အရေးပေါ်
ပြည်တွင်းသတင်း

နမ့်ဆန်မြို့က တောင်တက်လမ်းမှာ ခရီးသည်တင်ကား နောက်ပြန်လိမ့်ကျလို့ အမျိုးသမီး ၁ ဦး သေဆုံး

၂၀၂၆ အောက်တိုဘာ ၃ Myo Taw
နမ့်ဆန်မြို့က တောင်တက်လမ်းမှာ ခရီးသည်တင်ကား နောက်ပြန်လိမ့်ကျလို့ အမျိုးသမီး ၁ ဦး သေဆုံး

နမ့်ဆန်မြို့က တောင်တက်လမ်းမှာ ခရီးသည်တင်ကား နောက်ပြန်လိမ့်ကျလို့ အမျိုးသမီး ၁ ဦး သေဆုံး

အောက်တိုဘာ ၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်မှာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့ နေ့လယ်ပိုင်း ၁၂ နာရီခန့်က မန္တလေးကနေ နမ့်ဆန်ဘက်ကို တက်လာတဲ့ ခရီးသည်တင်ယာဉ်တစီးဟာ နမ့်ဆန်မြို့၊ ပန်စမိန်းအတက်လမ်းမှာ ကားနောက်ပြန်လိမ့်ကျပြီး ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“လက်ဖက်ခြောက်စက်ရုံ အတက်နားမှာ ဖြစ်တာ။ ကျောက်ဖြူလမ်းက ပိတ်ထားတော့ ဒီဘက်ကနေသွားတာ။ တောင်အတက်မှာ နောက်ပြန်လိမ့်ကျတာ” လို့ လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

တိမ်းမှောက်ခဲ့တဲ့ ခရီးသည်တင်ယာဥ်ပေါ်မှာ ခရီးသည် ၆ ဦး လိုက်ပါလာတယ်လို့ သိရပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရကာ အဲ့ဒီထဲက အမျိုးသမီး ၁ ဦး ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“တယောက်က ဆေးရုံမှာ သေတယ်။ တခြားသူတွေလည်း ဒဏ်ရာပြင်းတယ်။ နမ့်ဆန်ကလူတွေချည်းပါပဲ” လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးဟာ အသက် ၅၀ ဝန်းကျင်အရွယ်ဖြစ်ပြီး နမ့်ဆန်မြို့နယ်ကလို့ သိရကာ လတ်တလောမှာ ဒဏ်ရာရသူတွေကို နမ့်ဆန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ပေးနေတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ကျိုက်ထိုမြို့နယ်ထဲက ရွာတွေကို တပ်မ(၄၄)က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ ကလေးငယ် ၁ ဦး သေဆုံး ပြည်တွင်းသတင်း

ကျိုက်ထိုမြို့နယ်ထဲက ရွာတွေကို တပ်မ(၄၄)က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ ကလေးငယ် ၁ ဦး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက ရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်မ(၄၄)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့တယ်လို့…

ဖတ်ရန်
ရန်ကုန်မှာ စစ်မှုထမ်းအတွက် လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသားတွေ ဖမ်းဆီးခေါ်ဆောင်ခံရမှု ဆက်တိုက်ဖြစ်ပွားနေ ပြည်တွင်းသတင်း

ရန်ကုန်မှာ စစ်မှုထမ်းအတွက် လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသားတွေ ဖမ်းဆီးခေါ်ဆောင်ခံရမှု ဆက်တိုက်ဖြစ်ပွားနေ

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စက်တင်ဘာ ၃၀ ရက်နဲ့ အောက်တိုဘာ ၁ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသားတွေကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုတွေအပြင်…

ဖတ်ရန်
အိမ်ဖောက်ထွင်းပြီး စတိုးဆိုင်မှာ ဈေးဝယ်နေတဲ့ ဆရာမကို အတင်းဖက်နမ်းသူ ဖမ်းဆီးခံရ ပြည်တွင်းသတင်း

အိမ်ဖောက်ထွင်းပြီး စတိုးဆိုင်မှာ ဈေးဝယ်နေတဲ့ ဆရာမကို အတင်းဖက်နမ်းသူ ဖမ်းဆီးခံရ

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ နေအိမ်ဖောက်ထွင်းခိုးယူသူက အနီးနားရှိ စတိုးဆိုင်မှာ ဈေးဝယ်နေတဲ့ ဆရာမတဦးကိုပါ ကာယအိန္ဒြေပျက်အောင် ထိပါးနှောင့်ယှက်ခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်