အရေးပေါ်
ပြည်တွင်းသတင်း

နေအိမ်ကို ဝင်ရောက်ဓားပြတိုက်ခဲ့တဲ့ ပျူစောထီးတွေ စကားပြောစက်တလုံး မေ့ကျန်နေခဲ့တယ်လို့ဆို

၂၀၂၆ စက်တင်ဘာ ၂၈ Myo Taw
နေအိမ်ကို ဝင်ရောက်ဓားပြတိုက်ခဲ့တဲ့ ပျူစောထီးတွေ စကားပြောစက်တလုံး မေ့ကျန်နေခဲ့တယ်လို့ဆို

နေအိမ်ကို ဝင်ရောက်ဓားပြတိုက်ခဲ့တဲ့ ပျူစောထီးတွေ စကားပြောစက်တလုံး မေ့ကျန်နေခဲ့တယ်လို့ဆို

စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံခုံကျေးရွာက နေအိမ်တလုံးကို ပျူစောထီးအဖွဲ့ဝင်တွေက ဓားပြတိုက် လုယက်သွားပြီးနောက် စကားပြောစက်တလုံး ကျန်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့ ညပိုင်းက သာစည်ကျေးရွာအုပ်စု အနောက်ဘက်ခြမ်း၊ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ရှိတဲ့ လက်ပံခုံကျေးရွာ ဘုန်းကြီးကျောင်းအနီးက နေအိမ်တလုံးကို မျက်နှာအဝတ်စည်းထားတဲ့ အရပ်ဝတ်နဲ့ လူ ၃ ဦး ရောက်ရှိလာခဲ့ပြီး သေနတ်နဲ့ထောက်ကာ ငွေကျပ် သိန်း ၂၀၀ ကျော် ဓားပြတိုက် လုယက်သွားတယ်လို့ သိရပါတယ်။

“သေနတ်တလက်ပါတယ်၊ အိမ်ရှင်ကို သေနတ်နဲ့ထောက်ပြီး လုသွားတာ။ သိန်း ၂၀၀ ကျော် ပါသွားတယ်လို့ ပြောတယ်။ လုပြီး တန်းထွက်သွားတာ၊ သူတို့ စကားပြောစက်တောင် မေ့ကျန်ခဲ့တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဓားပြတိုက်ပြီး ပြန်လည်ထွက်ခွာသွားချိန်မှာ ဓားပြတိုက်သွားသူတွေရဲ့ စကားပြောစက် ၁ လုံး အဆိုပါနေအိမ်မှာ မေ့ကျန်နေခဲ့တယ်လို့ သိရပါတယ်။

လုယက်ဓားပြတိုက်သူတွေဟာ လက်ပံခုံကျေးရွာရှိ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်က ပျူစောထီးတွေ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပြီး ကျန်ခဲ့တဲ့ စကားပြောစက်ဟာ အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့ဝင်တွေကိုင်တဲ့ အမျိုးအစားမျိုး ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား ပြည်တွင်းသတင်း

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို ပြည်တွင်းသတင်း

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ ပြည်တွင်းသတင်း

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…

ဖတ်ရန်