖို့ ခွေးသားစွပ်ပြုတ် သောက်ကြဖို့ မြောက်ကိုရီးယား တိုက်တွန်း နိုင်ငံတကာသတင်း

စံချိန်တင် နွေရာသီ အပူလှိုင်းဒဏ်ကို အနိုင်ယူဖို့ ခွေးသားစွပ်ပြုတ် သောက်ကြဖို့ မြောက်ကိုရီးယား တိုက်တွန်း

ကိုရီးယားကျွန်းဆွယ်တစ်ခွင် စံချိန်တင် အပူချိန်တွေ မြင့်တက်နေချိန်မှာ မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာတွေက နွေရာသီ အပူဒဏ်ကို အနိုင်ယူနိုင်ဖို့အတွက် ခွေးသားစွပ်ပြုတ် သောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဖတ်ရန်
သေဆုံးသူ ၁၆ ဦးထိ ရှိလာတဲ့ အပူလှိုင်းကြောင့် ကူညီထောက်ပံ့မှုတွေ တိုးမြှင့်ဖို့ တောင်ကိုရီးယားသမ္မတ တိုက်တွန်း နိုင်ငံတကာသတင်း

သေဆုံးသူ ၁၆ ဦးထိ ရှိလာတဲ့ အပူလှိုင်းကြောင့် ကူညီထောက်ပံ့မှုတွေ တိုးမြှင့်ဖို့ တောင်ကိုရီးယားသမ္မတ တိုက်တွန်း

တောင်ကိုရီးယားနိုင်ငံမှာ စံချိန်တင် အပူလှိုင်းဒဏ်ကြောင့် သေဆုံးသူ ၁၆ ဦးအထိ ရှိလာတဲ့အတွက် အပူဒဏ်ခံနေရသူတွေကို ကူညီထောက်ပံ့မှုတွေ ပိုမိုတိုးမြှင့်ပေးဖို့ သမ္မတ လီဂျေးမြောင် က အာဏာပိုင်တွေကို ဩဂုတ်…

ဖတ်ရန်
နိုင်ငံပေါင်း ၅၀ က B1/B2 ဗီဇာ လျှောက်ထားလိုသူတွေအနေနဲ့ ဒေါ်လာ ၂ သောင်းအထိ အာမခံကြေးပေးဆောင်ရမယ့် အစီအစဉ်ကို အမေရိကန် အတည်ပြု နိုင်ငံတကာသတင်း

နိုင်ငံပေါင်း ၅၀ က B1/B2 ဗီဇာ လျှောက်ထားလိုသူတွေအနေနဲ့ ဒေါ်လာ ၂ သောင်းအထိ အာမခံကြေးပေးဆောင်ရမယ့် အစီအစဉ်ကို အမေရိကန် အတည်ပြု

အာဖရိကနိုင်ငံ အများစုအပါအဝင် နိုင်ငံပေါင်း ၅၀ က ဗီဇာလျှောက်ထားသူတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုကို သွားရောက်ဖို့ အတွက် စီးပွားရေးနဲ့ အလည်အပတ် B1/B2 ဗီဇာ လျှောက်ထားတဲ့အခါ အမေရိကန်ဒေါ်လာ…

ဖတ်ရန်