အရေးပေါ်
ပြည်တွင်းသတင်း

ရဲအရာရှိနေအိမ် လူမိုက်တွေ တက်ပြီးနေနေလို့ ရဲစခန်းကို သွားတိုင်ပေမယ့် အမှုမဖွင့်ပေးလို့ TikTok ပေါ်တင်ကာ အကူအညီ တောင်းနေရ

၂၀၂၆ နိုဝင်ဘာ ၁၃ Myo Taw
ရဲအရာရှိနေအိမ် လူမိုက်တွေ တက်ပြီးနေနေလို့ ရဲစခန်းကို သွားတိုင်ပေမယ့် အမှုမဖွင့်ပေးလို့ TikTok ပေါ်တင်ကာ အကူအညီ တောင်းနေရ

ရဲအရာရှိနေအိမ် လူမိုက်တွေ တက်ပြီးနေနေလို့ ရဲစခန်းကို သွားတိုင်ပေမယ့် အမှုမဖွင့်ပေးလို့ TikTok ပေါ်တင်ကာ အကူအညီ တောင်းနေရ

နိုဝင်ဘာ ၁၃

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ အာဏာသိမ်း စစ်တပ်လက်အောက်ခံ ရဲအရာရှိ ၁ ဦးရဲ့ နေအိမ်ပေါ်မှာ လူမိုက်တွေ တက်ပြီးနေနေလို့ ရဲစခန်းမှာ သွားတိုင်ပေမယ့် အရေးမယူပေးလို့ TikTok ပေါ်တင်ကာ အကူအညီတောင်းနေရတယ်လို့ သိရပါတယ်။

အဆိုပါရဲအရာရှိဟာ ရှေ့တန်းတနေရာကနေ ပြန်လာပြီးနောက် သူဝယ်ထားတဲ့ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်း၊ ဘူတာရပ်ကွက်ရှိ နေအိမ်ကို ပြန်လာစဉ် လူမိုက်တွေက သူ့နေအိမ်မှာ ကျူးကျော် ဝင်ရောက်နေထိုင်နေတာကို တွေ့ရှိရတာကြောင့် သက်ဆိုင်ရာရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့ပေမယ့် ရဲစခန်းက အမှုဖွင့်ဆောင်ရွက်ပေးခြင်း မရှိလို့ TikTok လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ အကူအညီတောင်းခံနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ကလည်း သူ့နေအိမ်မှာ ကျူးကျော်နေတဲ့ လူမိုက်တွေက ငှက်ကြီးတောင်ဓားရှည်ကို ကိုင်ဆောင်ကာ အသက်အန္တရာယ်ပြုမယ့်ပုံစံနဲ့ သူ့ကို ခြိမ်းခြောက်ခဲ့တယ်လို့ အိမ်ပိုင်ရှင် ရဲအရာရှိက ဆိုပါတယ်။

“ရဲတပ်ရင်းတွေနဲ့ ရှေ့တန်းထွက်ပြီး ပြန်လာတော့ ကျွန်တော့်အိမ်မှာ လုယက်ခံနေရပါတယ်။ အိမ်ထဲက ကျွန်တော့်ပစ္စည်းတွေ ခိုးယူခံရပါတယ်။ အိမ်ထဲကို ဇိုးများဝင်ရောက်ပြီးတော့ ကျွန်တော့်ကို ၇.၁၁.၂၀၂၆ ရက်နေ့က ငှက်ကြီးတောင်ဓားရှည်ကြီး ဆွဲကိုင်ပြီးတော့ သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုပါတယ်။ အိမ်ကိုလည်း လုယက်ထားကြပါတယ်၊ ပိုင်နက်ကျူးလွန်နေကြပါတယ်” လို့ အိမ်ပိုင်ရှင် ရဲအရာရှိက TikTok ပေါ်မှာ ပြောဆိုထားပါတယ်။

အဆိုပါနေအိမ်ဟာ ရဲအရာရှိရဲ့ ဂရန်အမည်ပေါက် ပိုင်ဆိုင်တဲ့ နေအိမ်ဖြစ်တဲ့အပြင် သန်းခေါင်စာရင်း (ပုံစံ ၆၆/၆) နဲ့ တရားဝင်နေထိုင်ခြင်း ဖြစ်ကြောင်း၊ အိမ်ထောင်ဦးစီးအနေနဲ့ မည်သူ့ကိုမျှ အိမ်ငှားထားခြင်း၊ ဧည့်စာရင်းတိုင်ကြားပေးထားခြင်း လုံးဝ မရှိဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း ဧည့်စာရင်းထုတ်ပေးထားခြင်း မရှိဘူးလို့ အိမ်ပိုင်ရှင် ရဲအရာရှိရဲ့ ပြောဆိုချက်အရ သိရပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကိစ္စအပေါ် ဦးတင်အေး၊ ဦးနိုင်ဝင်း ဆိုသူတို့အပြင် စမ်းချောင်းမြို့နယ်ရဲစခန်းက စခန်းမှူး ဒုရဲမှူး ရဲဖြိုးနဲ့ အမှုစစ် ဒုရဲအုပ် အေးမိုး တို့ကလည်း ကျူးလွန်သူ လူမိုက် ဇိုးတွေဘက်ကနေ အကာအကွယ်ပေးနေတယ်လို့လည်း အိမ်ပိုင်ရှင် ရဲအရာရှိက ပြောဆိုထားပါတယ်။

လတ်တလောမှာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ကို အဆင့်ဆင့် တိုင်ကြားစာ ပေးပို့ခဲ့ပေမယ့် တစုံတရာ အရေးယူဆောင်ရွက်ပေးခြင်း မရှိတဲ့အတွက်ကြောင့် လူမှုကွန်ရက် TikTok ပေါ်ကနေ အကူအညီတောင်းခံရတာလို့လည်း အိမ်ပိုင်ရှင် ရဲအရာရှိက ပြောဆိုထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံး ရုပ်သံ ပြည်တွင်းသတင်း

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံး

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဓာတ်ဆီတန်းဆီနေတဲ့ ရုပ်သံကို TikTok ပေါ်တင်တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရ ပြည်တွင်းသတင်း

ဓာတ်ဆီတန်းဆီနေတဲ့ ရုပ်သံကို TikTok ပေါ်တင်တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ဓာတ်ဆီတန်းဆီဝယ်နေသူတွေကို ဗီဒီယိုရိုက်ကာ TikTok ပေါ်တင်ခဲ့တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ဆိုင်ကယ်စီးလာသူကို နားရင်းလှမ်းအုပ်တဲ့ ကျောင်းသားအဖွဲ့ ဓားနဲ့ ဆင်းထိုးခံရလို့ ၁ ဦး သေဆုံး ပြည်တွင်းသတင်း

ဆိုင်ကယ်စီးလာသူကို နားရင်းလှမ်းအုပ်တဲ့ ကျောင်းသားအဖွဲ့ ဓားနဲ့ ဆင်းထိုးခံရလို့ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ သပြေလှကျေးရွာ၊ (၇)လမ်းထိပ်က ထရန်စဖော်မာအနီးမှာ ကျောင်းသားချင်း ရန်ဖြစ်ရာက ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်