အရေးပေါ်
ပြည်တွင်းသတင်း

အဘိုးအဖွားတွေမရှိချိန် သူငယ်ချင်းတွေနဲ့ ငါးမျှားလိုက်ရာက အသက် ၆ နှစ်အရွယ် ကလေးငယ် ရေနစ်သေဆုံး

၂၀၂၆ စက်တင်ဘာ ၂၀ Myo Taw
အဘိုးအဖွားတွေမရှိချိန် သူငယ်ချင်းတွေနဲ့ ငါးမျှားလိုက်ရာက အသက် ၆ နှစ်အရွယ် ကလေးငယ် ရေနစ်သေဆုံး

အဘိုးအဖွားတွေမရှိချိန် သူငယ်ချင်းတွေနဲ့ ငါးမျှားလိုက်ရာက အသက် ၆ နှစ်အရွယ် ကလေးငယ် ရေနစ်သေဆုံး

စက်တင်ဘာ ၂၀

မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်၊ (၁၃)ဂိတ် ဂရမ်းမြဝတီ သောင်ရင်းမြစ်ထဲမှာ အဘိုးအဖွားတွေနဲ့ အတူနေတဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်တဦး ရေနစ်သေဆုံးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက အမှတ်(၅) ရပ်ကွက်၊ (၁၃)ဂိတ် ဂရမ်းမြဝတီ သောင်ရင်းမြစ်ထဲမှာ အသက် ၆ နှစ်အရွယ် မောင်ထက်ဝေကျော်ဟာ သူငယ်ချင်းဖြစ်သူတွေနဲ့ ငါးမျှားသွားရင်း ခြေချော်ကာ ရေနစ်သေဆုံးခဲ့တာလို့ သိရပါတယ်။

“ကလေးတွေ ဝဲဂရက်ထဲ ငါးမျှားသွားကြတာ။ ခုရေနစ်တဲ့ကလေးက သူ့မွေးပြီးကတည်းက မိဘတွေက ထိုင်းသွာမယ်ဆိုပြီး အဲ့ကတည်းက စွန့်ပစ်သွားတာ။ အဘိုးအဖွားတွေက မွေးထားတာ၊ သူတို့ကလည်း အသက်ကြီးပြီ၊ သူများအိမ်မှာ ငှားနေကြရတာ။ ခုလည်း အလုပ်သွားလုပ်နေချိန်မှာ ဖြစ်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူကလေးငယ်ရဲ့ အဖိုးအဘွားတွေဟာ ရေပူကျေးရွာဘက် နေ့စားအလုပ် သွားလုပ်နေချိန် ကလေးငယ်ကို အိမ်မှာတယောက်တည်း ထားခဲ့ရာက အခုလို ကလေးငယ်ရေနစ်သေဆုံးခဲ့တာဖြစ်ပြီး ကလေးတွေ ငါးသွားမျှားကြတာကို မိသားစုဝင်တွေက မသိကြဘူးလို့ ဆိုပါတယ်။

“ကလေးတွေ ၄ ယောက်သွားတာ၊ ထက်ဝေကျော် ရေနစ်တော့ ဝိုင်းကယ်ကြတယ်။ ဝဲဂရက်ဖြစ်နေတော့ နစ်လိုက်မြုပ်လိုက်နဲ့ နောက်ဆုံးမပေါ်တော့တာ။ ညနေမှာ အလောင်းပြန်ရတယ်” လို့ ဒေသခံတဦးက ထပ်မံပြောဆိုပါတယ်။

သေဆုံးကလေးငယ်ကို ကျေးရွာဓလေ့ထုံးတမ်းစဥ်လာအရ စက်တင်ဘာလ ၂၀ ရက်နေ့မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

နာရေးအိမ်ကပုခက်မှာ ဖုန်းသုံးနေချိန် နေရာဖယ်ခိုင်းရာက ဓားထိုးမှုဖြစ်ပြီး ဆယ်ကျော်သက် လူငယ်တဦးသေဆုံး ရုပ်သံ ပြည်တွင်းသတင်း

နာရေးအိမ်ကပုခက်မှာ ဖုန်းသုံးနေချိန် နေရာဖယ်ခိုင်းရာက ဓားထိုးမှုဖြစ်ပြီး ဆယ်ကျော်သက် လူငယ်တဦးသေဆုံး

နာရေးအိမ်ကပုခက်မှာ ဖုန်းထိုင်သုံးနေချိန် နေရာဖယ်ခိုင်းရာက ဓားထိုးမှုဖြစ်ပြီး ဆယ်ကျော်သက်အရွယ် လူငယ်တဦးသေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ကျောင်းသားတွေကို စစ်တပ်အတွက် အသုံးချဖို့ အခြေခံပညာကျောင်းတွေမှာ စစ်မှုထမ်းဥပဒေ စတင်သင်ကြားနေ ပြည်တွင်းသတင်း

ကျောင်းသားတွေကို စစ်တပ်အတွက် အသုံးချဖို့ အခြေခံပညာကျောင်းတွေမှာ စစ်မှုထမ်းဥပဒေ စတင်သင်ကြားနေ

အခြေခံပညာစာသင်ကျောင်းတွေမှာ စစ်မှုထမ်းဥပဒေ အပါအဝင် ဥပဒေ အသိပညာပေးမှုတွေကို စတင်သင်ကြားနေပြီ ဖြစ်တယ်လို့ နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်တဲ့ အာဏာသိမ်းအစိုးရ လက်အောက်ခံ တတိယအကြိမ်…

ဖတ်ရန်
ပျောက်သွားတဲ့ ဇနီးဖြစ်သူနဲ့သမီး ၂ ယောက်ကို စစ်တပ်စခန်းအနီးမှာ ရုပ်အလောင်းအဖြစ် ပြန်တွေ့ခဲ့တယ်လို့ဆို ရုပ်သံ Afternoon NEWS

ပျောက်သွားတဲ့ ဇနီးဖြစ်သူနဲ့သမီး ၂ ယောက်ကို စစ်တပ်စခန်းအနီးမှာ ရုပ်အလောင်းအဖြစ် ပြန်တွေ့ခဲ့တယ်လို့ဆို

ပျောက်သွားတဲ့ ဇနီးဖြစ်သူနဲ့ သမီး ၂ ယောက်ကို စစ်တပ်စခန်းအနီးမှာ ရုပ်အလောင်းအဖြစ် ပြန်တွေ့ခဲ့တယ်လို့ဆိုတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့သတင်းများ…

ကြည့်ရန်