Orchit News Agency သတင်းတည်ထောင်သူ ဦးဌေးအောင် လူ ၂၀ ၀န်းကျင်က ဝိုင်းရိုက်လို့ ဆေးရုံတင်ထားရ
နိုဝင်ဘာ ၁၉
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ၅၄ လမ်း ဗလီရှေ့မှာ Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင် ကို လူတစုက ဝိုင်းဝန်းရိုက်နှက်ခဲ့တာကြောင့် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၈ ရက် မနေ့က နေ့လယ် ၁ နာရီခွဲခန့်မှာ ပုဇွန်တောင်မြို့နယ်၊ ၅၄ လမ်း ဗလီရှေ့မှာ ဦးဌေးအောင်နဲ့ လုပ်ငန်းလုပ်ကိုင်ကြတဲ့ အမျိုးသားအယောက် ၂၀ နီးပါးနဲ့ စကားအခြေအတင် များကြပြီးနောက် ဝိုင်းဝန်းရိုက်နှက်ခံခဲ့ရတာလို့ ဆိုပါတယ်။
"ဗလီရှေ့မှာ ဖြစ်တာ၊ လူအုပ်လိုက် ဝိုင်းရိုက်ကြတာ၊ သူနဲ့အလုပ်တွဲလုပ်ဖူးတဲ့ သူတွေလို့လည်း ပြောတယ်၊ တချို့ကလည်း တပ်ဘက်ကလူတွေလို့လည်း ပြောတယ်၊ ဘာကိစ္စနဲ့ ဖြစ်တာတော့ မသိဘူး၊ ဦးဌေးအောင် ဆေးရုံတင်ထားရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
လှည်းကူးမြို့နယ်၊ မဲဇလီကုန်းကျေးရွာ၊ ၇/၆ မိုင်မှာ အောက်တိုဘာလ ၂၄ ရက်နေ့က သမ္မတရုံး ဝန်ကြီးဟောင်း အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး စိုးမောင် နဲ့ လယ်သမားတွေဖြစ်နေတဲ့ မြေယာကိစ္စ သူကိုယ်တိုင် ဗီဒီယိုရုပ်သံရိုက်ပြီး လူမှုကွန်ရက် Tik Tok စာမျက်နှာပေါ်မှာ တင်ခဲ့တာကြောင့် ခုလိုရိုက်နှက်ခံရတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ထင်ကြေးပေးပြောဆိုနေကြပါတယ်။
လတ်တလောမှာ ဦးဌေးအောင်ဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
မြို့တော် News Channel