အရေးပေါ်
ပြည်တွင်းသတင်း

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာ စစ်မှုထမ်း အလှည့်ကျလို့ဆိုကာ လူငယ်တွေကို ဖမ်းဆီးနေပြီး စစ်တပ်ထံ ပြန်ရောင်းစားနေ

၂၀၂၆ ဇူလိုင် ၁၃ Myo Taw
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာ စစ်မှုထမ်း အလှည့်ကျလို့ဆိုကာ လူငယ်တွေကို ဖမ်းဆီးနေပြီး စစ်တပ်ထံ ပြန်ရောင်းစားနေ

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာ စစ်မှုထမ်း အလှည့်ကျလို့ဆိုကာ လူငယ်တွေကို ဖမ်းဆီးနေပြီး စစ်တပ်ထံ ပြန်ရောင်းစားနေ

ဇူလိုင် ၁၃

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ ဆင်သေရွာအုပ်ချုပ်ရေးမှူးက နယ်ထိန်းရဲတွေနဲ့ ပူးပေါင်းကာ ကျေးရွာက လူငယ်တွေကို စစ်မှုထမ်းအလှည့်ကျလို့ဆိုကာ ဖမ်းဆီးပြီး ငွေကြေးနဲ့ ရောင်းစားတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။

ဆင်သေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စိုးသက်အောင်နှင့် စစ်တပ်ထောက်ခံသူ သတင်းပေး မိုးဝင်း တို့ဟာ အာဏာသိမ်းစစ်တပ် လက်အောက်ခံ မြို့နယ်ရဲတပ်ဖွဲ့နှင့် နယ်ထိန်း ကိုကိုဦး၊ ကျော်‌ကျော်လတ်တို့နှင့် ပူးပေါင်းပြီး ကျေးရွာက လူငယ်တွေကို အကြောင်းမဲ့ ဖမ်းဆီးကာ စစ်တပ်ထံ ရောင်းစားတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

"အုပ်ကြီးနဲ့ မိုးဝင်းက သူတို့နဲ့ အမြင်မကြည်တဲ့ ရွာက လူငယ်တွေကို စစ်မှုထမ်း အလှည့်ကျတယ်လို့ အကြောင်းပြပြီး ဖမ်းတယ်။ ပြီးတော့ ရဲနဲ့ စစ်တပ်ထံကို ရောင်းစားတယ်။ တစ်ယောက်ကို သိန်း ၅၀ မှ ၆၀ အထိ ရတယ်လို့ ကြားတယ်။ ဒီလိုလုပ်ခံနေရတာကို မကျေနပ်လို့ သွားတိုင်တဲ့ သူကိုလည်း အချုပ်ခန်းထဲ ထည့်ပြီး ရိုက်နှက်ကြတယ်" လို့ ဒေသခံ တဦးက မြို့တော်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက် ည ၁၁ နာရီခွဲခန့်ကလည်း ဆင်သေကျေးရွာ၊ ဘုန်းကြီးကျောင်း မြောက်ဘက်မှာ နေထိုင်တဲ့ ဦးကျော်လွင်ရဲ့ သားဖြစ်သူ မောင်ဖိုးချစ်ကို အုပ်ချုပ်ရေးမှူး စိုးသက်အောင်နဲ့ အဖွဲ့က အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို ခေါ်ဆောင်လာပြီး နေအိမ်ပေါ်အထိ တက်ကာ သေနတ်နဲ့ ချိန်ရွယ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မတရား ဖမ်းဆီးခံရသူ မောင်ဖိုးချစ်ကို ပြန်လွှတ်ပေးဖို့ ဇွန်လ ၃၀ ရက် ညနေပိုင်းမှာ ရွာဦးကျောင်း ဆရာတော်တွေက လိုက်လံတောင်းပန်ပြောဆိုခဲ့ပေမဲ့ စစ်တပ်ထောက်ခံသူ မိုးဝင်း က ဆရာတော်တွေကိုပါ ရန်ပြုစော်ကားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဖြစ်စဉ်တွေကြောင့် ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ ဆင်သေကျေးရွာနေ ဒေသခံ လူငယ်တွေဟာ ကျေးရွာအတွင်း မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၁ ရက် မနက် ၄ နာရီခန့်ကလည်း ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီး ရပ်ကွက်မှာ အိမ်ငှားနေထိုင်တဲ့ အသက် ၃၀ အရွယ် မောင်ဇင်ကိုနိုင် ကို အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက နေအိမ်ထဲအထိ အတင်းအဓမ္မ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရွာတော် စစ်ကြောရေးစခန်းကို ပို့လိုက်တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသေးတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

အိန္ဒိယနဲ့ ရခိုင်ပြည်နယ်ကြား ကုန်သွယ်ရေးလမ်းပိုင်းမှာ ရေကြီးမြေပြိုမှုတွေကြောင့် ကုန်သည်တွေနဲ့ ကုန်ကားတွေ ပိတ်မိနေ ပြည်တွင်းသတင်း

အိန္ဒိယနဲ့ ရခိုင်ပြည်နယ်ကြား ကုန်သွယ်ရေးလမ်းပိုင်းမှာ ရေကြီးမြေပြိုမှုတွေကြောင့် ကုန်သည်တွေနဲ့ ကုန်ကားတွေ ပိတ်မိနေ

ရခိုင်ပြည်နယ်နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကြားက ကုန်သွယ်ရေးလမ်းပိုင်းမှာ ရေကြီးမြေပြိုမှုတွေကြောင့် ကုန်ကားအစီးရေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ သိရပါတယ်။

ဖတ်ရန်
ဧရာဝတီမြစ်ဖျားပိုင်းမှာ မိုးအဆမတန် များပြားလာနိုင်တာကြောင့် မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ဆို မိုးလေဝသ

ဧရာဝတီမြစ်ဖျားပိုင်းမှာ မိုးအဆမတန် များပြားလာနိုင်တာကြောင့် မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ဆို

လာမယ့် ၇ ရက်အတွင်း အနောက်တောင် မုတ်သုံလေဟာ ပုံမှန်ထက် အားကောင်းခြင်းနှင့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းအနီးမှာ ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်း တို့ရဲ့ သက်ရောက်မှုကြောင့်…

ဖတ်ရန်
ပေါင်းတလည်မှာ ရဲတပ်သားတဦး သူ့ကိုယ်သူ သေနတ်နဲ့ပစ်ကာ သေဆုံး
VIDEO ပြည်တွင်းသတင်း

ပေါင်းတလည်မှာ ရဲတပ်သားတဦး သူ့ကိုယ်သူ သေနတ်နဲ့ပစ်ကာ သေဆုံး

ပေါင်းတလည်မှာ ရဲတပ်သားတဦး သူ့ကိုယ်သူ သေနတ်နဲ့ပစ်ကာ သေဆုံး တဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့သတင်းများ…

ကြည့်ရန်