ရုပ်သံ
Daily NEWS
စက်တင်ဘာ ၁၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရန်ကုန်မှာ ပေါ်တာဆွဲတာတွေ ခပ်စိပ်စိပ် ဖြစ်ပေါ်နေပြီး ဖမ်းဆီးရောင်းစားခံရမှာကို စိုးရိမ်နေကြရ
စက်တင်ဘာ ၄
ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ ၅၇ လမ်းပေါ်ရှိ Hotel 57 အနီးမှာ လမ်းလျှောက်နေတဲ့ အမျိုးသား ၂ ဦးကို အရပ်ကားဖြူရောင်တစီးနဲ့ အရပ်သားပုံစံ ဝတ်ဆင်ထားတဲ့ လူ ၄ ဦးက ရုတ်တရက် ရောက်လာကာ လက်ထိပ်ခတ် ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
စက်တင်ဘာလ ၃ ရက် မနေ့က ညနေ ၆ နာရီခန့်က အမျိုးသား ၂ ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကားဟာ မဟာမန္ဓုလလမ်းဘက်ကို မောင်းနှင်ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူ အမျိုးသား ၂ ဦးအနက် တဦးဟာ အသက် ၂၀ ခန့်အရွယ်ဖြစ်ပြီး နောက်တဦးဟာ အသက် ၂၅ နှစ်ခန့် အရွယ်ဖြစ်တယ်လို့ သိရကာ ဖမ်းဆီးချိန် ဘေးပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီ တောင်းခံခဲ့တာကြောင့် ရိုက်နှက်ပြီး ကားပေါ်ဆွဲတင်သွားကြတာလို့ ဆိုပါတယ်။
ဒါ့အပြင် စက်တင်ဘာလ ၂ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ရုံလမ်းပေါ်ရှိ တော်ဝင်ပလာဇာအနီး၊ စူပါမားကတ်ရှေ့မှာ လူလတ်ပိုင်း အမျိုးသား ၂ ဦး လမ်းလျှောက်သွားလာနေစဉ် DV Van အမျိုးအစား အလုံပိတ်ကားတစီး ရောက်ရှိလာကာ အရပ်ဝတ်နဲ့ လူ ၃ ဦးက ဆင်းလာပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးတယ်လို့ သိရပါတယ်။
ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၂၈) စတင်ဖွင့်လှစ်တော့မှာ ဖြစ်တာကြောင့် ရန်ကုန်က မြို့နယ်အတော်များများမှာ အတင်းပေါ်တာဆွဲ ဖမ်းဆီးမှုတွေရှိနေပြီး အချို့မြို့နယ်တွေမှာလည်း မတရားဖမ်းဆီးချုပ်နှောင်ထားကာ စစ်မှုထမ်းအဖြစ် ပြန်ရောင်းစားတဲ့ ဖြစ်စဉ်တွေ ရှိနေတာကြောင့် ရန်ကုန်မြို့နေ ပြည်သူတွေကြား စိုးရိမ်းထိပ်လန့်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရုပ်သံ
Afternoon NEWS
အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့သတင်းများ…
ပြည်တွင်းသတင်း
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့…
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ