ဩဂုတ် ၃ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
နေပြည်တော် လယ်ဝေးက လူငယ်တဦး မိခင်က ဆေးဝယ်ခိုင်းလို့ သွားရာက ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရ
ဩဂုတ် ၃
နေပြည်တော်၊ လယ်ဝေးမြိုန့ယ်၊ ကြို့ပင်ကြီးရွာနေ လူငယ်တဦးဟာ မိဖြစ်ဖြစ်သူက ဆေးဝယ်ခိုင်းလို့ ဆေးသွားဝယ်ရာက လမ်းမှာ ပေါ်တာဆွဲ ဖမ်းဆီးတာ ခံလိုက်ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က လယ်ဝေးမြိုန့ယ်၊ ကြို့ပင်ကြီးရွာနေ ဦးသိန်းနိုင်အောင်ရဲ့ သားဖြစ်သူ အသက် ၃၀ အရွယ်ရှိ အောင်ကျော်မင်း ဟာ လမ်းပျဉ်းမနားကို ဆေးဝယ်သွားစဉ် အရပ်အခေါ် လမ်းပျဉ်းမနား တောင်ကျောင်းစု အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က ပေါ်တာဆွဲ ဖမ်းဆီးတာ ခံလိုက်ရတယ်လို့ သိရပါတယ်။
"သူတို့ အိမ်မှာက သားဆိုလို့ သူတစ်ယောက်တည်း ရှိတာ။ သူပဲ မိသားစုကို လုပ်ကျွေးနေတာ။ သူ့အဖေ ကလည်း လေဖြန်းထားတော့ မလုပ်ကျွေးနိုင်တော့ဘူး။ သူ့အမေက ဆီးချိုဖြစ်နေတာ ၁၅ နစ် ရှိပြီ။ သစ်ခွဲခ ပေးခိုင်းရင်း ဆီးချိုဆေး မက်ဖိုမင် လမ်းပျဉ်းမနားမှာ ဝယ်ခိုင်းလိုက်တာ။ အဲ့နေ့ ၉ ရက်နေ့ နေ့ခင်း ၂ နာရီလောက်က မိုးတွေ တအားရွာနေတာ။ ၃ နာရီလောက်ကျ ဖမ်းခံရတယ် ဖုန်းဆက်ပြောလို့မှ အကျိုးအကြောင်း ပြန်သိရတာ" လို့ ဖမ်းဆီးခံရသူ အောင်ကျော်မင်း နဲ့ နီးစပ်သူက မြို့တော်ကို ပြောပါတယ်။
အောင်ကျော်မင်း ကို လမ်းပျဉ်းမနား တောင်ကျောင်းစု အုပ်ချုပ်ရေးမှူး ကိုသန်းဝင်း၊ ရာအိမ်မူး ကိုမြသိန်းနှင့်အဖွဲ့က ဖမ်းဆီးခဲ့ပြီး သူတို့ရွာရဲ့ကိုယ်စား စစ်မှုထမ်းဖို့အတွက် ဒက္ခိဏမြို့နယ် ထွေအုပ်ရုံးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ကြို့ပင်ကြီးရွာနေ အောင်ကျော်မင်း နဲ့အတူ ဖမ်းဆီးခံရသူ ၁၃ ဦးခန့်ဟာ အခန်းထဲမှာ ၁၀ ရက်ခန့် ချုပ်နှောင်ခံခဲ့ရပြီး ရွာတော် တပ်သားစုဆောင်းရေးစခန်းကို ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ပျဥ်းမနားမြို့နယ်၊ ကင်ပွန်းတန်း ကျေးရွာနေ ဦးကျော်ရဲ့ သားဖြစ်သူ အသက် ၂၆ နှစ်အရွယ်ရှိ သန်းရဲဇော် ဟာ ဘောဂသီရိ ကားကြီးကွင်းအနီးမှာ ပျဥ်းမနား မြို့မရဲစခန်းမှ ဒုရဲအုပ် နန်းဝင်း၊ ရဲတပ်သား လင်းထွန်း၊ ရဲသတင်းပေး မုန့်လုံးကြီး (ခ) ကျော်သက်ဦး၊ ဆင်သေရွာမှ မိုးဝင်း၊ သက်သော်ဝင်း တို့ရဲ့ ဖမ်းဆီးတာ ခံခဲ့ရပြီး စစ်မှုထမ်းထဲ ထည့်တာ ခံခဲ့ရတယ်လို့ သိရပါတယ်။
မြို့တော် News Channel
၂၀၂၆ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ကိုယ်စားလှယ်တစ်ဦးဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို ဩဂုတ်လ ၃ ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ICRC က အတည်ပြု…
ပြည်တွင်းသတင်း
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque က ဩဂုတ်…
စစ်တပ်ရဲ တိုက်ခိုက်ရေး လေယာဥ်တစင်း ငှက် နဲ့တိုက်မိလို့ အင်ဂျင်မီးလောင်ပြီး ပျက်ကျတဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃…